Skip to main content
ျပည္သူလူထု၏ အခက္အခဲကို နားလည္ေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီ ေျပာေရးဆိုခြင့္ရိွသူေျပာ
Ads Block

ျပည္သူလူထု၏ အခက္အခဲကို နားလည္ေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီ ေျပာေရးဆိုခြင့္ရိွသူေျပာ

ယေန႔ ျပည္သူေတြ႔ႀကံဳေနရသည့္ အၾကပ္အတည္းမ်ားႏွင့္ အခက္အခဲခံစားခ်က္မ်ားကို နားလည္ေၾကာင္း ျပည္ေထာင္စုႀကံ့ခိုင္ ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီ ေျပာေရးဆိုခြင့္ရိွသူ ေဒါက္တာ နႏၵာလွျမင့္ ေျပာသည္။
ဒုတိယအႀကိမ္ စိမ္းလန္းေရႊျပည္ စာေပၿပိဳင္ပြဲ ဆုခ်ီးျမႇင့္ပြဲ အခမ္းအနားသို႔ တက္ေရာက္လာစဥ္ အထက္ပါ အတိုင္းေျပာၾကားသြား ျခင္းျဖစ္သည္။
“ျပည္သူေတြႀကံဳေတြ႔ေနရတဲ့ အခက္အခဲေတြ အၾကပ္အတည္းေတြနဲ႔ ခံစားခ်က္ေတြကို ကြ်န္ေတာ္တို႔ နားလည္တယ္။ ဒါေၾကာင့္ ျပည္သူလူထုက ကြ်န္ေတာ္တို႔ကို ေရြးခ်ယ္ၿပီး ယံုၾကည္စြာ တာ၀န္ေပးမယ္ဆိုလို႔ရွိရင္ ျပည္သူခ်မ္းသာလာေအာင္ စီးပြားတိုး တက္လာေအာင္ သူတို႔လံုလံုၿခံဳၿခံဳေနႏိုင္ေအာင္တိုင္းျပည္မွာ တရားဥပေဒစိုးမိုးမႈရွိၿပီး တည္ၿငိမ္ေအးခ်မ္းေအာင္ ကြ်န္ေတာ္တို႔ အေကာင္းဆံုးေဆာင္ရြက္ေပးမယ္။ ဒါလုပ္ကို လုပ္ရမယ့္ တာ၀န္လည္းျဖစ္တယ္။ လုပ္ႏုိင္ေအာင္လည္း ကြ်န္ေတာ္တို႔ ႀကိဳးစား ေနတယ္” ဟု ေဒါက္တာနႏၵာလွျမင့္က ေျပာသည္။
ထို႔အျပင္ ပါတီအေနျဖင့္ ျပည္သူကို အလုပ္ေကၽြးျပဳရမည္ျဖစ္ၿပီး ျပည္သူ၏ ကၽြန္သေဘာမ်ိဳး လုပ္ကိုင္ေဆာင္ရြက္ရမည္ဟုလည္း ၎က ေျပာသည္။
 “ပါတီဆိုတာဟာ ျပည္သူေတြကို အလုပ္အေကြ်းျပဳရမယ္။ ျပည္သူရဲ႕ကြ်န္သေဘာမ်ိဳးပဲျဖစ္တယ္။ ဒါေၾကာင့္ ျပည္သူက သိခ်င္ မွာပဲ။ မင္းတို႔ကို ငါတို႔ကေရြးခ်ယ္ၿပီး တာ၀န္ေပးလို႔ရွိရင္ မင္းတို႔ဘာလုပ္ေပးမွာလဲ။ အဓိကကေတာ့ ကြ်န္ေတာ္တို႔ ျပည္သူေတြရဲ႕ စား၀တ္ေနေရး ေျပလည္ဖို႔လိုတယ္။ ျပည္သူဗိုက္၀ဖို႔လိုတယ္။ ခ်မ္းသာဖို႔လိုတယ္။ ၿပီးေတာ့ ကြ်န္ေတာ္တို႔ တိုင္းျပည္လံုၿခံဳဖို႔လို တယ္။ တရားဥပေဒရဲ႕ေအာက္မွာ ေအးေအးခ်မ္းခ်မ္းေနထိုင္ဖို႔လိုတယ္။ အဲဒီလိုလုပ္ႏုိင္ေအာင္ ကြ်န္ေတာ္တို႔ႀကိဳးစားေနတယ္” ဟု ေဒါတာနႏၵာလွျမင့္က ေျပာသည္။
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီအေနျဖင့္ ဥကၠ႒ႀကီး ဦးသန္းေ႒း ဦးေဆာင္မႈေအာက္၌ ႏိုင္ငံေတာ္ႏွင့္ ႏုိင္ငံသားမ်ား အတြက္ အလုပ္အေကြ်းျပဳရန္ ႀကိဳးစားေဆာင္ရြက္ေနေၾကာင္းလည္း ၎က ထည့္သြင္း ေျပာၾကားသြားခဲ့သည္။

