Skip to main content
အခကြေးငွေဖြင့် ကာမပျော်ပါးမည့်အမျိုးသားထံမှ ရွှေနှင့် ငွေများ လိမ်ယူထွက်ပြေးသွားသူကို မြ၀တီမြို့တွင် ဖမ်းမိ
Ads Block

အခကြေးငွေဖြင့် ကာမပျော်ပါးမည့်အမျိုးသားထံမှ ရွှေနှင့် ငွေများ လိမ်ယူထွက်ပြေးသွားသူကို မြ၀တီမြို့တွင် ဖမ်းမိ



Unicode Version

 

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့မှ တည်းခိုးခန်းတစ်ခုတွင် အခကြေးငွေဖြင့် ကာမပျော်ပါးရန် ရောက်ရှိနေသည့် အမျိုး သားထံမှ ငွေသားနှင့် လက်ဝတ်ရတနာများ စုစုပေါင်း ကျပ်သိန်း ၁၀၀ ကျော် လိမ်လည်ထွက်ပြေးသူ ပြည့်တန်ဆာ အမျိုးသမီး တစ်ဦးကို ကရင်ပြည်နယ် မြဝတီမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၈ ရက် ညနေ ၆ နာရီ အချိန် ရွှေပြည်သာမြို့ ၅ ရပ်ကွက်မှ အမည်မသိ အမျိုးသား တစ်ဦသည် အမျိုးသမီးတစ် ဦးနှင့် ကာမပျော်ပါးရန်အတွက် ငွေကျပ် ၁၀၀၀၀ ဖြင့်  သဘောတူညီမူရပြီးနောက် တည်းခိုခန်းတွင် တည်းခိုနေစဉ် အမျိုသမီးက ဘီယာထဲ မူးယစ်စေတတ်သော ပစ္စည်းတွေနဲ့ ရောတိုက်ခဲ့ပြီး အမျိုးသား အိပ်ပျော်သွားချိန်တွင် ၎င်းအမျိုးသား ဝတ်ဆင်ထား သည့် ရွှေထည်ပစ္စည်းနှင့် ငွေသားအပါဝင် စုစုပေါင်းတန်ဖိုး သိန်း ၁၀၀ ရာကျော်ခန့်ကို ယူဆောင်ပြီး တိမ်းရှောင်သွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
တရားလိုဖြစ်သူမှ ရွှေပြည်သာ ရဲစခန်းတွင် လာရောက်အမူ့ဖွင့်ခဲ့သဖြင့် လိုက်လံစုံစမ်းရာ လိမ်လည်သွားသည့် အမျိုးသမီးမှာ မချို မင်းသူ ၂၆ နှစ် ရန်ကုန်တိုင်းဒေသကြီး ရွေပြည်သာမြို့ ထန်းခြောက်ပင် ၃၁ ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရှိရ သဖြင့် (ပ)၁၅၇၅/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၂၈/၃၈၀ဖြင့် အမူ့ဖွင့်အရေးယူခဲ့ပြီး ကရင်ပြည်နယ် မြဝတီမြို့မှာရောက်ရှိနေကြောင်း သ တင်းရရှိသဖြင့် မြဝတီမြို့မရဲစခန်းနှင့် ချိတ်ဆက် စုံစမ်းခဲ့ကြောင်း သိရသည်။
ယင်းသို့စုံစမ်းရာမှ တရားခံ မချိုမင်းသူကို မြဝတီအမှတ် ၄ ရပ်ကွက် နေအိမ်တန်းလျားတစ်ခုတွင် မေလ ၁၇ ရက်  ညနေ ၄ နာရီ အချိန်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

- ကိုကိုကြီး - မြဝတီ(အကုန်သိသတင်းဌာန)

 

 

 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။