Skip to main content
“ငါေခါင္းမူးေနလို႔ နင့္ရဲ႕ကာမကိုယူခ်င္တယ္” ဆိုကာ အဓမၼျပဳက်င့္ရန္ႀကံစည္သူအမ်ိဳးသား ဖမ္းဆီးအမႈဖြင့္ခံရ
Ads Block

“ငါေခါင္းမူးေနလို႔ နင့္ရဲ႕ကာမကိုယူခ်င္တယ္” ဆိုကာ အဓမၼျပဳက်င့္ရန္ႀကံစည္သူအမ်ိဳးသား ဖမ္းဆီးအမႈဖြင့္ခံရ

ရန္ကုန္ၿမိဳ႕၊ လိႈင္သာယာၿမိဳ႕နယ္၌ အမ်ိဳးသားတစ္ဦးက တစ္ရပ္ကြက္တည္းေန အမ်ိဳးသမီးအား အဓမၼျပဳက်င့္ရန္ ၾကံစည္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ လိႈင္သာယာၿမိဳ႕နယ္၊ ၁၃ ရပ္ကြက္ရွိႏွစ္ထပ္ေဆာင္၌ေနထိုင္ေသာ အသက္ ၂၀ ႏွစ္အရြယ္ရွိ ေက်ာင္းသူအမ်ိဳးသမီးသည္ ေမလ ၁၉ ရက္၊ ယေန႔နံနက္ပိုင္း၌ ေသာင္ႀကီးနယ္ေျမရဲစခန္းသို႔ ေရာက္ရွိလာၿပီး တစ္ရပ္ကြက္တည္းေန ရင္းႏွီးခင္မင္သူျဖစ္ေသာ ေအာင္ထြန္းေလး၊ (၂၉)ႏွစ္က ၎ကိုအလိုမတူဘဲ အတင္းအဓမၼျပဳက်င့္ရန္ႀကံစည္ေသာေၾကာင့္ အေရးယူေပးရန္တရားလိုျပဳလုပ္တိုင္ၾကားခဲ့ျခင္းျဖစ္သည္။
ျပစ္မႈက်ဴးလြန္ေသာ ေအာင္ထြန္းေလးဆိုသူမွာ ၃ ဘီးဆိုင္ကယ္ေမာင္းသူျဖစ္ၿပီး တရားလိုႏွင့္အိမ္နီးခ်င္း ရင္းႏွီးခင္မင္သူမ်ားျဖစ္ေၾကာင္း တိုင္ၾကားခ်က္အရသိရသည္။
တရားလိုသည္ ေမလ ၁၈ ရက္၊ ယမန္ေန႔ညေန ၃ နာရီတြင္ အေဆာင္ေအာက္ထပ္တြင္ရွိ အုတ္ကန္၌ အ၀တ္ေလွ်ာ္ေနစဥ္ ေအာင္ထြန္းေလးေရာက္ရွိလာၿပီး “ငါအေရးႀကီးကိစၥရွိလို႔ အခန္းထဲလိုက္ခဲ့ဦး”ဟု ေျပာဆိုသျဖင့္ လိုက္သြားခဲ့ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။
အခန္းအတြင္းသို႔ေရာက္ရွိစဥ္ ေအာင္ထြန္းေလးကတံခါးကိုပိတ္၍ “ငါေခါင္းမူးေနလို႔ နင့္ရဲ႕ကာမကိုယူခ်င္တယ္” ဟု ေျပာဆိုၿပီးတြန္းလဲွကာအတင္းအဓမၼျပဳက်င့္ရန္ႀကိဳးစားစဥ္ တရားလိုမွလက္မခံဘဲ ရုန္းထြက္၍ ထြက္ေျပးလြတ္ေျမာက္သြားခဲ့ေၾကာင္း၊ သို႔ေသာ္မေက်နပ္သျဖင့္ အဆိုပါျဖစ္စဥ္အတြက္ အေရးယူေပးပါရန္ တိုင္ၾကားျခင္းျဖစ္ေၾကာင္း တရားလို၏ထြက္ဆိုခ်က္အရ သိရသည္။
ထို႔ေၾကာင့္ ျပစ္မႈက်ဴးလြန္ေသာ ေအာင္ထြန္းေလး(၂၉)ႏွစ္ကို ဖမ္းဆီးၿပီး အဓမၼျပဳက်င့္ရန္ ႀကံစည္အားထုတ္မႈပုဒ္မ- ၃၇၆/၅၁၁ ျဖင့္ လိႈင္သာယာၿမိဳ႕နယ္၊ ေသာင္ႀကီးနယ္ေျမရဲစခန္း၌ အမႈဖြင့္လွစ္ထားေၾကာင္း သတင္းရရွိသည္။


