Skip to main content
ေရႊျပည္သာတံတားအဆင္း၌ ယာဥ္ႏွစ္စီးတိုက္မိၿပီး ၉ ဦးေသဆုံးဆိုျခင္းမွာ မဟုတ္မွန္၊ ဒဏ္ရာရရွိသူသာရွိဟု ဆို
Ads Block

ေရႊျပည္သာတံတားအဆင္း၌ ယာဥ္ႏွစ္စီးတိုက္မိၿပီး ၉ ဦးေသဆုံးဆိုျခင္းမွာ မဟုတ္မွန္၊ ဒဏ္ရာရရွိသူသာရွိဟု ဆို

ေရႊျပည္သာတံတားအဆင္းတြင္ ယာဥ္ႏွစ္စီးတိုက္မႈ ၉ ဦးေသဆုံးသည္ဆိုျခင္းမွာမဟုတ္မွန္ဘဲ ဒဏ္ရာရရွိသူမ်ားသာ ရွိခဲ့ေၾကာင္း အမွတ္(၉)ယာဥ္ထိန္းရဲဒုတပ္ဖြဲ႔ခြဲမွဴးရုံး(ရန္ကုန္-ေျမာက္)မွ သိရသည္။
ျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္၊ ေရႊျပည္သာတံတားအဆင္းတြင္ ေမလ ၁၈ ရက္၊ ည ေန ၆ နာရီခန္႔က လႈိင္သာယာဘက္မွ တညင္းကုန္းလမ္းဆုံဘက္သို႔ ေမာင္းႏွင္လာေသာ အုတ္၊သဲ၊ေက်ာက္ တင္ေဆာင္သည့္ YGN-9X/…… ေဒါင္ဖန္းအနီေရာင္ယာဥ္ ၎ေရွ႕မွယာဥ္ကိုေက်ာ္တက္စဥ္ တစ္ဖက္ ယာဥ္ေၾကာသို႔ ေရာက္ရွိသြားၿပီး မ်က္ႏွာခ်င္းဆိုင္မွ ေမာင္းႏွင္လာသည့္ YGN-4K/…. ကန္နာ အျဖဴေရာင္ယာဥ္ကို ဝင္တိုက္ခဲ့ေၾကာင္း အမွတ္(၉)ယာဥ္ထိန္းရဲဒုတပ္ဖြဲ႔ခြဲမွဴးရုံး(ရန္ကုန္-ေျမာက္)မွ သိရသည္။
“အတိုက္ခံရတဲ့ကားက Facebook ေပၚမွာ ေရးေန၊ ေျပာေနႀကသလို ဘုရားဖူးယာဥ္ေတာ့မဟုတ္ဘူး။ ေရသန္႔စက္ရုံကကားပါ။ ကဆုန္လျပည့္ေန႔ဆိုေတာ့ ဘုရားေတာ့သြားခ်င္သြားၾကမွာေပါ့။ အဲဒါကို ဘုရားဖူးယာဥ္လို႔ေတာ့ ေျပာလို႔မရဘူးေပါ့။ လူေတာ့မေသပါဘူး။ စိုးရိမ္ရတာေတာ့ ၃ ေယာက္ပါတယ္။ အခုထိေတာ့ ဘာမွမျဖစ္ေသးဘူး” ဟု အမွတ္(၉)ယာဥ္ထိန္းရဲဒုတပ္ဖြဲ႔ခြဲမွဴးရုံး(ရန္ကုန္-ေျမာက္)မွ ယာဥ္မႈစစ္ရဲအုပ္ဝင္းႏိုင္က အကုန္သိသတင္းဌာနသို႔ ေျပာသည္။

ေရႊျပည္သာတံတားအဆင္း၌ ယာဥ္ႏွစ္စီးတိုက္မိၿပီး ၉ ဦးေသဆုံးဆိုျခင္းမွာ မဟုတ္မွန္၊ ဒဏ္ရာရရွိသူသာရွိဟု ဆို


