Skip to main content
ဆန္စပါး
Ads Block

စပါးစုိက္ေတာင္သူမ်ား လတ္တေလာရင္ဆုိင္ေနရသည့္ အခက္အခဲမ်ားအတြင္း လွ်ပ္စစ္မီးကလည္း ၾကီးမားစြာသက္ေရာက္မႈရွိေၾကာင္း အသင္းခ်ဳပ္ ထုတ္ျပန္ 

စပါးစုိက္ေတာင္သူမ်ား တုိက္ရုိက္ခံစားေနရသည့္ စပါးေစ်းက်ဆင္းျခင္းႏွင့္အခက္အခဲမ်ား ျဖစ္ေပၚမႈတြင္ လွ်ပ္စစ္မီးျပတ္ေတာက္ျခင္းသည္လည္း ၾကီးမားစြာသက္ေရာက္မႈရွိေနျပီး အစုိးရ၏ Political Will အရ ကူညီေပးမႈလည္း လုိအပ္ေနေၾကာင္း ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္က သတင္းထုတ္ျပန္လုိက္သည္။ 

ေမလ ၁၈ ရက္တြင္ ထုတ္ျပန္လာေသာ ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္၏ အသိေပးေၾကညာခ်က္အရ အသင္းခ်ဳပ္က လုပ္သင့္လုပ္ထုိက္သည္မ်ားလုပ္ထားျပီးသည့္သေဘာမ်ဳိး ဦးတည္ေရးသားထားျခင္းကုိ ေတြ ့ရသည္။ အထူးသျဖင့္ ၂၀၁၉ ခုႏွစ္ ေႏြစပါးေပၚခ်ိန္တြင္စပါးေစ်းက်ဆင္းေနျခင္းႏွင့္ ေတာင္သူမ်ားအခက္အခဲျဖစ္ေနျခင္းကိစၥႏွင့္ပတ္သက္ၿပီး ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ လုပ္သင့္ေသာ၊ စီစဥ္သင့္ေသာကိစၥမ်ားကို လုပ္ေဆာင္လ်က္ရွိပါသည္ဟု အတိအလင္းထုတ္ျပန္ထားျခင္းလည္း ျဖစ္သည္။ အသင္းခ်ဳပ္အေနျဖင့္ ကြင္းဆင္း၀ယ္ယူျခင္းမ်ားလုပ္ေဆာင္ေနျပီး ယင္းတြင္ သိုေလွာင္ရံုအခက္အခဲ၊ အစိုဓါတ္ရွိသည့္စပါးမ်ားကုိ အေျခာက္ခံရန္အခက္အခဲ၊ သယ္ပို႔ယာဥ္အခက္အခဲ မ်ားရွိ၍ လုပ္ငန္းတြင္က်ယ္မႈအားနည္းေနရေၾကာင္းလည္း ဆုိသည္။ ဝယ္ယူသည့္ စပါးမ်ားမွာလည္း အရည္အေသြးမ်ိဳးစံု၊ အေျခအေနမ်ိဳးစံု၊ အမ်ိဳးအစားမ်ိဳးစံုျဖစ္၍ ဝယ္ယူသည့္စပါးမ်ား ေလလြင့္ပ်က္စီးဆံုးရႈံးမႈမျဖစ္ေစေရးအတြက္ လုပ္ေဆာင္ရာတြင္ အခက္အခဲမ်ားစြာႏွင့္ ၾကံဳေတြ႔ရေသာ္လည္း ပုဂၢလိကအသင္းအဖြဲ႕ျဖစ္သည့္ ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ အစြမ္းကုန္ညႇိနႈိင္းေဆာင္ရြက္လ်က္ ရွိေၾကာင္းလည္း ထုတ္ျပန္ထားသည္။ အခ်ိန္တိုအတြင္းစုျပံဳ ေပၚထြက္လာေသာ စပါးမ်ားကို ျပည္တြင္း/ျပည္ပေစ်းကြက္အေျခအေန ပံုမွန္မဟုတ္ေသာကာလတြင္ ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္၏ အသင္းဝင္ဆန္စက္မ်ား၊ ကုမၸဏီမ်ားအေနျဖင့္ တတ္ႏိုင္သမွ် ႀကိဳးစားဝယ္ယူေပးလ်က္ရွိျပီး လွ်ပ္စစ္မီး ျပတ္ေတာက္မႈမ်ားေၾကာင့္ ဆန္စက္လုပ္ငန္းမ်ားအေနျဖင့္ စက္ပံုမွန္ မလည္ပတ္ႏိုင္ေသာ အေျခအေနသည္ လက္ရွိဆန္စပါး ေစ်းကြက္အေပၚ ႀကီးမားစြာသက္ေရာက္မႈရွိေနေၾကာင္းလည္း ဆုိသည္။ နယ္စပ္မွအေရာင္းအဝယ္ အလြန္နည္းျခင္းႏွင့္ Export က်ဆင္းျခင္းတို ့ေၾကာင့္ ယခုအေျခအေနတြင္ ပုဂၢလိကသက္သက္ျဖင့္သာ ေဆာင္ရြက္၍မရေၾကာင္း၊ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ပါဝင္ကူညီေဆာင္ရြက္ေပးရန္လိုအပ္ေၾကာင္းတုိ ့ကုိ ႏိုင္ငံေတာ္အစိုးရအား ယခုႏွစ္ မတ္လကတည္းက တင္ျပအၾကံျပဳထားသည္ဟု ထုတ္ျပန္ထားသည္။ အေျခခံေစ်းနႈန္းကို မေၾကညာမီႏွင့္ ေၾကညာၿပီးကာလတြင္လည္း ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ေဆာင္ရြက္ေပးသင့္သည့္ကိစၥမ်ားကို ၂၀၁၈ ခုႏွစ္ကတည္းက သက္ဆိုင္သည့္ ဝန္ႀကီးဌာနမ်ားအား တင္ျပအၾကံျပဳထားေၾကာင္းလည္း ေရးသားထားသည္။