- ဒါးဇ(အကုန္သိသတင္းဌာန) | Source – TinNaingTun(HlaingTarYar)

Unicode Version

 

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၌ အမျိုးသားတစ်ဦးက တစ်ရပ်ကွက်တည်းနေ အမျိုးသမီးအား အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ်၊ ၁၃ ရပ်ကွက်ရှိနှစ်ထပ်ဆောင်၌နေထိုင်သော အသက် ၂၀ နှစ်အရွယ်ရှိ ကျောင်းသူအမျိုးသမီးသည် မေလ ၁၉ ရက်၊ ယနေ့နံနက်ပိုင်း၌ သောင်ကြီးနယ်မြေရဲစခန်းသို့ ရောက်ရှိလာပြီး တစ်ရပ်ကွက်တည်းနေ ရင်းနှီးခင်မင်သူဖြစ်သော အောင်ထွန်းလေး၊ (၂၉)နှစ်က ၎င်းကိုအလိုမတူဘဲ အတင်းအဓမ္မပြုကျင့်ရန်ကြံစည်သောကြောင့် အရေးယူပေးရန်တရားလိုပြုလုပ်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ပြစ်မှုကျူးလွန်သော အောင်ထွန်းလေးဆိုသူမှာ ၃ ဘီးဆိုင်ကယ်မောင်းသူဖြစ်ပြီး တရားလိုနှင့်အိမ်နီးချင်း ရင်းနှီးခင်မင်သူများဖြစ်ကြောင်း တိုင်ကြားချက်အရသိရသည်။
တရားလိုသည် မေလ ၁၈ ရက်၊ ယမန်နေ့ညနေ ၃ နာရီတွင် အဆောင်အောက်ထပ်တွင်ရှိ အုတ်ကန်၌ အဝတ်လျှော်နေစဉ် အောင်ထွန်းလေးရောက်ရှိလာပြီး “ငါအရေးကြီးကိစ္စရှိလို့ အခန်းထဲလိုက်ခဲ့ဦး”ဟု ပြောဆိုသဖြင့် လိုက်သွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
အခန်းအတွင်းသို့ရောက်ရှိစဉ် အောင်ထွန်းလေးကတံခါးကိုပိတ်၍ “ငါခေါင်းမူးနေလို့ နင့်ရဲ့ကာမကိုယူချင်တယ်” ဟု ပြောဆိုပြီးတွန်းလဲှကာအတင်းအဓမ္မပြုကျင့်ရန်ကြိုးစားစဉ် တရားလိုမှလက်မခံဘဲ ရုန်းထွက်၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း၊ သို့သော်မကျေနပ်သဖြင့် အဆိုပါဖြစ်စဉ်အတွက် အရေးယူပေးပါရန် တိုင်ကြားခြင်းဖြစ်ကြောင်း တရားလို၏ထွက်ဆိုချက်အရ သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သော အောင်ထွန်းလေး(၂၉)နှစ်ကို ဖမ်းဆီးပြီး အဓမ္မပြုကျင့်ရန် ကြံစည်အားထုတ်မှုပုဒ်မ- ၃၇၆/၅၁၁ ဖြင့် လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်း၌ အမှုဖွင့်လှစ်ထားကြောင်း သတင်းရရှိသည်။


- ဒါးဇ(အကုန်သိသတင်းဌာန) | Source – TinNaingTun(HlaingTarYar)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။