Skip to main content
အမ်ိဳးသားတစ္ဦးက ၄င္း၏ရည္းစားကို အေနအထိုင္ဆင္ျခင္သင့္ေၾကာင္းေျပာရာမွစကားမ်ားၾကၿပီး တူျဖင့္ရိုက္သတ္
Ads Block

အမ်ိဳးသားတစ္ဦးက ၄င္း၏ရည္းစားကို အေနအထိုင္ဆင္ျခင္သင့္ေၾကာင္းေျပာရာမွစကားမ်ားၾကၿပီး တူျဖင့္ရိုက္သတ္

ေရႊျပည္သာၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦးက ၄င္း၏ရည္းစားျဖစ္သူအား အခန္းအတြင္းအျခားအမ်ိဳးသားႏွင့္ ေတြ႕ရွိခဲ့သျဖင့္ အေနအထိုင္ဆင္ျခင္သင့္ေၾကာင္းေျပာရာမွ စကားမ်ားရန္ျဖစ္ၿပီး တူျဖင့္ရိုက္သတ္ခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး၊ ေရႊျပည္သာၿမိဳ႕နယ္၊ အမွတ္(၂၇)ရပ္ကြက္၊ အလိုေတာ္ျပည့္၊ ေတာရြာေလးေက်းရြာေန တရားလိုေဒၚ…..သည္ ဧၿပီလ ၇ ရက္၊ နံနက္ ၇ နာရီခန္႔က ၎၏သမီးျဖစ္သူ မမာလာဦး(ခ)အားလီမွာ ေရႊျပည္သာၿမိဳ႕နယ္၊ အမွတ္(၂၁)ရပ္ကြက္၊ စက္မႈဇံုလမ္း၊ ဝါးတရာစက္မႈဇံု၊ အကြက္အမွတ္(၁၁) ေဆာက္လုပ္ဆဲ ZYZ အထည္ခ်ဳပ္စက္ရံုရွိ ၎ေနထိုင္သည့္အခန္းအတြင္း ေသဆံုးေနေၾကာင္းၾကားသိရသျဖင့္ သြားေရာက္ၾကည့္ရႈခဲ့ေၾကာင္း သိရသည္။
စစ္ေဆးခ်က္အရ မမာလာဦး(ခ)အားလီမွာ ၎၏အိပ္ခန္းအတြင္း ကုတင္ေဘးတမံတလင္းေပၚတြင္ ယာဘက္ ဦးေခါင္းခ်ိဳေစာင္းေပါက္ၿပဲဒဏ္ရာ ၁ ခ်က္ျဖင့္ ေသဆံုးေနသည္ကို ေတြ႕ရွိရေသာေၾကာင့္ တရားလိုျပဳလုပ္ တိုင္တန္းခ်က္အရ ေလွာ္ကားနယ္ေျမရဲစခန္းတြင္ (ပ)၄၂၆/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၂ ျဖင့္ အမႈဖြင့္ခဲ့ေၾကာင္း သိရသည္။
အမႈႏွင့္ပတ္သက္၍ ေသဆံုးသူ မမာလာဦး(ခ)အားလီကိုင္ေဆာင္အသံုးျပဳခဲ့သည့္ ဖုန္းနံပါတ္ 09-891XXXXကို ေနာက္ဆံုးေခၚဆိုခဲ့ေသာ ဖုန္းနံပါတ္ 09-422XXXXX ဖုန္းနံပါတ္ပိုင္ရွင္ကိုစံုစမ္းခဲ့ရာ ေရႊျပည္သာၿမိဳ႕နယ္၊ အမွတ္(၂၁)ရပ္ကြက္၊ ဝါးတရာစက္မႈဇံုပတ္လမ္းေန တင္ထြန္းေအာင္၏ လက္ကိုင္ဖုန္းျဖစ္ေၾကာင္း သိရွိရသျဖင့္ ေမလ ၁၇ ရက္၊ ေန႔လယ္ ၁၂ နာရီခြဲခန္႔တြင္ ထိုသူ၏ေနအိမ္သို႔ သြားေရာက္စစ္ေဆးခဲ့ေၾကာင္း သိရသည္။