လက္ရွိ ဆန္စပါးေစ်းကြက္အေျခအေန တည္ၿငိမ္ေစေရးႏွင့္ စပါးစိုက္ေတာင္သူမ်ား ေမွ်ာ္လင့္ေသာ ေစ်းနႈန္းမ်ား ရရွိေရးအတြက္ ႏိုင္ငံေတာ္အစိုးရ၏ မူဝါဒပိုင္းဆိုင္ရာ ဝင္ေရာက္ကူညီေပးမႈႏွင့္ ေတာင္သူလယ္သမားအခြင့္အေရး ကာကြယ္ေရးႏွင့္ အက်ိဳးစီးပြားျမႇင့္တင္ေရး ဥပေဒအရလည္ေကာင္း၊ ေတာင္သူလယ္သမားမ်ားအတြက္ထားရွိေသာ သေဘာထားဆႏၵ၊ Political Will အရလည္းေကာင္း၊ ေငြေၾကးဆိုင္ရာအကူအညီ၊ ေစ်းကြက္တိုးျမႇင့္ရွာေဖြေပးျခင္းဆိုင္ရာအကူအညီတို႔ျဖင့္ ႏိုင္ငံေတာ္အစိုးရအပိုင္းမွ ပူးေပါင္းေဆာင္ရြက္ေပးရန္ လိုအပ္လ်က္ရွိေၾကာင္း၊ ျမန္မာႏုိင္ငံ ဆန္စပါးအသင္းခ်ဳပ္ဘက္မွလည္း အစြမ္းကုန္ တုိက္တြန္းေျပာၾကားေနေၾကာင္း ထုတ္ျပန္ေရးသားထားသည္ကုိ ေတြ ့ရသည္။ 

