Skip to main content
ရန္ကုန္ၿမိဳ႕၏အဓိကဆံုခ်က္ဘူတာရံုမွာ ပုဇြန္ေတာင္ဘူတာျဖစ္ဟု ဦးၿဖိဳးမင္းသိ္န္းေျပာ
Ads Block

ရန္ကုန္ၿမိဳ႕၏အဓိကဆံုခ်က္ဘူတာရံုမွာ ပုဇြန္ေတာင္ဘူတာျဖစ္ဟု ဦးၿဖိဳးမင္းသိ္န္းေျပာ

ရန္ကုန္-မႏၱေလး ရထားလမ္းအဆင့္ျမွင့္တင္ရာတြင္ ရန္ကုန္ၿမိဳ႕၏ အဓိကဆံုခ်က္ဘူတာရံုမွာ ပုဇြန္ေတာင္ဘူတာျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔မွဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာသည္။

ရန္ကုန္ၿမိဳ႕၏အဓိကဆံုခ်က္ဘူတာရံုမွာ ပုဇြန္ေတာင္ဘူတာျဖစ္ဟု ဦးၿဖိဳးမင္းသိ္န္းေျပာ

ရန္ကုန္ဘူတာႀကီးရွိ စခန္းသာခန္းမတြင္ က်င္းပျပဳလုပ္သည့္ ရန္ကုန္-မႏၱေလးရထားလမ္း အဆင့္ျမွင့္တင္ေရး စီမံကိန္း(၁)၊ ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းပိုင္း အဆင့္ျမွင့္တင္ေရးစီမံကိန္းအတြက္ ပႏၷတ္တင္အခမ္းအနားတြင္ အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။ “ ရန္ကုန္-မႏၱေလး ရထားလမ္းအဆင့္ျမွင့္တင္ရာမွာ ရန္ကုန္ၿမိဳ႕ရဲ႕ အဓိက ဆံုခ်က္ဘူတာရံုမွာ ပုဇြန္ေတာင္ဘူတာျဖစ္ပါတယ္။ ပုဇြန္ေတာင္ဘူတာသည္ ရထားလမ္း ၊ ကားလမ္း၊ ေရလမ္း ဆံုရာေနရာ ျဖစ္တဲ့အျပင္ အဓိက အခ်က္အခ်ာက်ရာေနရာျဖစ္ပါတယ္။ဒါေၾကာင့္ အဲဒီေနရာကို ဖြံ႔ၿဖိဳးတိုးတက္ဖို႔ ျပင္ဆင္ေဆာင္ရြက္ေနပါတယ္” ဟု ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ေျပာသည္။

ရန္ကုန္ၿမိဳ႕၏အဓိကဆံုခ်က္ဘူတာရံုမွာ ပုဇြန္ေတာင္ဘူတာျဖစ္ဟု ဦးၿဖိဳးမင္းသိ္န္းေျပာ

ယင္းအျပင္ ရန္ကုန္-မႏၱေလးရထားလမ္းပိုင္းအဆင့္ျမွင့္တင္ရာတြင္အသံုးျပဳရန္အတြက္ ဂ်ပန္နိုင္ငံမွ မွာယူထားသည့္ ရထားသံလမ္း ပထမအသုတ္တန္ခ်ိန္ ၂၈၅၀ မွာ ေမလ ၁ ရက္ ညေနပိုင္းက ရန္ကုန္ျမိဳ႕ ဆူးေလဆိပ္ကမ္းသို႔ေရာက္ရွိခဲ့ၿပီး ရန္ကုန္-ေတာင္ငူရထားလမ္းပိုင္း အဆင့္ျမွင္တင္မႈအတြက္ အသံုးျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။ ရထားလမ္း အဆင့္ျမႇင့္တင္ခ်ိန္ကာလအတြင္း ရထားေျပးဆြဲခ်ိန္မွာၾကန္႔ၾကာမႈအနည္းငယ္သာ႐ွိမည္ျဖစ္ၿပီး ရထားေျပးဆြဲမႈရပ္နားျခင္းမ်ိဳး႐ွိမည္မဟုတ္ေၾကာင္း၊ ၾကန္႔ၾကာမႈကိုလည္း အနည္းဆံုးႏွင့္ ထိခိုက္မႈအနည္းဆံုး ျဖစ္ေအာင္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ၾကီး ဦးသန္႔စင္ေမာင္က ေျပာထားသည္။ ရန္ကုန္-မႏၱေလးရထားလမ္းပိုင္း၏ အရွည္မွာ ၃၈၅ ဒသမ ၅ မိုင္ရွည္လ်ားၿပီး ယင္းလမ္းပိုင္းတြင္ အျမန္ရထား ေျခာက္စင္း၊ စာပို႔ရထား ႏွစ္ဆင္းႏွင့္ ရန္ကုန္-ေနျပည္ေတာ္ အစုန္/အဆန္ရထား ေလးဆင္းျဖင့္ ေန႔စဥ္ပံုမွန္ ေျပးဆြဲေနေၾကာင္း သိရသည္။

- စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode Version


ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရာတွင် ရန်ကုန်မြို့၏ အဓိကဆုံချက်ဘူတာရုံမှာ ပုဇွန်တောင်ဘူတာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်ဘူတာကြီးရှိ စခန်းသာခန်းမတွင် ကျင်းပပြုလုပ်သည့် ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း(၁)၊ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် ပန္နတ်တင်အခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရာမှာ ရန်ကုန်မြို့ရဲ့ အဓိက ဆုံချက်ဘူတာရုံမှာ ပုဇွန်တောင်ဘူတာဖြစ်ပါတယ်။ ပုဇွန်တောင်ဘူတာသည် ရထားလမ်း ၊ ကားလမ်း၊ ရေလမ်း ဆုံရာနေရာ ဖြစ်တဲ့အပြင် အဓိက အချက်အချာကျရာနေရာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီနေရာကို ဖွံ့ဖြိုးတိုးတက်ဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
ယင်းအပြင် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအဆင့်မြှင့်တင်ရာတွင်အသုံးပြုရန်အတွက် ဂျပန်နိုင်ငံမှ မှာယူထားသည့် ရထားသံလမ်း ပထမအသုတ်တန်ချိန် ၂၈၅၀ မှာ မေလ ၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်းသို့ရောက်ရှိခဲ့ပြီး ရန်ကုန်-တောင်ငူရထားလမ်းပိုင်း အဆင့်မြှင်တင်မှုအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ရထားလမ်း အဆင့်မြှင့်တင်ချိန်ကာလအတွင်း ရထားပြေးဆွဲချိန်မှာကြန့်ကြာမှုအနည်းငယ်သာရှိမည်ဖြစ်ပြီး ရထားပြေးဆွဲမှုရပ်နားခြင်းမျိုးရှိမည်မဟုတ်ကြောင်း၊ ကြန့်ကြာမှုကိုလည်း အနည်းဆုံးနှင့် ထိခိုက်မှုအနည်းဆုံး ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောထားသည်။
ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၏ အရှည်မှာ ၃၈၅ ဒသမ ၅ မိုင်ရှည်လျားပြီး ယင်းလမ်းပိုင်းတွင် အမြန်ရထား ခြောက်စင်း၊ စာပို့ရထား နှစ်ဆင်းနှင့် ရန်ကုန်-နေပြည်တော် အစုန်/အဆန်ရထား လေးဆင်းဖြင့် နေ့စဉ်ပုံမှန် ပြေးဆွဲနေကြောင်း သိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။