Skip to main content
  တိတ်တိတ်ဆိတ်ဆိတ် လိုက်ပါလိုတဲ့ ခရီးသည်တွေအတွက် Uber က option သစ် မိတ်ဆက် [Click and drag to move] 
Ads Block

တိတ်တိတ်ဆိတ်ဆိတ် လိုက်ပါလိုတဲ့ ခရီးသည်တွေအတွက် Uber က option သစ် မိတ်ဆက်


  တိတ်တိတ်ဆိတ်ဆိတ် လိုက်ပါလိုတဲ့ ခရီးသည်တွေအတွက် Uber က option သစ် မိတ်ဆက် [Click and drag to move] 

ယင်း option ဟာ luxury Uber Black ၀န်ဆောင်မှုကို အသုံးပြုတဲ့ခရီးသည်များအတွက်သာဖြစ်ပြီး ၄င်းအတွက် အပိုကုန်ကျငွေကိုတော့ ခရီးသည်တွေဘက်ကသာကျခံရမှာဖြစ်ပါတယ်။ ယဉ်မောင်းသူက စကားတွေဖောင်ဖွဲ့ပြောလာတဲ့အခါမှာ ၄င်း option ကနေပြီး ယာဉ်မောင်းသူကို onlineပေါ်ကနေတိုက်ရိုက် ကျင့်ဝတ်ဆိုင်ရာတွေကို သတိပေးပြောကြားမှာဖြစ်ပါတယ်။


Unicode Version

 

အလ္လာပသလ္လာပတွေပြောတတ်တဲ့ ယာဉ်မောင်းများကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတဲ့ခရီးသည်များအတွက် Uber ကနေပြီး ရွေးချယ်စရာ “quiet preffered” option ကို မိတ်ဆက်ခဲ့ပါတယ်။
ယင်း option ဟာ luxury Uber Black ဝန်ဆောင်မှုကို အသုံးပြုတဲ့ခရီးသည်များအတွက်သာဖြစ်ပြီး ၎င်းအတွက် အပိုကုန်ကျငွေကိုတော့ ခရီးသည်တွေဘက်ကသာကျခံရမှာဖြစ်ပါတယ်။ ယဉ်မောင်းသူက စကားတွေဖောင်ဖွဲ့ပြောလာတဲ့အခါမှာ ၎င်း option ကနေပြီး ယာဉ်မောင်းသူကို onlineပေါ်ကနေတိုက်ရိုက် ကျင့်ဝတ်ဆိုင်ရာတွေကို သတိပေးပြောကြားမှာဖြစ်ပါတယ်။
ယာဉ်မောင်းသူတစ်ယောက်က သူခရီးသည်တွေနဲ့ စကားမပြောပဲနေရတာ ပိုပြီးနှစ်သက်တယ်လို့ပြောထားပေမယ့်လည်း ၈၀%သောခရီးသည်တွေကတော့ တစ်ချို့ယာဉ်မောင်းတွေကို တိတ်တိတ်ဆိတ်ဆိတ်လေးနေဖို့ပြောတာတောင် မထီမဲ့မြင်တုံ့ပြန်မှုတွေရှိနေတာကြောင့် တစ်ခါတစ်လေ တစ်ယောက်တည်းခရီးသွားရတဲ့အခါမျိုးတွေမှာ အဲဒီအပြုအမူတွေဟာ ခြိမ်းခြောက်မှုတွေလိုဖြစ်နေတယ်လို့ တွစ်တာမှာရေးသားထားကြပါတယ်။ Uber ယာဉ်မောင်းသူတစ်ချို့ကတော အမှန်တော့ ဒီoption က သိပ်တော့မလိုအပ်ပါဘူး တစ်ခါတစ်လေ လူမှုဆက်ဆံရေးအရ နှုတ်ဆက်လိုက်တာမျိုးတွေရှိပြီး ဒါကိုမနှစ်သက်လို့ တစ်ချို့ခရီးသည်တွေက ယဉ်ယဉ်ကျေးကျေးငြင်းပယ်ကြသလို တစ်ချို့ရိုင်းရိုင်းစိုင်းစိုင်းပြန်ပြောတာမျိုးတွေနဲ့ကြုံရတာတွေတော့ ရှိတာပေါ့လို့ ဆိုခဲ့ပါတယ်။

-မေ(အကုန်သိ သတင်းဌာန) |  Ref : BBC

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။