Skip to main content
အီရန္ကုိ အင္ျပည့္အားျပည့္နဲ ့ ျပတ္ျပတ္သားသား ရင္ဆုိင္ဖုိ ့ အသင့္ရွိေၾကာင္း ေဆာ္ဒီ သတိေပး
Ads Block

အီရန္ကုိ အင္ျပည့္အားျပည့္နဲ ့ ျပတ္ျပတ္သားသား ရင္ဆုိင္ဖုိ ့ အသင့္ရွိေၾကာင္း ေဆာ္ဒီ သတိေပး

ေဆာ္ဒီႏုိင္ငံအေနနဲ ့လုိအပ္လာပါက အီရန္ကုိ အင္ျပည့္အားျပည့္ ျပတ္သားစြာ ရင္ဆုိင္သြားမွာျဖစ္ေၾကာင္း ဘုရင့္ႏုိင္ငံရဲ ့ ႏုိင္ငံျခားေရး၀န္ႀကီးက သတိေပး ေျပာဆုိလုိက္ပါတယ္။ ေဒသတြင္း တည္ၿငိမ္ေရး ေသခ်ာေစဖုိ ့အတြက္ ဘက္အသီးသီး ေဆြးေႏြးမႈေတြလုပ္ဖုိ ့ အေမရိကန္က ေဆာ္ဒီအိမ္ေရွ ့မင္းသားကုိ ေတာင္းဆုိခဲ့အၿပီးမွာ အခုလုိ သတိေပးမႈလုပ္ခဲ့တာျဖစ္ပါတယ္။ အီရန္အစုိးရဟာ ေဒသတြင္း မတည္မၿငိမ္ျဖစ္ေအာင္ လုပ္ေနေၾကာင္း ႏုိင္ငံျခားေရး၀န္ႀကီး အဒဲလ္ အယ္ ဂ်ဴဘီယာက ေျပာဆုိခဲ့ကာ ယခုကိစၥ အရမ္းေနာက္မက်ေသးမီ ႏုိင္ငံတကာ အသုိင္းအ၀ုိင္းက ၾကား၀င္ ဟန္ ့တားဖုိ ့ တုိက္တြန္းခဲ့ပါတယ္။ ေဆာ္ဒီအစုိးရဟာ ၿငိမ္ခ်မ္းမႈကုိသာ လုိလားတာဆုိေပမယ့္ အျခားတစ္ဖက္က စစ္ကုိ ေရြးလာခဲ့ရင္ေတာ့ မဟာၿပိဳင္ဘက္ကုိ အင္ျပည့္အားျပည့္ တုန္ ့ျပန္ဖုိ ့ အသင့္ရွိေနေၾကာင္း ႏုိင္ငံျခားေရး၀န္ႀကီးက ေျပာဆုိခဲ့ပါတယ္။ စေနေန ့အေစာပုိင္းက ေဆာ္ဒီ အိမ္ေရွ ့မင္းသား မုိဟာမက္ ဘင္ဆယ္မန္ဟာ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး မုိက္ ပြန္ပီယုိနဲ ့ ဖုန္းဆက္သြယ္ ေျပာဆုိခဲ့ကာ ေဒသတြင္း လုံၿခဳံေရး၊ တည္ၿငိမ္ေရးဆုိင္ရာေတြမွာ ပုိမုိ ပူးေပါင္းေဆာင္ရြက္ဖုိ ့၊ ဘက္အသီးသီး ေဆြးေႏြးမႈေတြ တုိးတက္လာဖုိ ့ ေျပာဆုိခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ေရနံကုန္သြယ္မႈ က႑အေပၚ ထိခုိက္လာတဲ့ တုိက္ခုိက္မႈေတြကုိ ေဆြးေႏြးဖုိ ့အတြက္ ေမ ၃၀ ရက္ေန ့ မကၠာမွာ ျပဳလုပ္မယ့္ အေရးေပၚ ထိပ္သီးေဆြးေႏြးပြဲကုိ တက္ေရာက္ဖုိ ့ အာရပ္ႏုိင္ငံေခါင္းေဆာင္ေတြကုိ ေဆာ္ဒီဘုရင္ ဆယ္မန္က ေဆာ္ၾသခဲ့ပါတယ္။ ယင္း တုိက္ခုိက္မႈေတြဟာ အီရန္ရဲ ့ လုပ္ေဆာင္ခ်က္အျဖစ္ အရိပ္အေယာင္ သက္ေသျပစရာရွိခဲ့ပါတယ္။ ၿပီးခဲ့တဲ့ တနဂၤေႏြေန ့က ယူေအအီးႏုိင္ငံ ကမ္းလြန္မွာ ကုန္တင္သေဘၤာ ေလးစင္း တုိက္ခုိက္ခံရကာ ပ်က္စီးမႈျဖစ္ခဲ့သလုိ ၿပီးခဲ့တဲ့ ရက္ေတြအတြင္း ေဆာ္ဒီႏုိင္ငံရွိ ေရနံအေဆာက္အအုံေတြ ဒရုန္းေတြရဲ ့ ပစ္မွတ္ထားမႈခံခဲ့ရေၾကာင္း သိရပါတယ္။ ယင္းျဖစ္ရပ္ေတြကုိ အခြင့္ေကာင္းအျဖစ္ အသုံးခ်ကာ အေမရိကန္က ေဒသတြင္းသုိ ့ စစ္သေဘၤာေတြနဲ ့ မဟာဗ်ဴဟာ ဗုံးႀကဲေလယာဥ္ေတြ ေစလႊတ္ခဲ့ၿပီး အေမရိကန္ အက်ဳိးစီးပြားေတြကုိ အီရန္က တုိက္ခုိက္ဖုိ ့ အႏၱရာယ္ရွိလာၿပီဆုိကာ အေၾကာင္းျပခဲ့ပါတယ္။ ကုန္တင္သေဘၤာေတြတုိက္ခုိက္မႈမွာ လုံး၀ပါ၀င္ ပတ္သက္ျခင္းမရွိေၾကာင္း အီရန္က ျငင္းဆုိခဲ့ကာ ယင္း ကိစၥဟာ အီရန္ကုိ အေမရိကန္၊ ၄င္းရဲ ့ ပါရွန္ပင္လယ္ေကြ ့ မဟာမိတ္ေတြနဲ ့ စစ္ပြဲတစ္ခုအတြင္း ဆြဲသြင္းဖုိ ့ ႀကိဳးစားတဲ့ အစြန္းေရာက္သူေတြရဲ ့ ဖန္တီးမႈျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။

