Skip to main content
အျပင္းဖ်ားကာ စုိးရိမ္ရတဲ့ အေျခအေနျဖစ္ေနတဲ့ ထုိင္း ေတာတြင္းတစ္ေနရာမွ ကရင္တုိင္းရင္းသားတစ္ဦးကုိ ရဟတ္ယာဥ္ျဖင့္ ေဆးရုံသုိ ့ သယ္ေဆာင္ေပးခဲ့
Ads Block

အျပင္းဖ်ားကာ စုိးရိမ္ရတဲ့ အေျခအေနျဖစ္ေနတဲ့ ထုိင္း ေတာတြင္းတစ္ေနရာမွ ကရင္တုိင္းရင္းသားတစ္ဦးကုိ ရဟတ္ယာဥ္ျဖင့္ ေဆးရုံသုိ ့ သယ္ေဆာင္ေပးခဲ့

ထုိင္းႏုိင္ငံ ကန္ခ်နာဘူရီျပည္နယ္ ေတာတြင္းရွိ ေ၀းလံသီေခါင္တဲ့ တဲအိမ္တစ္လုံးမွာ ေနထုိင္တဲ့ ကရင္တုိင္းရင္းသားတစ္ဦး အသက္အႏၱရာယ္ စုိးရိမ္ရတဲ့ အျပင္းဖ်ားနာမႈျဖစ္ေနခဲ့တာေၾကာင့္ ရဟတ္ယာဥ္ျဖင့္ တင္ေဆာင္ကာ ေဆာင္ခလာဘူရီ ေဆးရုံကို ပုိ ့ၿပီး အေရးေပၚ ကုသေပးခဲ့ရေၾကာင္း သိရပါတယ္။
ေသာင္ယုိင္ နာရီဆန္ေဘးမဲ့ေတာနက္ထဲရွိ လူနာရဲ ့ တဲအိမ္ဆီကုိ ေဆာင္ခလာဘူရီေဆးရုံ ဒါရုိက္တာ ေဒါက္တာ ခရစၥဒါ ၀ပ္သီယာကြန္နဲ ့ ၄င္းရဲ ့ ေဆးအဖြဲ ့တုိ ့ ေတာတြင္းလမ္းအတုိင္း ကားနဲ ့သြားၾကည့္ခဲ့ၾကပါတယ္။ ၄င္းတုိ ့ေတြ ေရာက္ခ်ိန္မွာ Mong Oui အမည္ရ အသက္ ၄၃ ႏွစ္အရြယ္ လူနာဟာ စုိးရိမ္ရတဲ့ အေျခအေနရွိေနေၾကာင္း ေတြ ့ခဲ့ရပါတယ္။ Thai PBS သတင္းဌာနရဲ ့ေဖာ္ျပမႈအရ လုိင္၀ုိးၿမိဳ ့နယ္ အမွတ္ ၄ ေက်းရြာသုိ ့ ထုိင္းဘုရင့္ သမီးေတာ္ မင္းသမီးတစ္ပါးျဖစ္တဲ့ Bajrakitiyabha အလည္အပတ္ခရီးအတြက္ ျပင္ဆင္မႈေတြလုပ္ေနတဲ့ ေဆးဘက္ဆုိင္ရာအဖြဲ ့ဟာ ရြာလူႀကီးရဲ ့ အေၾကာင္းၾကားခ်က္အရ အသည္းအသန္လူနာသတင္းကုိ သိရွိခဲ့ၾကပါတယ္။ လူနာကုိ ကားနဲ ့ေခၚရင္ လမ္းခရီးရွည္လြန္းတာေၾကာင့္ အသက္ အသက္ အႏၱရာယ္ရွိတဲ့အတြက္ အမွတ္ ၁၃၄ နယ္ျခားေစာင့္ရဲတပ္ဖြဲ ့ တပ္မွဴး ရဲမွဴးႀကီး ၀ါရာကြန္း ၀စ္တာယာဘမ္မေရာင္ကုိ ရဟတ္ယာဥ္တစ္စီး စီစဥ္ေပးဖုိ ့ ေဒါက္တာက အကူအညီေတာင္းခဲ့ပါတယ္။
သူနာျပဳေတြလုိက္ပါလာတဲ့ ရဟတ္ယာဥ္ေပၚ Mong Oui ကုိ တင္ေဆာင္ကာ အေရးေပၚ ကုသမႈေပးဖုိ ့အတြက္ ေဆးရုံကုိ သယ္ေဆာင္ေပးခဲ့ေၾကာင္း သိရပါတယ္။ မင္းသမီးရဲ ့ ယင္း ေဒသတြင္း ခရီးစဥ္ေၾကာင့္ လူနာအတြက္ ရဟတ္ယာဥ္ အဆင္ေျပသြားခဲ့တာျဖစ္ေၾကာင္း သတင္းမွာ ေဖာ္ျပခဲ့ပါတယ္။