Unicode Version

စပါးစိုက်တောင်သူများ တိုက်ရိုက်ခံစားနေရသည့် စပါးဈေးကျဆင်းခြင်းနှင့်အခက်အခဲများ ဖြစ်ပေါ်မှုတွင် လျှပ်စစ်မီးပြတ်တောက်ခြင်းသည်လည်း ကြီးမားစွာသက်ရောက်မှုရှိနေပြီး အစိုးရ၏ Political Will အရ ကူညီပေးမှုလည်း လိုအပ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတင်းထုတ်ပြန်လိုက်သည်။ 
မေလ ၁၈ ရက်တွင် ထုတ်ပြန်လာသော မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အသိပေးကြေညာချက်အရ အသင်းချုပ်က လုပ်သင့်လုပ်ထိုက်သည်များလုပ်ထားပြီးသည့်သဘောမျိုး ဦးတည်ရေးသားထားခြင်းကို တွေ့ရသည်။ အထူးသဖြင့် ၂၀၁၉ ခုနှစ် နွေစပါးပေါ်ချိန်တွင်စပါးဈေးကျဆင်းနေခြင်းနှင့် တောင်သူများအခက်အခဲဖြစ်နေခြင်းကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် လုပ်သင့်သော၊ စီစဉ်သင့်သောကိစ္စများကို လုပ်ဆောင်လျက်ရှိပါသည်ဟု အတိအလင်းထုတ်ပြန်ထားခြင်းလည်း ဖြစ်သည်။ အသင်းချုပ်အနေဖြင့် ကွင်းဆင်းဝယ်ယူခြင်းများလုပ်ဆောင်နေပြီး ယင်းတွင် သိုလှောင်ရုံအခက်အခဲ၊ အစိုဓါတ်ရှိသည့်စပါးများကို အခြောက်ခံရန်အခက်အခဲ၊ သယ်ပို့ယာဉ်အခက်အခဲ များရှိ၍ လုပ်ငန်းတွင်ကျယ်မှုအားနည်းနေရကြောင်းလည်း ဆိုသည်။ ဝယ်ယူသည့် စပါးများမှာလည်း အရည်အသွေးမျိုးစုံ၊ အခြေအနေမျိုးစုံ၊ အမျိုးအစားမျိုးစုံဖြစ်၍ ဝယ်ယူသည့်စပါးများ လေလွင့်ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေးအတွက် လုပ်ဆောင်ရာတွင် အခက်အခဲများစွာနှင့် ကြုံတွေ့ရသော်လည်း ပုဂ္ဂလိကအသင်းအဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် အစွမ်းကုန်ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။ အချိန်တိုအတွင်းစုပြုံ ပေါ်ထွက်လာသော စပါးများကို ပြည်တွင်း/ပြည်ပဈေးကွက်အခြေအနေ ပုံမှန်မဟုတ်သောကာလတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အသင်းဝင်ဆန်စက်များ၊ ကုမ္ပဏီများအနေဖြင့် တတ်နိုင်သမျှ ကြိုးစားဝယ်ယူပေးလျက်ရှိပြီး လျှပ်စစ်မီး ပြတ်တောက်မှုများကြောင့် ဆန်စက်လုပ်ငန်းများအနေဖြင့် စက်ပုံမှန် မလည်ပတ်နိုင်သော အခြေအနေသည် လက်ရှိဆန်စပါး ဈေးကွက်အပေါ် ကြီးမားစွာသက်ရောက်မှုရှိနေကြောင်းလည်း ဆိုသည်။ နယ်စပ်မှအရောင်းအဝယ် အလွန်နည်းခြင်းနှင့် Export ကျဆင်းခြင်းတို့ကြောင့် ယခုအခြေအနေတွင် ပုဂ္ဂလိကသက်သက်ဖြင့်သာ ဆောင်ရွက်၍မရကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပါဝင်ကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်းတို့ကို နိုင်ငံတော်အစိုးရအား ယခုနှစ် မတ်လကတည်းက တင်ပြအကြံပြုထားသည်ဟု ထုတ်ပြန်ထားသည်။ အခြေခံဈေးနှုန်းကို မကြေညာမီနှင့် ကြေညာပြီးကာလတွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်ပေးသင့်သည့်ကိစ္စများကို ၂၀၁၈ ခုနှစ်ကတည်းက သက်ဆိုင်သည့် ဝန်ကြီးဌာနများအား တင်ပြအကြံပြုထားကြောင်းလည်း ရေးသားထားသည်။ လက်ရှိ ဆန်စပါးဈေးကွက်အခြေအနေ တည်ငြိမ်စေရေးနှင့် စပါးစိုက်တောင်သူများ မျှော်လင့်သော ဈေးနှုန်းများ ရရှိရေးအတွက် နိုင်ငံတော်အစိုးရ၏ မူဝါဒပိုင်းဆိုင်ရာ ဝင်ရောက်ကူညီပေးမှုနှင့် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရလည်ကောင်း၊ တောင်သူလယ်သမားများအတွက်ထားရှိသော သဘောထားဆန္ဒ၊ Political Will အရလည်းကောင်း၊ ငွေကြေးဆိုင်ရာအကူအညီ၊ ဈေးကွက်တိုးမြှင့်ရှာဖွေပေးခြင်းဆိုင်ရာအကူအညီတို့ဖြင့် နိုင်ငံတော်အစိုးရအပိုင်းမှ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဘက်မှလည်း အစွမ်းကုန် တိုက်တွန်းပြောကြားနေကြောင်း ထုတ်ပြန်ရေးသားထားသည်ကို တွေ့ရသည်။ 

    -   မုိးတိမ္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။