Skip to main content
ျမန္မာ့ရုပ္ရွင္မ်ား ႏုိင္ငံျခားတြင္သြားေရာက္ျပသရံုႏွင့္ ႏုိင္ငံတကာထိုးေဖာက္ေနဟုေျပာမရေၾကာင္း ဒါရိုက္တာဏႀကီး သံုးသပ္
Ads Block

ျမန္မာ့ရုပ္ရွင္မ်ား ႏုိင္ငံျခားတြင္သြားေရာက္ျပသရံုႏွင့္ ႏုိင္ငံတကာထိုးေဖာက္ေနဟုေျပာမရေၾကာင္း ဒါရိုက္တာဏႀကီး သံုးသပ္

ျမန္မာႏုိင္ငံမွ ရုပ္ရွင္မ်ားကို ႏုိင္ငံျခားတြင္သြားေရာက္ျပသေနေသာ္လည္း ျမန္မာစကားမတတ္ေသာ ႏုိင္ငံျခားသားမ်ား လာၾကည့္ျခင္းမဟုတ္သျဖင့္ ႏုိင္ငံတကာထိုးေဖာက္ေနဟု ေျပာမရေၾကာင္း ဒါရိုက္တာဏႀကီးက သံုးသပ္ေျပာဆိုလုိက္သည္။ ရန္ကုန္ၿမိဳ႕ရွိ Sky Star Hotel ၌ ေမလ ၁၈ ရက္က က်င္းပသည့္ ျမန္မာ့႐ုပ္႐ွင္ ႏွစ္ (၁၀၀)ျပည့္ပြဲေတာ္ က်င္းပေရး ပထမအႀကိမ္ေတြ ့ဆုံအၾကံဥာဏ္ရယူျခင္းအခမ္းအနားတြင္ ယခုကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။ “ အမွန္တိုင္းေျပာရရင္ေတာ့ ကၽြန္ေတာ္တု႔ိေတြအရမ္းမေပ်ာ္ေစခ်င္ဘူး။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ ႏုိင္ငံတကာကို သြားျပတယ္။ စင္ကာပူတို႔၊ ဘန္ေကာက္တို႔ကိုသြားျပတယ္။ ဒါက ႏုိင္ငံျခားမွာေနတဲ့ ျမန္မာေတြ လာၾကည့္တာ။ ျမန္မာစကားမေျပာတတ္တဲ့ ႏိုင္ငံျခားသားေတြ လာၾကည့္တာမဟုတ္ေသးဘူး။ ဒါက ျမန္မာပရိသတ္ကိုပဲျပတာပဲ။ အဲ့ဒါေၾကာင့္ ႏိုင္ငံတကာသြားတာမဟုတ္ေသးဘူး။ ႏို္င္ငံတကာသြားတယ္ ဆုိတာက ႏုိင္ငံတစ္ႏုိင္ငံရဲ႕ Box Office မွာ တကယ္တရားဝင္ၿပီးေတာ့ တျခားႏိုင္ငံကသူေတြကပါ ျမန္မာရုပ္ရွင္ေတြဝင္ၾကည့္တယ္ဆိုမွ ဒါက ႏိုင္ငံတကာသြားတယ္လို႔ဆုိတာေပါ့” ဟု ဒါရိုက္တာ ဏႀကီးက ေျပာသည္။ ျမန္မာ့ရုပ္ရွင္ႏွစ္ (၁၀၀) ျပည့္ပဲြေတာ္ကို လာမည့္ ၂၀၂၀ ခုနစ္၊ ဧၿပီလတြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအေနျဖင့္ ရုပ္ရွင္အဆင့္အတန္းျမွင့္တင္ေရးအတြက္ ဌာနတစ္ခုအျဖစ္ ေျပာင္းလဲ ေဆာင္ရြက္ရန္ ျပင္ဆင္ေနေၾကာင္းလည္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ ့ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားထားေသးသည္။

- မ်ိဳးေကခုိင္(အကုန္သိသတင္းဌာန)

Unicode Version

မြန်မာနိုင်ငံမှ ရုပ်ရှင်များကို နိုင်ငံခြားတွင်သွားရောက်ပြသနေသော်လည်း မြန်မာစကားမတတ်သော နိုင်ငံခြားသားများ လာကြည့်ခြင်းမဟုတ်သဖြင့် နိုင်ငံတကာထိုးဖောက်နေဟု ပြောမရကြောင်း ဒါရိုက်တာဏကြီးက သုံးသပ်ပြောဆိုလိုက်သည်။
ရန်ကုန်မြို့ရှိ Sky Star Hotel ၌ မေလ ၁၈ ရက်က ကျင်းပသည့် မြန်မာ့ရုပ်ရှင် နှစ် (၁၀၀)ပြည့်ပွဲတော် ကျင်းပရေး ပထမအကြိမ်တွေ့ဆုံအကြံဉာဏ်ရယူခြင်းအခမ်းအနားတွင် ယခုကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။
“ အမှန်တိုင်းပြောရရင်တော့ ကျွန်တော်တု့ိတွေအရမ်းမပျော်စေချင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံတကာကို သွားပြတယ်။ စင်ကာပူတို့၊ ဘန်ကောက်တို့ကိုသွားပြတယ်။ ဒါက နိုင်ငံခြားမှာနေတဲ့ မြန်မာတွေ လာကြည့်တာ။ မြန်မာစကားမပြောတတ်တဲ့ နိုင်ငံခြားသားတွေ လာကြည့်တာမဟုတ်သေးဘူး။ ဒါက မြန်မာပရိသတ်ကိုပဲပြတာပဲ။ အဲ့ဒါကြောင့် နိုင်ငံတကာသွားတာမဟုတ်သေးဘူး။ နိုင်ငံတကာသွားတယ် ဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ Box Office မှာ တကယ်တရားဝင်ပြီးတော့ တခြားနိုင်ငံကသူတွေကပါ မြန်မာရုပ်ရှင်တွေဝင်ကြည့်တယ်ဆိုမှ ဒါက နိုင်ငံတကာသွားတယ်လို့ဆိုတာပေါ့” ဟု ဒါရိုက်တာ ဏကြီးက ပြောသည်။
မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့်ပွဲတော်ကို လာမည့် ၂၀၂၀ ခုနစ်၊ ဧပြီလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ရုပ်ရှင်အဆင့်အတန်းမြှင့်တင်ရေးအတွက် ဌာနတစ်ခုအဖြစ် ပြောင်းလဲ ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသေးသည်။

- မျိုးကေခိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။