အဆိုပါယာဥ္တိုက္မႈေၾကာင့္ YGN-4K/…. ကန္နာအျဖဴေရာင္ယာဥ္ေပၚမွ ယာဥ္ေမာင္းအပါအဝင္ အမ်ဳိးသား ၉ ဦးႏွင့္ အမ်ဳိးသမီး ၄ ဦး ဒဏ္ရာရရွိိခဲ့သျဖင့္ အင္းစိန္ေဆးရုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ YGN-9X/…… ေဒါင္ဖန္းအနီေရာင္ယာဥ္ေမာင္းျဖစ္သူ(စုံစမ္းဆဲ)ကို ယာဥ္မႈစစ္ ရဲအုပ္ဝင္းႏိုင္မွ တရားလိုျပဳလုပ္၍ တိုင္တန္းခဲ့ရာ အင္းစိန္ၿမိဳ႕မရဲစခန္း၌ ယာဥ္(ပ)၅၀/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ-၃၃၈၊၂၇၉၊၂၀၂ ျဖင့္ အမႈဖြင့္စုံစမ္းေနေၾကာင္း သိရသည္။


- ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)  | ဓာတ္ပုံ-Ko Nan Wintun

Unicode Version

 

ရွှေပြည်သာတံတားအဆင်းတွင် ယာဉ်နှစ်စီးတိုက်မှု ၉ ဦးသေဆုံးသည်ဆိုခြင်းမှာမဟုတ်မှန်ဘဲ ဒဏ်ရာရရှိသူများသာ ရှိခဲ့ကြောင်း အမှတ်(၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်-မြောက်)မှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာတံတားအဆင်းတွင် မေလ ၁၈ ရက်၊ ည နေ ၆ နာရီခန့်က လှိုင်သာယာဘက်မှ တညင်းကုန်းလမ်းဆုံဘက်သို့ မောင်းနှင်လာသော အုတ်၊သဲ၊ကျောက် တင်ဆောင်သည့် YGN-9X/…… ဒေါင်ဖန်းအနီရောင်ယာဉ် ၎င်းရှေ့မှယာဉ်ကိုကျော်တက်စဉ် တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိသွားပြီး မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် YGN-4K/…. ကန်နာ အဖြူရောင်ယာဉ်ကို ဝင်တိုက်ခဲ့ကြောင်း အမှတ်(၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်-မြောက်)မှ သိရသည်။
“အတိုက်ခံရတဲ့ကားက Facebook ပေါ်မှာ ရေးနေ၊ ပြောနေကြသလို ဘုရားဖူးယာဉ်တော့မဟုတ်ဘူး။ ရေသန့်စက်ရုံကကားပါ။ ကဆုန်လပြည့်နေ့ဆိုတော့ ဘုရားတော့သွားချင်သွားကြမှာပေါ့။ အဲဒါကို ဘုရားဖူးယာဉ်လို့တော့ ပြောလို့မရဘူးပေါ့။ လူတော့မသေပါဘူး။ စိုးရိမ်ရတာတော့ ၃ ယောက်ပါတယ်။ အခုထိတော့ ဘာမှမဖြစ်သေးဘူး” ဟု အမှတ်(၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်-မြောက်)မှ ယာဉ်မှုစစ်ရဲအုပ်ဝင်းနိုင်က အကုန်သိသတင်းဌာနသို့ ပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် YGN-4K/…. ကန်နာအဖြူရောင်ယာဉ်ပေါ်မှ ယာဉ်မောင်းအပါအဝင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၄ ဦး ဒဏ်ရာရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ YGN-9X/…… ဒေါင်ဖန်းအနီရောင်ယာဉ်မောင်းဖြစ်သူ(စုံစမ်းဆဲ)ကို ယာဉ်မှုစစ် ရဲအုပ်ဝင်းနိုင်မှ တရားလိုပြုလုပ်၍ တိုင်တန်းခဲ့ရာ အင်းစိန်မြို့မရဲစခန်း၌ ယာဉ်(ပ)၅၀/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ-၃၃၈၊၂၇၉၊၂၀၂ ဖြင့် အမှုဖွင့်စုံစမ်းနေကြောင်း သိရသည်။


- နိုင်မင်းလွင်(အကုန်သိသတင်းဌာန) | ဓာတ်ပုံ-Ko Nan Wintun

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။