Skip to main content
အခြန္ႏွင့္ပတ္သက္ၿပီး ဟိုတယ္ ၊ တည္းခိုခန္းႏွင့္ စားေသာက္ဆိုင္ ၄၀၀ ဝန္းက်င္ကို အေရးယူရာမွ ဒဏ္ေငြက်ပ္ ၈၇.၂၂၅ သန္း ရ႐ွိ
Ads Block

အခြန္ႏွင့္ပတ္သက္ၿပီး ဟိုတယ္ ၊ တည္းခိုခန္းႏွင့္ စားေသာက္ဆိုင္ ၄၀၀ ဝန္းက်င္ကို အေရးယူရာမွ ဒဏ္ေငြက်ပ္ ၈၇.၂၂၅ သန္း ရ႐ွိ


ဟိုတယ္ ၊ တည္းခိုခန္းႏွင့္ စားေသာက္ဆိုင္ ၄၀၀ ဝန္းက်င္၏ အခြန္ေကာက္ခံမႈႏွင့္ ပတ္သက္ၿပီး ျပည္သူမ်ား၏ သတင္းေပး တိုင္ ၾကား မႈအပါအဝင္ ေရွာင္တခင္ဝင္ေရာက္ စစ္ေဆးခဲ့ၿပီး ဒဏ္ေငြက်ပ္ ၈၇ ဒႆမ ၂၂၅ သန္းရရွိခဲ့ေၾကာင္း ျပန္ၾကားေရးအဖြဲ႔ ၊ျပည္တြင္းအခြန္မ်ားဦးစီးဌာန(ေနျပည္ေတာ္)မွ သိရသည္။
ေငြရွင္းေျပစာေပၚတြင္ အခြန္က်သင့္ေငြအတိုင္း အခြန္တံဆိပ္ မကပ္နွိပ္ျခင္း၊ ေငြသာေကာက္ခံၿပီး အခြန္တံဆိပ္ ကပ္ႏွိပ္မ ေပး ျခင္းအပါအဝင္ အခြန္ႏွင့္ပတ္သက္ၿပီး စားသုံးသူမ်ားမွတစ္ဆင့္ ဟိုတယ္ ၊တည္းခိုခန္းႏွင့္ စားေသာက္ဆိုင္ ၄၀၀ ဝန္းက်င္ကို တိုင္ၾကားမႈ႐ွိခဲ့သည့္အတြက္ ေရွာင္တခင္ဝင္ေရာက္စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အခြန္ေဆာင္ရတာကို အားလုံးသိေနၿပီ။ ဒီမွာ တခ်ိဳ႕က အခြန္ေဆာင္ရတယ္။ အခြန္တံဆိပ္ေတာ့ ကပ္မေပးတာမ်ိဳး၊ က်သင့္ အခြန္ထက္ ပိုေပးရတာမ်ိဳးေတြေပါ့။ သူတို႔မေက်နပ္တာေတြကို တိုင္ၾကတယ္။ တိုင္ၾကားမႈ ၃၈၃ ခု႐ွိတယ္။ ဒီမွာ တစ္ဆိုင္တည္း ကို ႏွစ္ခါတိုင္တာမ်ိဳးေတြလည္း႐ွိတယ္။ တိုင္တာေတြကိုေတာ့ ဒဏ္႐ိုက္တာေတြ လုပ္ေနတယ္”ဟု ျပန္ၾကားေရးအဖြဲ႔ ၊ျပည္တြင္း အခြန္မ်ားဦးစီးဌာန (ေနျပည္ေတာ္)မွ ဒုတိယၫြန္ၾကားေရးမွဴး ေဒၚေဆြေဆြခိုင္က ေျပာသည္။
ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာ တစ္ရက္မွ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလအထိ တိုင္ၾကားမႈေပါင္း ၃၈၀ ေက်ာ္ကို အမွန္တ ကယ္ က်ဴးလြန္ျခင္းရွိမရွိ စစ္ေဆးခဲ့ၿပီး အမွန္တကယ္က်ဴးလြန္သည့္ ဆိုင္မ်ားကို ဒဏ္ေငြ႐ိုက္အေရးယူခဲ့ရာ စုစုေပါင္း ျမန္မာ က်ပ္ေငြ ၈၇.၂၂၅ သန္း ရ႐ွိခဲ့ေၾကာင္း သိရသည္။
“အကိုတို႔ကေတာ့ အခြန္ေကာက္တယ္။ အစိုးရက သတ္မွတ္ထားသလိုပဲ။ တခ်ိဳ႕မေကာက္ခံတဲ့ ဆိုင္ေတြလည္း႐ွိတာ အားလုံး အသိပဲ။ မေကာက္တဲ့ ဆိုင္ကေတာ့ ပုံမွန္စားႏူန္းပဲက်မယ္၊ ၅ ရာခိုင္ႏူန္းသက္သာမယ္ေပါ့၊။ ဒီလိုဆိုင္ေတြကို ေရာဘယ္လို ထိန္း ခ်ဳပ္မလဲဆိုတာ လိုမယ္”ဟု ကမာရြတ္ၿမိဳ႕နယ္မွ Asia Food restaurant ဆိုင္ပိုင္႐ွင္ျဖစ္သူ ကိုမင္းေအာင္က ေျပာသည္။
ျပည္တြင္းအခြန္ဦးစီးဌာနမွ အခြန္အမွတ္တံဆိပ္ေခါင္းကပ္ႏွိပ္ရန္ ဟိုတယ္ ၊ စာေသာက္ဆိုင္၊ တည္းခိုခန္းေတြကို ၫႊန္ၾကားထား ေသာ္လည္း အခြန္ေကာက္ခံျခင္းမ႐ွိဘဲ လုပ္ကိုင္ေနသည့္ လုပ္ငန္းမ်ားစြာရွိေနေၾကာင္းလည္း  သိရသည္။

- စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode Version


ဟိုတယ် ၊ တည်းခိုခန်းနှင့် စားသောက်ဆိုင် ၄၀၀ ဝန်းကျင်၏ အခွန်ကောက်ခံမှုနှင့် ပတ်သက်ပြီး ပြည်သူများ၏ သတင်းပေး တိုင် ကြား မှုအပါအဝင် ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပြီး ဒဏ်ငွေကျပ် ၈၇ ဒဿမ ၂၂၅ သန်းရရှိခဲ့ကြောင်း ပြန်ကြားရေးအဖွဲ့ ၊ပြည်တွင်းအခွန်များဦးစီးဌာန(နေပြည်တော်)မှ သိရသည်။
ငွေရှင်းပြေစာပေါ်တွင် အခွန်ကျသင့်ငွေအတိုင်း အခွန်တံဆိပ် မကပ်နှိပ်ခြင်း၊ ငွေသာကောက်ခံပြီး အခွန်တံဆိပ် ကပ်နှိပ်မ ပေး ခြင်းအပါအဝင် အခွန်နှင့်ပတ်သက်ပြီး စားသုံးသူများမှတစ်ဆင့် ဟိုတယ် ၊တည်းခိုခန်းနှင့် စားသောက်ဆိုင် ၄၀၀ ဝန်းကျင်ကို တိုင်ကြားမှုရှိခဲ့သည့်အတွက် ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အခွန်ဆောင်ရတာကို အားလုံးသိနေပြီ။ ဒီမှာ တချို့က အခွန်ဆောင်ရတယ်။ အခွန်တံဆိပ်တော့ ကပ်မပေးတာမျိုး၊ ကျသင့် အခွန်ထက် ပိုပေးရတာမျိုးတွေပေါ့။ သူတို့မကျေနပ်တာတွေကို တိုင်ကြတယ်။ တိုင်ကြားမှု ၃၈၃ ခုရှိတယ်။ ဒီမှာ တစ်ဆိုင်တည်း ကို နှစ်ခါတိုင်တာမျိုးတွေလည်းရှိတယ်။ တိုင်တာတွေကိုတော့ ဒဏ်ရိုက်တာတွေ လုပ်နေတယ်”ဟု ပြန်ကြားရေးအဖွဲ့ ၊ပြည်တွင်း အခွန်များဦးစီးဌာန (နေပြည်တော်)မှ ဒုတိယညွန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာ တစ်ရက်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ တိုင်ကြားမှုပေါင်း ၃၈၀ ကျော်ကို အမှန်တ ကယ် ကျူးလွန်ခြင်းရှိမရှိ စစ်ဆေးခဲ့ပြီး အမှန်တကယ်ကျူးလွန်သည့် ဆိုင်များကို ဒဏ်ငွေရိုက်အရေးယူခဲ့ရာ စုစုပေါင်း မြန်မာ ကျပ်ငွေ ၈၇.၂၂၅ သန်း ရရှိခဲ့ကြောင်း သိရသည်။
“အကိုတို့ကတော့ အခွန်ကောက်တယ်။ အစိုးရက သတ်မှတ်ထားသလိုပဲ။ တချို့မကောက်ခံတဲ့ ဆိုင်တွေလည်းရှိတာ အားလုံး အသိပဲ။ မကောက်တဲ့ ဆိုင်ကတော့ ပုံမှန်စားနူန်းပဲကျမယ်၊ ၅ ရာခိုင်နူန်းသက်သာမယ်ပေါ့၊။ ဒီလိုဆိုင်တွေကို ရောဘယ်လို ထိန်း ချုပ်မလဲဆိုတာ လိုမယ်”ဟု ကမာရွတ်မြို့နယ်မှ Asia Food restaurant ဆိုင်ပိုင်ရှင်ဖြစ်သူ ကိုမင်းအောင်က ပြောသည်။
ပြည်တွင်းအခွန်ဦးစီးဌာနမှ အခွန်အမှတ်တံဆိပ်ခေါင်းကပ်နှိပ်ရန် ဟိုတယ် ၊ စာသောက်ဆိုင်၊ တည်းခိုခန်းတွေကို ညွှန်ကြားထား သော်လည်း အခွန်ကောက်ခံခြင်းမရှိဘဲ လုပ်ကိုင်နေသည့် လုပ်ငန်းများစွာရှိနေကြောင်းလည်း  သိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။