Skip to main content
အီသီယုိးပီးယားမွာလည္း ေရအားလွ်ပ္စစ္ထုတ္လုပ္မႈ မျပည့္မီျခင္းေၾကာင့္ မီးအလွည့္က်ေပးသည့္စနစ္ စတင္က်င့္သုံး
Ads Block

အီသီယုိးပီးယားမွာလည္း ေရအားလွ်ပ္စစ္ထုတ္လုပ္မႈ မျပည့္မီျခင္းေၾကာင့္ မီးအလွည့္က်ေပးသည့္စနစ္ စတင္က်င့္သုံး

အီသီယုိးပီးယားႏုိင္ငံရဲ႕ ေရအားလွ်ပ္စစ္ထုတ္လႈပ္မႈဟာ ျပည္တြင္းလုိအပ္ခ်က္ကုိ မျပည့္မီတာေၾကာင့္ အိမ္သုံးနဲ႔ကုန္ထုတ္လုပ္ငန္းသုံး လွ်ပ္စစ္ဓါတ္အားျဖန္႔ေဝမႈေတြမွာ အလွည့္က်ေပးသည့္စနစ္ကုိ စတင္ေဖၚေဆာင္ေတာ့မည္ျဖစ္ေၾကာင္း ေရနဲ႔လွ်ပ္စစ္ေရးရာဝန္ႀကီးက ေမလ ၁၇ ရက္ေန႔မွာ ေၾကညာခဲ့ပါတယ္။ ဂီဘဲ(၃) ဆည္ႀကီးမွာ ေရပမာဏ ေလ်ာ့နည္းလာေနတာေၾကာင့္ ၄င္းမွထုတ္လုပ္ေပးေနတဲ့ လွ်ပ္စစ္ဓါတ္အားဟာ ၄၇၆ မီဂါဝပ္ ေလ်ာ့က်သြားခဲ့ရေၾကာင္း ဝန္ႀကီးက ေျပာၾကားခဲ့ပါတယ္။ ထုိဓါတ္အားပမာဏဟာ တစ္ႏုိင္ငံလုံးမွထုတ္လုပ္ေနတဲ့ စုစုေပါင္းပမာဏရဲ႕ ၃ ပုံ ၁ ပုံေက်ာ္ခန္႔ ရွိပါတယ္။ ဒါ့ျပင္ အိမ္နီးခ်င္း ဂ်ီဘူတီနဲ႔ဆူဒန္ႏုိင္ငံေတြထံသုိ႔ လွ်ပ္စစ္ဓါတ္အားေရာင္းခ်ေနခဲ့ရာ ယခုမွာေတာ့ တင္ပုိ႔မႈကုိ ယာယီဆုိင္းငံ့ထားလုိက္ၿပီျဖစ္ေၾကာင္းလည္း ေျပာခဲ့ပါတယ္။ အီသီယုိးပီးယားဟာ ဓါတ္အားတင္ပုိ႔မႈကေန ႏွစ္စဥ္ ေဒၚလာ သန္း ၁၈၀ ခန္႔ ဝင္ေငြရေနတဲ့ႏုိင္ငံ ျဖစ္ပါတယ္။ ဇူလုိင္လအထိ က်င့္သုံးမယ့္ မီးအလွည့္က်ေပးစနစ္ေၾကာင့္ ေနအိမ္ေတြမွာ ေန႔စဥ္ နာရီအေတာ္ အတန္ၾကာေအာင္ မီးျပတ္ေနၿပီး ထုတ္လုပ္ေရးလုပ္ငန္းေတြမွာလည္း အလုပ္ဆုိင္းေတြ ေလွ်ာ့ခ်ရဖုိ႔ ရွိလာႏုိင္ေၾကာင္း ဝန္ႀကီးက ႀကိဳတင္ေျပာၾကားထားပါတယ္။

- ZHO (အကုန္သိ သတင္းဌာန) | (Ref : Reuters)

Unicode Version


အီသီယိုးပီးယားနိုင်ငံရဲ့ ရေအားလျှပ်စစ်ထုတ်လှုပ်မှုဟာ ပြည်တွင်းလိုအပ်ချက်ကို မပြည့်မီတာကြောင့် အိမ်သုံးနဲ့ကုန်ထုတ်လုပ်ငန်းသုံး လျှပ်စစ်ဓါတ်အားဖြန့်ဝေမှုတွေမှာ အလှည့်ကျပေးသည့်စနစ်ကို စတင်ဖေါ်ဆောင်တော့မည်ဖြစ်ကြောင်း ရေနဲ့လျှပ်စစ်ရေးရာဝန်ကြီးက မေလ ၁၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ဂီဘဲ(၃) ဆည်ကြီးမှာ ရေပမာဏ လျော့နည်းလာနေတာကြောင့် ၎င်းမှထုတ်လုပ်ပေးနေတဲ့ လျှပ်စစ်ဓါတ်အားဟာ ၄၇၆ မီဂါဝပ် လျော့ကျသွားခဲ့ရကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ထိုဓါတ်အားပမာဏဟာ တစ်နိုင်ငံလုံးမှထုတ်လုပ်နေတဲ့ စုစုပေါင်းပမာဏရဲ့ ၃ ပုံ ၁ ပုံကျော်ခန့် ရှိပါတယ်။
ဒါ့ပြင် အိမ်နီးချင်း ဂျီဘူတီနဲ့ဆူဒန်နိုင်ငံတွေထံသို့ လျှပ်စစ်ဓါတ်အားရောင်းချနေခဲ့ရာ ယခုမှာတော့ တင်ပို့မှုကို ယာယီဆိုင်းငံ့ထားလိုက်ပြီဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။  အီသီယိုးပီးယားဟာ ဓါတ်အားတင်ပို့မှုကနေ နှစ်စဉ် ဒေါ်လာ သန်း ၁၈၀ ခန့် ဝင်ငွေရနေတဲ့နိုင်ငံ ဖြစ်ပါတယ်။
ဇူလိုင်လအထိ ကျင့်သုံးမယ့် မီးအလှည့်ကျပေးစနစ်ကြောင့် နေအိမ်တွေမှာ နေ့စဉ် နာရီအတော် အတန်ကြာအောင် မီးပြတ်နေပြီး ထုတ်လုပ်ရေးလုပ်ငန်းတွေမှာလည်း အလုပ်ဆိုင်းတွေ လျှော့ချရဖို့ ရှိလာနိုင်ကြောင်း ဝန်ကြီးက ကြိုတင်ပြောကြားထားပါတယ်။

- ZHO (အကုန်သိ သတင်းဌာန)  | (Ref : Reuters)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။