Skip to main content
ဖုန္းႏွင့္ဆက္စပ္ပစၥည္းမ်ား၀ယ္ယူရာ၌ အခြန္ေပးသြင္းရမည့္အေပၚ တံု႔ျပန္မႈအေျခအေနကိုမေျပာႏိုင္ေသးဟု ဆို
Ads Block

ဖုန္းႏွင့္ဆက္စပ္ပစၥည္းမ်ား၀ယ္ယူရာ၌ အခြန္ေပးသြင္းရမည့္အေပၚ တံု႔ျပန္မႈအေျခအေနကိုမေျပာႏိုင္ေသးဟု ဆို

ဖုန္းႏွင့္ဆက္စပ္ပစၥည္းမ်ားကို ၀ယ္ယူသူမ်ားအေနျဖင့္ အခြန္ ၅ ရာခိုင္ႏႈန္းေပးေဆာင္ရမည့္အေပၚ တံု႔ျပန္မႈကို မေျပာႏိုင္ေသးေၾကာင္း ျပန္ၾကားေရးအဖြဲ႔ ၊ျပည္တြင္းအခြန္မ်ားဦးစီးဌာန(ေနျပည္ေတာ္ )မွ ဒုတိယၫြန္ၾကားေရးမႉး ေဒၚေဆြေဆြခိုင္က ဆိုသည္။
လာမည့္ ဇြန္လ ၁ ရက္တြင္ စတင္ေကာက္ခံမည့္လက္ကိုင္ဖုန္းဟန္းဆက္ (Handset) ႏွင့္ ဆက္စပ္ပစၥည္းမ်ားအတြက္ အခြန္အမွတ္တံဆိပ္ေခါင္းမ်ားကို ယခု ၂၀၁၉ ခုႏွစ္၊ ေမလပထမအပတ္တြင္ စတင္ထုတ္ေပးေနၿပီျဖစ္ေၾကာင္း သိရသည္။
“ေနျပည္ေတာ္႐ုံးခ်ဳပ္မွာ အခြန္အမွတ္တံဆိပ္ေခါင္းေတြ လာထုတ္ေနၾကပါၿပီ။ဘယ္ေလာက္ထုတ္ၿပီးၿပီ ဘယ္ေလာက္လိုမလဲ ၊ ပိုမလဲ ဆိုတာကေတာ့ လကုန္ေလာက္မွသိရမယ္။ အခြန္ေကာက္တာလည္း မစေသးဘူးဆိုေတာ့ ဘယ္လိုတံု႔ျပန္မႈ႐ွိမလဲဆိုတာ မေျပာႏိုင္ေသးပါဘူး။ အခုေတာ့ အားလုံး လာထုတ္ေနၾကဆဲျဖစ္တယ္”ဟု ျပန္ၾကားေရးအဖြဲ႔ ၊ျပည္တြင္းအခြန္မ်ားဦးစီးဌာန (ေနျပည္ေတာ္ )မွ ဒုတိယၫြန္ၾကားေရးမႉး ေဒၚေဆြေဆြခိုင္က ေျပာသည္။
ဖုန္းဟန္းဆက္ႏွင့္ဖုန္းအပိုပစၥည္းေရာင္းခ်ရာ၌ ဝယ္ယူသူမ်ားထံမွ ကုန္သြယ္လုပ္ငန္းခြန္ ၅ ရာခိုင္ႏူန္း ေကာက္ခံျခင္းႏွင့္ပတ္သက္ၿပီး ျပည္သူမ်ားသိ႐ွိနားလည္ေစရန္ ပညာေပးလုပ္ငန္းႏွင့္ေတြ႔ဆုံေဆြးေႏြးပြဲမ်ားကို တစ္ႏိုင္ငံလုံးအတိုင္းအတာျပဳလုပ္ခဲ့ၿပီးျဖစ္ေၾကာင္းလည္း သိရသည္။
အခြန္စတင္ေကာက္ခံရာတြင္လည္း ဆိုင္မ်ားအေနျဖင့္ ဝယ္ယူသူထံမွ က်သင့္ေငြအခြန္ေကာက္ခံၿပီး ေျပစာေပၚတြင္အခြန္အမွတ္တံဆိပ္ကပ္မေပးသည့္ ဆိုင္မ်ား႐ွိပါက နီးစပ္ရာအခြန္မ်ားဦးစီးဌာနသို႔ တိုင္ၾကားေပးေစလိုေၾကာင္း၊ တိုင္ၾကားလာပါက ထိထိေရာက္ေရာက္ အေရးယူသြားမည္ျဖစ္ေၾကာင္းသိရသည္။
ကုန္သြယ္လုပ္ငန္းခြန္ စည္းမ်ဥ္းမ်ား၏ စည္းမ်ဥ္း ၄၀၊ စည္းမ်ဥ္းခြဲ(က)၊ စည္းမ်ဥ္းခြဲငယ္ (၃)မွာ အခြန္အမွတ္တံဆိပ္ကပ္ႏွိပ္ထားသည့္ ေျပစာႏွင့္ ေရာင္းရေငြ (သို႔ မဟုတ္) ဝန္ေဆာင္မႈရေငြနွင့္အတူ က်သင့္အခြန္ကို ကုန္စည္ဝယ္ယူသူထံမွ တစ္ပါတည္း ေကာက္ခံရမည္ဟု ျပ႒ာန္းထားေၾကာင္းသိရသည္။
ထို႔ေၾကာင့္ ျပ႒ာန္းခ်က္ႏွင့္အညီ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ကုန္သြယ္လုပ္ငန္းခြန္ စည္းမ်ဥ္းမ်ား၏ စည္းမ်ဥ္း ၄၀၊ စည္းမ်ဥ္းခြဲ (ခ) ပါ လုပ္ပိုင္ခြင့္ကို က်င့္သုံးၿပီး လက္ကိုင္ဖုန္းဟန္းဆက္ (Handset)ႏွင့္ ဆက္စပ္ပစၥည္းမ်ား ေရာင္းခ်ရာ၌ ပစၥည္းတန္ဖိုးနွင့္အတူ က်သင့္ကုန္သြယ္လုပ္ငန္းခြန္ကို အခြန္အမွတ္တံဆိပ္ကပ္ႏွိပ္ထားသည့္ ေျပစာႏွင့္ ေရာင္းခ်ျခင္းဆိုင္ရာ နည္းလမ္းမ်ားလည္းထုတ္ျပန္သတ္မွတ္ထားၿပီးျဖစ္ေၾကာင္း သိရသည္။

- စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode Version

 

ဖုန်းနှင့်ဆက်စပ်ပစ္စည်းများကို ဝယ်ယူသူများအနေဖြင့် အခွန် ၅ ရာခိုင်နှုန်းပေးဆောင်ရမည့်အပေါ် တုံ့ပြန်မှုကို မပြောနိုင်သေးကြောင်း ပြန်ကြားရေးအဖွဲ့ ၊ပြည်တွင်းအခွန်များဦးစီးဌာန(နေပြည်တော် )မှ ဒုတိယညွန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ဆိုသည်။
လာမည့် ဇွန်လ ၁ ရက်တွင် စတင်ကောက်ခံမည့်လက်ကိုင်ဖုန်းဟန်းဆက် (Handset) နှင့် ဆက်စပ်ပစ္စည်းများအတွက် အခွန်အမှတ်တံဆိပ်ခေါင်းများကို ယခု ၂၀၁၉ ခုနှစ်၊ မေလပထမအပတ်တွင် စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။
“နေပြည်တော်ရုံးချုပ်မှာ အခွန်အမှတ်တံဆိပ်ခေါင်းတွေ လာထုတ်နေကြပါပြီ။ဘယ်လောက်ထုတ်ပြီးပြီ ဘယ်လောက်လိုမလဲ ၊ ပိုမလဲ ဆိုတာကတော့ လကုန်လောက်မှသိရမယ်။ အခွန်ကောက်တာလည်း မစသေးဘူးဆိုတော့ ဘယ်လိုတုံ့ပြန်မှုရှိမလဲဆိုတာ မပြောနိုင်သေးပါဘူး။ အခုတော့ အားလုံး လာထုတ်နေကြဆဲဖြစ်တယ်”ဟု ပြန်ကြားရေးအဖွဲ့ ၊ပြည်တွင်းအခွန်များဦးစီးဌာန (နေပြည်တော် )မှ ဒုတိယညွန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ပြောသည်။
ဖုန်းဟန်းဆက်နှင့်ဖုန်းအပိုပစ္စည်းရောင်းချရာ၌ ဝယ်ယူသူများထံမှ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နူန်း ကောက်ခံခြင်းနှင့်ပတ်သက်ပြီး ပြည်သူများသိရှိနားလည်စေရန် ပညာပေးလုပ်ငန်းနှင့်တွေ့ဆုံဆွေးနွေးပွဲများကို တစ်နိုင်ငံလုံးအတိုင်းအတာပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။
အခွန်စတင်ကောက်ခံရာတွင်လည်း ဆိုင်များအနေဖြင့် ဝယ်ယူသူထံမှ ကျသင့်ငွေအခွန်ကောက်ခံပြီး ပြေစာပေါ်တွင်အခွန်အမှတ်တံဆိပ်ကပ်မပေးသည့် ဆိုင်များရှိပါက နီးစပ်ရာအခွန်များဦးစီးဌာနသို့ တိုင်ကြားပေးစေလိုကြောင်း၊ တိုင်ကြားလာပါက ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။
ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်းများ၏ စည်းမျဉ်း ၄၀၊ စည်းမျဉ်းခွဲ(က)၊ စည်းမျဉ်းခွဲငယ် (၃)မှာ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားသည့် ပြေစာနှင့် ရောင်းရငွေ (သို့ မဟုတ်) ဝန်ဆောင်မှုရငွေနှင့်အတူ ကျသင့်အခွန်ကို ကုန်စည်ဝယ်ယူသူထံမှ တစ်ပါတည်း ကောက်ခံရမည်ဟု ပြဋ္ဌာန်းထားကြောင်းသိရသည်။
ထို့ကြောင့် ပြဋ္ဌာန်းချက်နှင့်အညီ ပြည်တွင်းအခွန်များဦးစီးဌာန၊ ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်းများ၏ စည်းမျဉ်း ၄၀၊ စည်းမျဉ်းခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး လက်ကိုင်ဖုန်းဟန်းဆက် (Handset)နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချရာ၌ ပစ္စည်းတန်ဖိုးနှင့်အတူ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားသည့် ပြေစာနှင့် ရောင်းချခြင်းဆိုင်ရာ နည်းလမ်းများလည်းထုတ်ပြန်သတ်မှတ်ထားပြီးဖြစ်ကြောင်း သိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။