-ကုိလင္း(အကုန္သိ သတင္းဌာန) Ref : ဘန္ေကာက္ပုိ ့စ္

Unicode Version

 

ထိုင်းနိုင်ငံ ကန်ချနာဘူရီပြည်နယ် တောတွင်းရှိ ဝေးလံသီခေါင်တဲ့ တဲအိမ်တစ်လုံးမှာ နေထိုင်တဲ့ ကရင်တိုင်းရင်းသားတစ်ဦး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အပြင်းဖျားနာမှုဖြစ်နေခဲ့တာကြောင့် ရဟတ်ယာဉ်ဖြင့် တင်ဆောင်ကာ ဆောင်ခလာဘူရီ ဆေးရုံကို ပို့ပြီး အရေးပေါ် ကုသပေးခဲ့ရကြောင်း သိရပါတယ်။
သောင်ယိုင် နာရီဆန်ဘေးမဲ့တောနက်ထဲရှိ လူနာရဲ့ တဲအိမ်ဆီကို ဆောင်ခလာဘူရီဆေးရုံ ဒါရိုက်တာ ဒေါက်တာ ခရစ္စဒါ ဝပ်သီယာကွန်နဲ့ ၎င်းရဲ့ ဆေးအဖွဲ့တို့ တောတွင်းလမ်းအတိုင်း ကားနဲ့သွားကြည့်ခဲ့ကြပါတယ်။ ၎င်းတို့တွေ ရောက်ချိန်မှာ Mong Oui အမည်ရ အသက် ၄၃ နှစ်အရွယ် လူနာဟာ စိုးရိမ်ရတဲ့ အခြေအနေရှိနေကြောင်း တွေ့ခဲ့ရပါတယ်။ Thai PBS သတင်းဌာနရဲ့ဖော်ပြမှုအရ လိုင်ဝိုးမြို့နယ် အမှတ် ၄ ကျေးရွာသို့ ထိုင်းဘုရင့် သမီးတော် မင်းသမီးတစ်ပါးဖြစ်တဲ့ Bajrakitiyabha အလည်အပတ်ခရီးအတွက် ပြင်ဆင်မှုတွေလုပ်နေတဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့ဟာ ရွာလူကြီးရဲ့ အကြောင်းကြားချက်အရ အသည်းအသန်လူနာသတင်းကို သိရှိခဲ့ကြပါတယ်။ လူနာကို ကားနဲ့ခေါ်ရင် လမ်းခရီးရှည်လွန်းတာကြောင့် အသက် အသက် အန္တရာယ်ရှိတဲ့အတွက် အမှတ် ၁၃၄ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်မှူး ရဲမှူးကြီး ဝါရာကွန်း ဝစ်တာယာဘမ်မရောင်ကို ရဟတ်ယာဉ်တစ်စီး စီစဉ်ပေးဖို့ ဒေါက်တာက အကူအညီတောင်းခဲ့ပါတယ်။
သူနာပြုတွေလိုက်ပါလာတဲ့ ရဟတ်ယာဉ်ပေါ် Mong Oui ကို တင်ဆောင်ကာ အရေးပေါ် ကုသမှုပေးဖို့အတွက် ဆေးရုံကို သယ်ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။ မင်းသမီးရဲ့ ယင်း ဒေသတွင်း ခရီးစဉ်ကြောင့် လူနာအတွက် ရဟတ်ယာဉ် အဆင်ပြေသွားခဲ့တာဖြစ်ကြောင်း သတင်းမှာ ဖော်ပြခဲ့ပါတယ်။

-ကိုလင်း(အကုန်သိ သတင်းဌာန) | Ref : ဘန်ကောက်ပို့စ်

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။