- ဒါးဇ(အကုန္သိသတင္းဌာန)

Unicode Version

 

ယနေ့ ပြည်သူတွေ့ကြုံနေရသည့် အကြပ်အတည်းများနှင့် အခက်အခဲခံစားချက်များကို နားလည်ကြောင်း ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့် ပြောသည်။
ဒုတိယအကြိမ် စိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာစဉ် အထက်ပါ အတိုင်းပြောကြားသွား ခြင်းဖြစ်သည်။
“ပြည်သူတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေ အကြပ်အတည်းတွေနဲ့ ခံစားချက်တွေကို ကျွန်တော်တို့ နားလည်တယ်။ ဒါကြောင့် ပြည်သူလူထုက ကျွန်တော်တို့ကို ရွေးချယ်ပြီး ယုံကြည်စွာ တာဝန်ပေးမယ်ဆိုလို့ရှိရင် ပြည်သူချမ်းသာလာအောင် စီးပွားတိုး တက်လာအောင် သူတို့လုံလုံခြုံခြုံနေနိုင်အောင်တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှုရှိပြီး တည်ငြိမ်အေးချမ်းအောင် ကျွန်တော်တို့ အကောင်းဆုံးဆောင်ရွက်ပေးမယ်။ ဒါလုပ်ကို လုပ်ရမယ့် တာဝန်လည်းဖြစ်တယ်။ လုပ်နိုင်အောင်လည်း ကျွန်တော်တို့ ကြိုးစား နေတယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
ထို့အပြင် ပါတီအနေဖြင့် ပြည်သူကို အလုပ်ကျွေးပြုရမည်ဖြစ်ပြီး ပြည်သူ၏ ကျွန်သဘောမျိုး လုပ်ကိုင်ဆောင်ရွက်ရမည်ဟုလည်း ၎င်းက ပြောသည်။
 “ပါတီဆိုတာဟာ ပြည်သူတွေကို အလုပ်အကျွေးပြုရမယ်။ ပြည်သူရဲ့ကျွန်သဘောမျိုးပဲဖြစ်တယ်။ ဒါကြောင့် ပြည်သူက သိချင် မှာပဲ။ မင်းတို့ကို ငါတို့ကရွေးချယ်ပြီး တာဝန်ပေးလို့ရှိရင် မင်းတို့ဘာလုပ်ပေးမှာလဲ။ အဓိကကတော့ ကျွန်တော်တို့ ပြည်သူတွေရဲ့ စားဝတ်နေရေး ပြေလည်ဖို့လိုတယ်။ ပြည်သူဗိုက်ဝဖို့လိုတယ်။ ချမ်းသာဖို့လိုတယ်။ ပြီးတော့ ကျွန်တော်တို့ တိုင်းပြည်လုံခြုံဖို့လို တယ်။ တရားဥပဒေရဲ့အောက်မှာ အေးအေးချမ်းချမ်းနေထိုင်ဖို့လိုတယ်။ အဲဒီလိုလုပ်နိုင်အောင် ကျွန်တော်တို့ကြိုးစားနေတယ်” ဟု ဒေါတာနန္ဒာလှမြင့်က ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ဥက္ကဋ္ဌကြီး ဦးသန်းဋ္ဌေး ဦးဆောင်မှုအောက်၌ နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက် အလုပ်အကျွေးပြုရန် ကြိုးစားဆောင်ရွက်နေကြောင်းလည်း ၎င်းက ထည့်သွင်း ပြောကြားသွားခဲ့သည်။

- ဒါးဇ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။