တင္ထြန္းေအာင္သည္ ဧၿပီလ ၆ ရက္၊ ည ၁၀ နာရီခန္႔က ZYZ အထည္ခ်ဳပ္စက္ရံုအေဆာက္အဦး ေျမညီထပ္ ေလွကားအနီးရွိ သံပန္းဆိုင္ရာအလုပ္သမားမ်ား ညအိပ္သည့္ေနရာအနီးတြင္ ဇြဲႏိုင္(ခ)ေအာင္ပိုင္(ေသဆံုးသူ ၏ရည္းစား)တို႔ႏွင့္အတူ ဘီယာေသာက္ေနစဥ္ ဇြဲႏိုင္(ခ)ေအာင္ပိုင္မွ သူ၏ရည္းစားျဖစ္သူ မမာလာဦး(ခ)အား လီအား တင္ထြန္းေအာင္၏ဖုန္းျဖင့္ ငွားရမ္းေခၚဆိုခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ မမာလာဦး(ခ)အားလီ ေရာက္လာခ်ိန္တြင္ ဇြဲႏိုင္(ခ)ေအာင္ပိုင္ႏွင့္အတူ ယင္းအေဆာက္အဦေရွ႕သို႔ ထြက္သြားသည္ကိုေတြ႕ရွိခဲ့ၿပီး ည ၁၂ နာရီခန္႔၌ ဇြဲႏိုင္(ခ)ေအာင္ပိုင္သည္ သံပန္းအလုပ္သမားမ်ား ညအိပ္သည့္ ေနရာသို႔ ေရာက္ရွိလာၿပီး “ငါေတာ့ ျပႆနာတက္ၿပီ” ဟု ေျပာဆိုခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခ်က္အရ သိရသည္။
ထို႔ေနာက္ မသကၤာတရားခံ ဇြဲႏိုင္(ခ)ေအာင္ပိုင္အား ေမလ ၁၇ ရက္၊ ေန႔လယ္ ၂ နာရီ ၂၀ မိနစ္ခန္႔တြင္ မမာလာဦး(ခ)အားလီေသဆံုးခဲ့သည့္ ေဆာက္လုပ္ဆဲ ZYZ အထည္ခ်ဳပ္စက္ရံုေပၚမွ ဖမ္းဆီးရမိခဲ့၍ အေသးစိတ္တိုက္ဆိုင္စစ္ေဆးခဲ့ရာ ၎သည္ မမာလာဦး(ခ)အားလီ၏အခန္းသို႔ ဧၿပီလ ၆ ရက္၊ ည ၁၁ နာရီ ၅၀ မိနစ္ခန္႔က ေရာက္ရွိခဲ့ၿပီး အခန္းတြင္း၌ အျခားအမ်ဳိးသားတစ္ဦးႏွင့္အတူ ေတြ႕ရွိမႈႏွင့္ပတ္သက္၍ ယခုကဲ့သို႔ မျပဳလုပ္သင့္ေၾကာင္း၊ အေနအထိုင္ဆင္ျခင္သင့္ေၾကာင္း ေျပာဆိုခဲ့ရာ မမာလာဦး(ခ)အားလီမွ ၎အား ညစ္ညမ္းစြာဆဲေရးတိုင္းထြာၿပီး လက္ျဖင့္ရိုက္ခဲ့ျခင္း သိရသည္။
ယင္းအျပင္ မမာလာဦး(ခ)အားလီမွ အဝါေရာင္တူျဖင့္ ၎အား ရိုက္ႏွက္ခဲ့ျခင္းတို႔ေၾကာင့္ ၎မွ အဆိုပါတူကို ျပန္လည္လုယူၿပီး မမာလာဦး(ခ)အားလီ၏ဦးေခါင္းသို႔ (၄/၅)ခ်က္ခန္႔ ဆက္ရိုက္ခဲ့ရာ မမာလာဦး(ခ)အားလီ လဲက်ေသဆံုးသြားခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္ဟု သိရသည္။
စစ္ေဆးေပၚေပါက္ခ်က္အရ သက္ေသခံပစၥည္းမ်ားကို ျပန္လည္သိမ္းဆည္းၿပီး ဇြဲႏိုင္(ခ) ေအာင္ပိုင္ကို ဥပေဒႏွင့္အညီေဆာင္ရြက္ရန္ စီစဥ္ေနေၾကာင္း သိရသည္။


- ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန) | ဓာတ္ပုံ-Yangon Police

Unicode Version

 

ရွှေပြည်သာမြို့နယ်တွင် အမျိုးသားတစ်ဦးက ၎င်း၏ရည်းစားဖြစ်သူအား အခန်းအတွင်းအခြားအမျိုးသားနှင့် တွေ့ရှိခဲ့သဖြင့် အနေအထိုင်ဆင်ခြင်သင့်ကြောင်းပြောရာမှ စကားများရန်ဖြစ်ပြီး တူဖြင့်ရိုက်သတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၇)ရပ်ကွက်၊ အလိုတော်ပြည့်၊ တောရွာလေးကျေးရွာနေ တရားလိုဒေါ်…..သည် ဧပြီလ ၇ ရက်၊ နံနက် ၇ နာရီခန့်က ၎င်း၏သမီးဖြစ်သူ မမာလာဦး(ခ)အားလီမှာ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၁)ရပ်ကွက်၊ စက်မှုဇုံလမ်း၊ ဝါးတရာစက်မှုဇုံ၊ အကွက်အမှတ်(၁၁) ဆောက်လုပ်ဆဲ ZYZ အထည်ချုပ်စက်ရုံရှိ ၎င်းနေထိုင်သည့်အခန်းအတွင်း သေဆုံးနေကြောင်းကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်အရ မမာလာဦး(ခ)အားလီမှာ ၎င်း၏အိပ်ခန်းအတွင်း ကုတင်ဘေးတမံတလင်းပေါ်တွင် ယာဘက် ဦးခေါင်းချိုစောင်းပေါက်ပြဲဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသောကြောင့် တရားလိုပြုလုပ် တိုင်တန်းချက်အရ လှော်ကားနယ်မြေရဲစခန်းတွင် (ပ)၄၂၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
အမှုနှင့်ပတ်သက်၍ သေဆုံးသူ မမာလာဦး(ခ)အားလီကိုင်ဆောင်အသုံးပြုခဲ့သည့် ဖုန်းနံပါတ် 09-891XXXXကို နောက်ဆုံးခေါ်ဆိုခဲ့သော ဖုန်းနံပါတ် 09-422XXXXX ဖုန်းနံပါတ်ပိုင်ရှင်ကိုစုံစမ်းခဲ့ရာ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၁)ရပ်ကွက်၊ ဝါးတရာစက်မှုဇုံပတ်လမ်းနေ တင်ထွန်းအောင်၏ လက်ကိုင်ဖုန်းဖြစ်ကြောင်း သိရှိရသဖြင့် မေလ ၁၇ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်တွင် ထိုသူ၏နေအိမ်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
တင်ထွန်းအောင်သည် ဧပြီလ ၆ ရက်၊ ည ၁၀ နာရီခန့်က ZYZ အထည်ချုပ်စက်ရုံအဆောက်အဦး မြေညီထပ် လှေကားအနီးရှိ သံပန်းဆိုင်ရာအလုပ်သမားများ ညအိပ်သည့်နေရာအနီးတွင် ဇွဲနိုင်(ခ)အောင်ပိုင်(သေဆုံးသူ ၏ရည်းစား)တို့နှင့်အတူ ဘီယာသောက်နေစဉ် ဇွဲနိုင်(ခ)အောင်ပိုင်မှ သူ၏ရည်းစားဖြစ်သူ မမာလာဦး(ခ)အား လီအား တင်ထွန်းအောင်၏ဖုန်းဖြင့် ငှားရမ်းခေါ်ဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် မမာလာဦး(ခ)အားလီ ရောက်လာချိန်တွင် ဇွဲနိုင်(ခ)အောင်ပိုင်နှင့်အတူ ယင်းအဆောက်အဦရှေ့သို့ ထွက်သွားသည်ကိုတွေ့ရှိခဲ့ပြီး ည ၁၂ နာရီခန့်၌ ဇွဲနိုင်(ခ)အောင်ပိုင်သည် သံပန်းအလုပ်သမားများ ညအိပ်သည့် နေရာသို့ ရောက်ရှိလာပြီး “ငါတော့ ပြဿနာတက်ပြီ” ဟု ပြောဆိုခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ သိရသည်။
ထို့နောက် မသင်္ကာတရားခံ ဇွဲနိုင်(ခ)အောင်ပိုင်အား မေလ ၁၇ ရက်၊ နေ့လယ် ၂ နာရီ ၂၀ မိနစ်ခန့်တွင် မမာလာဦး(ခ)အားလီသေဆုံးခဲ့သည့် ဆောက်လုပ်ဆဲ ZYZ အထည်ချုပ်စက်ရုံပေါ်မှ ဖမ်းဆီးရမိခဲ့၍ အသေးစိတ်တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းသည် မမာလာဦး(ခ)အားလီ၏အခန်းသို့ ဧပြီလ ၆ ရက်၊ ည ၁၁ နာရီ ၅၀ မိနစ်ခန့်က ရောက်ရှိခဲ့ပြီး အခန်းတွင်း၌ အခြားအမျိုးသားတစ်ဦးနှင့်အတူ တွေ့ရှိမှုနှင့်ပတ်သက်၍ ယခုကဲ့သို့ မပြုလုပ်သင့်ကြောင်း၊ အနေအထိုင်ဆင်ခြင်သင့်ကြောင်း ပြောဆိုခဲ့ရာ မမာလာဦး(ခ)အားလီမှ ၎င်းအား ညစ်ညမ်းစွာဆဲရေးတိုင်းထွာပြီး လက်ဖြင့်ရိုက်ခဲ့ခြင်း သိရသည်။
ယင်းအပြင် မမာလာဦး(ခ)အားလီမှ အဝါရောင်တူဖြင့် ၎င်းအား ရိုက်နှက်ခဲ့ခြင်းတို့ကြောင့် ၎င်းမှ အဆိုပါတူကို ပြန်လည်လုယူပြီး မမာလာဦး(ခ)အားလီ၏ဦးခေါင်းသို့ (၄/၅)ချက်ခန့် ဆက်ရိုက်ခဲ့ရာ မမာလာဦး(ခ)အားလီ လဲကျသေဆုံးသွားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းပြီး ဇွဲနိုင်(ခ) အောင်ပိုင်ကို ဥပဒေနှင့်အညီဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။


- နိုင်မင်းလွင်(အကုန်သိ သတင်းဌာန) | ဓာတ်ပုံ-Yangon Police

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။