Skip to main content
ခ်င္းပါတီ သံုးပါတီေပါင္းၿပီး ပါတီတစ္ခုတည္း တည္ေထာင္ခြင့္ျပဳ
Ads Block

ခ်င္းပါတီ သံုးပါတီေပါင္းၿပီး ပါတီတစ္ခုတည္း တည္ေထာင္ခြင့္ျပဳ

ခ်င္းပါတီသံုးခုေပါင္းကာ ပါတီတစ္ခုတည္းအျဖစ္ တည္ေထာင္ေဆာင္ရြက္ခြင့့္ကုိ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္က ခြင့္ျပဳလုိက္ေၾကာင္း သိရသည္။
ခ်င္းအမ်ိဳးသား ဒီမုိကရက္တစ္ပါတီ၊ ခ်င္းတုိးတက္ေရးပါတီႏွင့္ ခ်င္းဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီတုိ႔ ပူးေပါင္းၿပီး ပါတီတစ္ခုတည္း အျဖစ္ ပူးေပါင္းေဆာင္ရြက္ခြင့္ျပဳခဲ့ေၾကာင္း ေမလ ၁၇ ရက္စြဲျဖင့္ ထုတ္ျပန္ေၾကာျငာလုိက္ျခင္း ျဖစ္သည္။

ခ်င္းပါတီ သံုးပါတီေပါင္းၿပီး ပါတီတစ္ခုတည္း တည္ေထာင္ခြင့္ျပဳ


အဆုိပါ ပါတီသံုးခုေပါင္းၿပီး ခ်င္းအမ်ိဳးသား ဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီအျဖစ္ တည္ေထာင္ခြင့္ျပဳ လုိက္ျခင္းျဖစ္ၿပီး ႏုိင္ငံေရးပါတီမ်ား မွတ္ပံုတင္ျခင္း နည္းဥပေဒ (၆) ႏွင့္ အညီ ပါတီ ပေခါင္းေဆာင္ တစ္ဦးႏွင့္ ဒုေခါင္းေဆာင္တစ္ဦးတုိ႔ကို အျမန္ဆံုးေရြးခ်ယ္ၿပီး ရက္ ေပါင္း ၃၀ အတြင္း ေကာ္မရွင္သို႔ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္းသိရသည္။
ခ်င္းအမ်ိဳးသား ဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီအျဖစ္ တည္ေထာင္ခြင့္ျပဳရာတြင္ ႏုိင္ငံေရးပါတီမ်ား မွတ္ပံုတင္ျခင္း နည္းဥပေဒ (၇) အရ မွတ္ပံုတင္ေၾကး သံုးသိန္းေပးသြင္းရန္ မလုိေၾကာင္းလည္း သိရသည္။
လက္ရွိတြင္ ခ်င္းပါတီ ၃ ပါတီအနက္  ခ်င္းဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ ၿပီးခဲ့သည့္ ၂၀၁၈ ၾကားျဖတ္ေရြး ေကာက္ပြဲတြင္ မတူပီၿမိဳ႕ နယ္ မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ေနရာ တစ္ေနရာတြင္ အနိုင္ရရွိ ထားသည့္ ပါတီျဖစ္သည္။

- ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

Unicode Version

 

ချင်းပါတီသုံးခုပေါင်းကာ ပါတီတစ်ခုတည်းအဖြစ် တည်ထောင်ဆောင်ရွက်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ကြောင်း သိရသည်။
ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီနှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ ပူးပေါင်းပြီး ပါတီတစ်ခုတည်း အဖြစ် ပူးပေါင်းဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း မေလ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ကြောငြာလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ပါတီသုံးခုပေါင်းပြီး ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအဖြစ် တည်ထောင်ခွင့်ပြု လိုက်ခြင်းဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ (၆) နှင့် အညီ ပါတီ ပခေါင်းဆောင် တစ်ဦးနှင့် ဒုခေါင်းဆောင်တစ်ဦးတို့ကို အမြန်ဆုံးရွေးချယ်ပြီး ရက် ပေါင်း ၃၀ အတွင်း ကော်မရှင်သို့ လျှောက်ထားရမည်ဖြစ်ကြောင်းသိရသည်။
ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအဖြစ် တည်ထောင်ခွင့်ပြုရာတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ (၇) အရ မှတ်ပုံတင်ကြေး သုံးသိန်းပေးသွင်းရန် မလိုကြောင်းလည်း သိရသည်။
လက်ရှိတွင် ချင်းပါတီ ၃ ပါတီအနက်  ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြီးခဲ့သည့် ၂၀၁၈ ကြားဖြတ်ရွေး ကောက်ပွဲတွင် မတူပီမြို့ နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာ တစ်နေရာတွင် အနိုင်ရရှိ ထားသည့် ပါတီဖြစ်သည်။

- ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

 

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။