Skip to main content
အီရန်နဲ့ထိစပ်နေတဲ့ ပါးရှန်းနဲ့အိုမန်ပင်လယ်ကွေ့များတွင် သတိကြီးစွာဖြင့် ပျံသန်းကြရန် အမေရိကန်လေကြောင်းအာဏာပိုင်များ သတိပေး
Ads Block

အီရန်နဲ့ထိစပ်နေတဲ့ ပါးရှန်းနဲ့အိုမန်ပင်လယ်ကွေ့များတွင် သတိကြီးစွာဖြင့် ပျံသန်းကြရန် အမေရိကန်လေကြောင်းအာဏာပိုင်များ သတိပေး


အီရန်နဲ့ထိစပ်နေတဲ့ ပါးရှန်းနဲ့အိုမန်ပင်လယ်ကွေ့များတွင် သတိကြီးစွာဖြင့် ပျံသန်းကြရန် အမေရိကန်လေကြောင်းအာဏာပိုင်များ သတိပေး



ထို့နောက်မှာတော့ ၄င်းပင်လယ်ကွေ့ဒေသထဲမှာ ရေနံတင်သင်္ဘော ၄ စီး တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့တာကြောင့် အမေရိကန်ဟာ အီရတ်သို့စေလွှတ်ထားတဲ့ သံအဖွဲ့ကို လုံခြုံရေး အကြောင်းပြချက်ဖြင့် ပြန်ဆင့်ခေါ်ခဲ့ပါတယ်။

အမေရိကန်အစိုးရဟာ ဘာသာရေးအာဏာရှင်စနစ်ကျင့်သုံးတဲ့ အီရန်ကို စီးပွားရေးမှာ ပိုမိုတင်းကြပ် အရေးယူနေပြီး ၄င်းဒေသသို့ စစ်အင်အားတိုးမြှင့်ချထားနေပါတယ်။ ၄င်းမှာ အီရန်က ပျော့ပျောင်း မသွားတဲ့အပြင် ၄င်းတို့အနားသို့ ရောက်လာတဲ့ အမေရိကန်သင်္ဘောတွေကို အလွယ်တကူ ပစ်ခတ် ဖျက်ဆီးပစ်နိုင်ကြောင်း မေလ ၁၈ ရက်နေ့မှာ ထပ်ကြုံးဝါးနေပါတယ်။


Unicode Version

 

အီရန်နဲ့အမေရိကန်တို့အကြား ဆက်ဆံရေးပိုမိုတင်းမာလာနေတာကြောင့် ပါးရှန်းပင်လယ်ကွေ့နဲ့ အိုမန်ပင်လယ်ကွေ့ကို အမေရိကန်အရပ်ဖက်လေယာဉ်များ ဖြတ်ကျော်ပျံသန်းရာတွင် သတိကြီးစွာ ထားသင့်ကြောင်း အစိုးရလေကြောင်းညွှန်ကြားမှုဦးစီးဌာန(FAA)က သတိပေးချက် ထုတ်ပြန် လိုက်ပါတယ်။
၎င်းသတိပေးချက်ကို FAA က မေလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး ၁၇ ရက်နေ့မှာ ဖြန့်ဝေခဲ့ပါတယ်။ ပင်လယ်ကွေ့ဒေသမှာ စစ်ရေးလှုပ်ရှားမှုများနဲ့ နိုင်ငံရေးတင်းမာမှုများ မြင့်တက်လာနေတာကြောင့် အရပ်ဖက်လေယာဉ်တွေအပေါ် မှားယွင်းတွက်ချက်မိမှုနဲ့ ရန်သူဟုမှားယွင်းသတ်မှတ်မိမှုများ ဖြစ်လာနိုင်တဲ့အတွက် သတိပေးချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။
လတ်တလောမှာ အီရန်-အမေရိကန်ကြား ဆက်ဆံရေးအလွန်တင်းမာနေပြီး နှစ်နိုင်ငံစစ်ဖြစ်ပွားနိုင်တဲ့ အနေအထားမျိုး ရှိနေပါတယ်။ လွန်ခဲ့တဲ့ဆယ်ရက်ခန့်မှာ အမေရိကန်တို့က အီရန်နဲ့ထိစပ်နေတဲ့ ပါးရှန်းပင်လယ်ကွေ့ဆီသို့ လေယာဉ်တင်သင်္ဘောတစ်စီးနဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် တပ်ဖွဲ့တစ်ခုကို စေလွှတ်ခဲ့ပါတယ်။

ထို့နောက်မှာတော့ ၎င်းပင်လယ်ကွေ့ဒေသထဲမှာ ရေနံတင်သင်္ဘော ၄ စီး တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့တာကြောင့် အမေရိကန်ဟာ အီရတ်သို့စေလွှတ်ထားတဲ့ သံအဖွဲ့ကို လုံခြုံရေး အကြောင်းပြချက်ဖြင့် ပြန်ဆင့်ခေါ်ခဲ့ပါတယ်။

အမေရိကန်အစိုးရဟာ ဘာသာရေးအာဏာရှင်စနစ်ကျင့်သုံးတဲ့ အီရန်ကို စီးပွားရေးမှာ ပိုမိုတင်းကြပ် အရေးယူနေပြီး ၎င်းဒေသသို့ စစ်အင်အားတိုးမြှင့်ချထားနေပါတယ်။ ၎င်းမှာ အီရန်က ပျော့ပျောင်း မသွားတဲ့အပြင် ၎င်းတို့အနားသို့ ရောက်လာတဲ့ အမေရိကန်သင်္ဘောတွေကို အလွယ်တကူ ပစ်ခတ် ဖျက်ဆီးပစ်နိုင်ကြောင်း မေလ ၁၈ ရက်နေ့မှာ ထပ်ကြုံးဝါးနေပါတယ်။

- ZHO (အကုန်သိ သတင်းဌာန)  | (Ref : Reuters)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။