Skip to main content
ပြင်သစ်တိုက်လေယာဉ် ၇ စင်း အင်ဒိုနီးရှားမှာ အရေးပေါ် ဆင်းသက်
Ads Block
ပြင်သစ်တိုက်လေယာဉ် ၇ စင်း အင်ဒိုနီးရှားမှာ အရေးပေါ် ဆင်းသက်
အင်ဒိုနီးရှား ဝေဟင်ပိုင်နက် ပြင်ပမှာ လေ့ကျင့်မောင်းနှင်မှုလုပ်နေတဲ့ ယင်းလေယာဉ်တွေဟာ ဆူမာတြားကျွန်းရဲ့  အနောက်ဘက် ရေမိုင် ၁၀၀ အကွာရှိ ၄င်းတို့ ရဲ့  လေယာဉ်တင်သင်္ဘောဆီ အပြန်မှာ ရာသီဥတုဆိုးဝါးခဲ့တာကြောင့် အခုလို အရေးပေါ် ဆင်းခဲ့ရတာဖြစ်ကြောင်း အရစ်ဖ်က ပြောဆိုခဲ့ပါတယ်။  
တနင်္ဂနွေနေ့ မှာ အင်ဒိုနီးရှားလေတပ်က ယင်းလေယာဉ်တွေကို အဖွဲ့ စုံပါဝင်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ကြောင်း ၄င်းက ပြောဆိုခဲ့ပါတယ်။
Unicode Version
စစ်ရေးလေ့ကျင့်မှုတစ်ခုမှာ ပါဝင်ခဲ့တဲ့ ပြင်သစ် ရေတပ်မှ တိုက်လေယာဉ်တွေ ရာသီဥတု ဆိုးဝါးတာကြောင့် အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းမှာ အရေးပေါ် ဆင်းသက်လိုက်ရကြောင်း သိရပါတယ်။
စနေနေ့က Dassault Rafale တိုက်လေယာဉ် ၇ စင်းရဲ့ လေယာဉ်မှူးတွေဟာ အာချေးပြည်နယ် Sultan Iskandar Mudar လေတပ် အခြေစိုက်စခန်းသို့ လုံခြုံဘေးကင်းစွာ ဆင်းသက်ခဲ့ကြောင်း ဒေသဆိုင်ရာ လေတပ်အခြေစိုက်စခန်းရဲ့ တပ်မှူး ဗိုလ်မှူးကြီး ဟန်ဒရို အာရစ်ဖ်က တနင်္ဂနွေနေ့(မေ ၁၉) မှာ ပြောဆိုခဲ့ပါတယ်။ ယင်း တိုက်လေယာဉ်တွေဟာ ၎င်းတို့ရဲ့ အိန္ဒိယ သမုဒ္ဒရာရှိ ချားစ်ဒီဂူးလ် လေယာဉ်တင် သင်္ဘောကနေ ပျံတက်ခဲ့အပြီး မိနစ် ၉၀ အကြာမှာ အရေးပေါ် ဆင်းသက်ခဲ့ရတာဖြစ်ပါတယ်။
အင်ဒိုနီးရှား ဝေဟင်ပိုင်နက် ပြင်ပမှာ လေ့ကျင့်မောင်းနှင်မှုလုပ်နေတဲ့ ယင်းလေယာဉ်တွေဟာ ဆူမာတြားကျွန်းရဲ့ အနောက်ဘက် ရေမိုင် ၁၀၀ အကွာရှိ ၎င်းတို့ရဲ့ လေယာဉ်တင်သင်္ဘောဆီ အပြန်မှာ ရာသီဥတုဆိုးဝါးခဲ့တာကြောင့် အခုလို အရေးပေါ် ဆင်းခဲ့ရတာဖြစ်ကြောင်း အရစ်ဖ်က ပြောဆိုခဲ့ပါတယ်။  
တနင်္ဂနွေနေ့မှာ အင်ဒိုနီးရှားလေတပ်က ယင်းလေယာဉ်တွေကို အဖွဲ့စုံပါဝင်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောဆိုခဲ့ပါတယ်။
- ကိုလင်း(အကုန်သိ သတင်းဌာန) | Ref : ဘန်ကောက်ပို့စ်
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။