Skip to main content
ပြည်ပလုပ်သားခေါ်ယူမှုကို ရပ်ဆိုင်းမထားကြောင်း မလေးရှား  လူသားအရင်းအမြစ်ဝန်ကြီးဌာန ထုတ်ပြန်
Ads Block

ပြည်ပလုပ်သားခေါ်ယူမှုကို ရပ်ဆိုင်းမထားကြောင်း မလေးရှား လူသားအရင်းအမြစ်ဝန်ကြီးဌာန ထုတ်ပြန်


ပြည်ပလုပ်သားခေါ်ယူမှုကို ရပ်ဆိုင်းမထားကြောင်း မလေးရှား  လူသားအရင်းအမြစ်ဝန်ကြီးဌာန ထုတ်ပြန်


မလေးရှားနိုင်ငံတွင်းမှာ အဓမ္မစေခိုင်းမှုများ မဖြစ်ပွားစေရေးအတွက် လုပ်သားဥပဒေနဲ့ စည်းမျဉ်း စည်းကမ်းတွေကို အလုပ်ရှင်တွေဘက်မှ လိုက်နာခြင်းရှိစေရန် တင်းကြပ်နေကြောင်း ၄င်းဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့ပြင် လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ ePPAx စနစ်မှတစ်ဆင့် ပြည်ပလုပ်သားများ ခေါ်ယူငှားရမ်းလိုသူ စားသောက်ဆိုင်ကဏ္ဍခွဲမှ အလုပ်ရှင်ပေါင်း ၄,၄၃၄ ဦး ရှိခဲ့ရာ ၄င်းအတွက် အလုပ်ရှင် ၁,၄၀၇ ဦးနဲ့ အလုပ်သမား ၈,၅၅၂ ဦးကို ခွင့်ပြုချက်များ ပေးခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

ပြည်ပလုပ်သားခေါ်ယူမှုကို ရပ်ဆိုင်းမထားကြောင်း မလေးရှား  လူသားအရင်းအမြစ်ဝန်ကြီးဌာန ထုတ်ပြန်

 


ထိုအလုပ်ရှင် ၅၈၀ ဦးအနက် ၅၁၇ ဦးဟာ လုပ်သားဥပဒေကို လိုက်နာရန် ပျက်ကွက်ခဲ့တဲ့အတွက် ပယ်ချခံခဲ့ရပြီး ကျန် ၆၃ ဦးကတော့ ပြည်ပလုပ်သားငှားရမ်းပိုင်ခွင့် မရှိသူများဖြစ်ကြောင်း ၄င်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။


Unicode Version

 

မလေးရှားဟာ ပြည်ပလုပ်သားခေါ်ယူမှုမှာ ဥပဒေပြဋ္ဌာန်းချက်နဲ့မကိုက်ညီတဲ့ အလုပ်လုပ်ကိုင်ခွင့် လျှောက်လွှာတွေကို ပယ်ချခဲ့ပေမယ့် ခေါ်ယူမှုကို ရပ်ဆိုင်းမထားကြောင်း မလေးရှား လူသားအရင်း အမြစ်ဝန်ကြီးဌာနက ရှင်းလင်းပြောကြားခဲ့ပါတယ်။
မလေးရှားနိုင်ငံတွင်းမှာ အဓမ္မစေခိုင်းမှုများ မဖြစ်ပွားစေရေးအတွက် လုပ်သားဥပဒေနဲ့ စည်းမျဉ်း စည်းကမ်းတွေကို အလုပ်ရှင်တွေဘက်မှ လိုက်နာခြင်းရှိစေရန် တင်းကြပ်နေကြောင်း ၎င်းဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့ပြင် လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ ePPAx စနစ်မှတစ်ဆင့် ပြည်ပလုပ်သားများ ခေါ်ယူငှားရမ်းလိုသူ စားသောက်ဆိုင်ကဏ္ဍခွဲမှ အလုပ်ရှင်ပေါင်း ၄,၄၃၄ ဦး ရှိခဲ့ရာ ၎င်းအတွက် အလုပ်ရှင် ၁,၄၀၇ ဦးနဲ့ အလုပ်သမား ၈,၅၅၂ ဦးကို ခွင့်ပြုချက်များ ပေးခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလမှာလည်း ပြည်ပလုပ်သား ခေါ်ယူငှားရမ်းလိုကြောင်း လျှောက်ထားသူ ၇၉၆ ဦး ရှိခဲ့ရာ ၂၁၆ ခုကို ခွင့်ပြုပေးခဲ့ပြီး လုပ်သား ၁,၈၄၀ ကို အလုပ်ရစေပေမယ့် ကျန် ၅၈၀ ကို ပယ်ချ ခဲ့ရကြောင်း သိရပါတယ်။

ထိုအလုပ်ရှင် ၅၈၀ ဦးအနက် ၅၁၇ ဦးဟာ လုပ်သားဥပဒေကို လိုက်နာရန် ပျက်ကွက်ခဲ့တဲ့အတွက် ပယ်ချခံခဲ့ရပြီး ကျန် ၆၃ ဦးကတော့ ပြည်ပလုပ်သားငှားရမ်းပိုင်ခွင့် မရှိသူများဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

- ZHO (အကုန်သိ သတင်းဌာန)  | (Ref : Bernama)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။