Skip to main content
တိုင္းအစိုးရအေနျဖင့္ ရုပ္ရွင္အဆင့္အတန္းျမွင့္တင္ရန္ ဌာနတစ္ခုအျဖစ္ ေျပာင္းလဲေဆာင္ရြက္ေရး ျပင္ဆင္ေနဟု ဆို
Ads Block

တိုင္းအစိုးရအေနျဖင့္ ရုပ္ရွင္အဆင့္အတန္းျမွင့္တင္ရန္ ဌာနတစ္ခုအျဖစ္ ေျပာင္းလဲေဆာင္ရြက္ေရး ျပင္ဆင္ေနဟု ဆို

တိုင္းေဒသႀကီးအစိုးရအေနျဖင့္ ရုပ္ရွင္အဆင့္အတန္းျမွင့္တင္ေရးအတြက္ ဌာနတစ္ခုအျဖစ္ ေျပာင္းလဲ ေဆာင္ရြက္ရန္ ျပင္ဆင္ေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ ့ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာသည္။ ရန္ကုန္ၿမိဳ႕ရွိ Sky Star Hotel ၌ ေမလ ၁၈ ရက္က က်င္းပသည့္ ျမန္မာ့႐ုပ္႐ွင္ ႏွစ္ (၁၀၀)ျပည့္ပြဲေတာ္ က်င္းပေရး ပထမအႀကိမ္ေတြ ့ဆုံအၾကံဥာဏ္ရယူျခင္းအခမ္းအနားတြင္ ယခုကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။ “ ႐ုပ္႐ွင္ျမႇင့္တင္ေရးအတြက္ ယခုအေျခအေနမွာ မိမိတို႔ တိုင္းေဒသႀကီးအစိုးရရဲ႕ ဌာနတစ္ခုအျဖစ္နဲ႔ ေျပာင္းလဲ ေဆာင္ရြက္ဖို႔ ျပင္ဆင္သလို တစ္ဘက္ေနၿပီးေတာ့လည္း ႐ုပ္႐ွင္ျမင့္တင္ေရးဆိုသည့္ နာမည္ျဖင့္ ႐ုပ္႐ွင္ရံု ငွားစားၿပိီး ႐ုပ္ရွင္ရံုကရတဲ့ အခြန္ အတုတ္မ်ားျဖင့္တင္းတိမ္ေနမည္ မဟုတ္ေၾကာင္း၊ ထို႔ေၾကာင့္ အႏုပညာ ေလာကတြင္ ႐ွိေနသည့္သူမ်ားအားလံုးႏွင့္ ျပန္ၾကားေရးဝန္ႀကီးဌာနရဲ႕ ဦးစီးဦးေဆာင္ျပဳတဲ့ လမ္းၫြန္မႉမ်ား အေပၚ အေကာင္းဆံုး အေကာင္အထည္ေဖာ္ႏိုင္ဖို႔ အတြက္ ယခုႏွစ္တြင္ အေကာင္အထည္ ေဖာ္မည္ျဖစ္ပါတယ္” ဟု ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ ့ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာသည္။ ထို႔အျပင္ ျမန္မာ့ရုပ္ရွင္ ႏွစ္ ၁၀၀ ျပည့္အခမ္းအနားကို ျမန္မာတစ္ႏုိင္ငံလံုးတြင္ ၿခိမ့္ၿခိမ့္သဲသဲ က်င္းပေပးႏိုင္ေရး ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းလည္း ၄င္းက ဆက္ေျပာသည္။ ၿပီးခဲ့ေသာ အကယ္ဒမီဆုေပးပြဲတြင္ ပရိသတ္မ်ား ေမွ်ာ္မွန္းထားေသာ ဇာတ္ေဆာင္မ်ား၊ ၊ဇာတ္လမ္းမ်ားမွာ ဆုရရွိျခင္းမရွိသည့္အတြက္ ေ၀ဖန္မႈမ်ား ျဖစ္ေပၚခဲ့ေသးသည္။

- အကုန္သိသတင္းဌာန

Unicode Version

 

တိုင်းဒေသကြီးအစိုးရအနေဖြင့် ရုပ်ရှင်အဆင့်အတန်းမြှင့်တင်ရေးအတွက် ဌာနတစ်ခုအဖြစ် ပြောင်းလဲ ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်မြို့ရှိ Sky Star Hotel ၌ မေလ ၁၈ ရက်က ကျင်းပသည့် မြန်မာ့ရုပ်ရှင် နှစ် (၁၀၀)ပြည့်ပွဲတော် ကျင်းပရေး ပထမအကြိမ်တွေ့ဆုံအကြံဉာဏ်ရယူခြင်းအခမ်းအနားတွင် ယခုကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။
“ ရုပ်ရှင်မြှင့်တင်ရေးအတွက် ယခုအခြေအနေမှာ မိမိတို့ တိုင်းဒေသကြီးအစိုးရရဲ့ ဌာနတစ်ခုအဖြစ်နဲ့ ပြောင်းလဲ ဆောင်ရွက်ဖို့ ပြင်ဆင်သလို တစ်ဘက်နေပြီးတော့လည်း ရုပ်ရှင်မြင့်တင်ရေးဆိုသည့် နာမည်ဖြင့် ရုပ်ရှင်ရုံ ငှားစားပြီး ရုပ်ရှင်ရုံကရတဲ့ အခွန် အတုတ်များဖြင့်တင်းတိမ်နေမည် မဟုတ်ကြောင်း၊ ထို့ကြောင့် အနုပညာ လောကတွင် ရှိနေသည့်သူများအားလုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဦးစီးဦးဆောင်ပြုတဲ့ လမ်းညွန်မှူများ အပေါ် အကောင်းဆုံး အကောင်အထည်ဖော်နိုင်ဖို့ အတွက် ယခုနှစ်တွင် အကောင်အထည် ဖော်မည်ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ထို့အပြင် မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်အခမ်းအနားကို မြန်မာတစ်နိုင်ငံလုံးတွင် ခြိမ့်ခြိမ့်သဲသဲ ကျင်းပပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သော အကယ်ဒမီဆုပေးပွဲတွင် ပရိသတ်များ မျှော်မှန်းထားသော ဇာတ်ဆောင်များ၊ ၊ဇာတ်လမ်းများမှာ ဆုရရှိခြင်းမရှိသည့်အတွက် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သေးသည်။

- အကုန်သိသတင်းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။