-ကုိလင္း(အကုန္သိ သတင္းဌာန) | Ref : RT

Unicode Version

ဆော်ဒီနိုင်ငံအနေနဲ့လိုအပ်လာပါက အီရန်ကို အင်ပြည့်အားပြည့် ပြတ်သားစွာ ရင်ဆိုင်သွားမှာဖြစ်ကြောင်း ဘုရင့်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးက သတိပေး ပြောဆိုလိုက်ပါတယ်။ ဒေသတွင်း တည်ငြိမ်ရေး သေချာစေဖို့အတွက် ဘက်အသီးသီး ဆွေးနွေးမှုတွေလုပ်ဖို့ အမေရိကန်က ဆော်ဒီအိမ်ရှေ့မင်းသားကို တောင်းဆိုခဲ့အပြီးမှာ အခုလို သတိပေးမှုလုပ်ခဲ့တာဖြစ်ပါတယ်။
အီရန်အစိုးရဟာ ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီး အဒဲလ် အယ် ဂျူဘီယာက ပြောဆိုခဲ့ကာ ယခုကိစ္စ အရမ်းနောက်မကျသေးမီ နိုင်ငံတကာ အသိုင်းအဝိုင်းက ကြားဝင် ဟန့်တားဖို့ တိုက်တွန်းခဲ့ပါတယ်။ ဆော်ဒီအစိုးရဟာ ငြိမ်ချမ်းမှုကိုသာ လိုလားတာဆိုပေမယ့် အခြားတစ်ဖက်က စစ်ကို ရွေးလာခဲ့ရင်တော့ မဟာပြိုင်ဘက်ကို အင်ပြည့်အားပြည့် တုန့်ပြန်ဖို့ အသင့်ရှိနေကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
စနေနေ့အစောပိုင်းက ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်မန်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုနဲ့ ဖုန်းဆက်သွယ် ပြောဆိုခဲ့ကာ ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေးဆိုင်ရာတွေမှာ ပိုမို ပူးပေါင်းဆောင်ရွက်ဖို့၊ ဘက်အသီးသီး ဆွေးနွေးမှုတွေ တိုးတက်လာဖို့ ပြောဆိုခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ရေနံကုန်သွယ်မှု ကဏ္ဍအပေါ် ထိခိုက်လာတဲ့ တိုက်ခိုက်မှုတွေကို ဆွေးနွေးဖို့အတွက် မေ ၃၀ ရက်နေ့ မက္ကာမှာ ပြုလုပ်မယ့် အရေးပေါ် ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ အာရပ်နိုင်ငံခေါင်းဆောင်တွေကို ဆော်ဒီဘုရင် ဆယ်မန်က ဆော်သြခဲ့ပါတယ်။ ယင်း တိုက်ခိုက်မှုတွေဟာ အီရန်ရဲ့ လုပ်ဆောင်ချက်အဖြစ် အရိပ်အယောင် သက်သေပြစရာရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယူအေအီးနိုင်ငံ ကမ်းလွန်မှာ ကုန်တင်သင်္ဘော လေးစင်း တိုက်ခိုက်ခံရကာ ပျက်စီးမှုဖြစ်ခဲ့သလို ပြီးခဲ့တဲ့ ရက်တွေအတွင်း ဆော်ဒီနိုင်ငံရှိ ရေနံအဆောက်အအုံတွေ ဒရုန်းတွေရဲ့ ပစ်မှတ်ထားမှုခံခဲ့ရကြောင်း သိရပါတယ်။ ယင်းဖြစ်ရပ်တွေကို အခွင့်ကောင်းအဖြစ် အသုံးချကာ အမေရိကန်က ဒေသတွင်းသို့ စစ်သင်္ဘောတွေနဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေ စေလွှတ်ခဲ့ပြီး အမေရိကန် အကျိုးစီးပွားတွေကို အီရန်က တိုက်ခိုက်ဖို့ အန္တရာယ်ရှိလာပြီဆိုကာ အကြောင်းပြခဲ့ပါတယ်။
ကုန်တင်သင်္ဘောတွေတိုက်ခိုက်မှုမှာ လုံးဝပါဝင် ပတ်သက်ခြင်းမရှိကြောင်း အီရန်က ငြင်းဆိုခဲ့ကာ ယင်း ကိစ္စဟာ အီရန်ကို အမေရိကန်၊ ၎င်းရဲ့ ပါရှန်ပင်လယ်ကွေ့ မဟာမိတ်တွေနဲ့ စစ်ပွဲတစ်ခုအတွင်း ဆွဲသွင်းဖို့ ကြိုးစားတဲ့ အစွန်းရောက်သူတွေရဲ့ ဖန်တီးမှုဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

-ကိုလင်း(အကုန်သိ သတင်းဌာန) | Ref : RT

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။