Skip to main content
ရန်ကုန်စတော့အိပ်ချိန်းတွင် သုံးနှစ်ကျော်အတွင်း ကျပ် ၁၁၉ ဘီလျံနီးပါး အရောင်းအဝယ်ဖြစ်
Ads Block

ရန်ကုန်စတော့အိပ်ချိန်းတွင် သုံးနှစ်ကျော်အတွင်း ကျပ် ၁၁၉ ဘီလျံနီးပါး အရောင်းအဝယ်ဖြစ်

ရန်ကုန်စတော့ အိပ်ချိန်းတွင် ငွေကြေးသက်သေခံလက်မှတ် အရောင်းအဝယ်ပြုလုပ်နိုင်ရန် စာရင်းဝင်ကုမ္ပဏီ ၅ ခုရှိပြီး စတင် တည်ထောင်သည့် အချိန်မှ လက်ရှိကာလအထိ သုံးနှစ်ကျော်အတွင်း စုစုပေါင်း ရှယ်ယာအရေအတွက် ၁၀ ဒဿမ ၅ သန်း ရောင်းချထားကြောင်း ၄င်းက ဆိုသည်။
ဧပြီလအတွင်း ငွေကြေးသက်သက်ခံလက်မှတ် အရောင်းအဝယ်ဖြစ်မှု အရေအတွက်သာမက ရှယ်ယာ ဈေးနှုန်းများပါ ကျဆင်းခဲ့ သော်လည်း လက်ရှိ မေလတွင်မူ ပြန်လည်မြင့်တက်လာကြောင်း ၄င်းက ဆို သည်။  
ငွေကြေးသက်သေခံလက်မှတ်အရောင်းအဝယ်ပြုလုပ်သည့် အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရန် မြန်မာနိုင်ငံ ငွေကြေး သက် သေခံလက်မှတ်အရောင်းအဝယ်ကော်မတီသာမက သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများ အားလုံး ပေါင်းစပ်ပြီး လုပ်ဆောင်ရမည်ဖြစ်ကာ အချို့ကဏ္ဍများတွင် နိုင်ငံတော်အဆင့်မှ အားပေးမှုဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ၄င်းက ဆို သည်။


Unicode Version

 

ရန်ကုန်စတော့အိပ်ချိန်းရှိ စာရင်းဝင်ကုမ္ပဏီများမှ ငွေကြေးသက်သေခံလက်မှတ် ရောင်းချမှု တစ်ရက်လျှင် ပျမ်းမျှ ကျပ်သန်း ၅၀ နှုန်းဖြင့် သုံးနှစ်ကျော်အတွင်း ကျပ် ၁၁၉ ဘီလျံနီးပါး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း အကြီးတန်းအမှုဆောင်အရာရှိ ဦးသက် ထွန်းဦးက ပြောသည်။
ရန်ကုန်စတော့ အိပ်ချိန်းတွင် ငွေကြေးသက်သေခံလက်မှတ် အရောင်းအဝယ်ပြုလုပ်နိုင်ရန် စာရင်းဝင်ကုမ္ပဏီ ၅ ခုရှိပြီး စတင် တည်ထောင်သည့် အချိန်မှ လက်ရှိကာလအထိ သုံးနှစ်ကျော်အတွင်း စုစုပေါင်း ရှယ်ယာအရေအတွက် ၁၀ ဒဿမ ၅ သန်း ရောင်းချထားကြောင်း ၎င်းက ဆိုသည်။
“ရန်ကုန်စတော့ အိပ်ချိန်းက တည်ထောင်တာ သုံးနှစ်နဲ့ တစ်လအတွင်းမှာ စာရင်းဝင် ကုမ္ပဏီ ၅ ခုကနေ  တန်ဖိုးကျပ် ၁၁၈ ဒဿမ ၇၅ ဘီလျံဖိုး အရောင်းအဝယ်ဖြစ်ခဲ့ပြီ ဖြစ်ပါတယ်။ ပျမ်းမျှဆိုရင် တစ်ရက်ကို ကုမ္ပဏီ ၅ ခုကနေ သန်း ၅၀ အထိရောင်း ရပါတယ်။ ဧပြီကတော့ ထုံးစံအတိုင်း ပိတ်ရက်တွေ များနေတော့ အရောင်းအဝယ်ကျနေတယ်။ မေလကတော့ ပြန်တက်လာ တယ်”  ဟု ဦးသက် ထွန်းဦးက ဆိုသည်။
ဧပြီလအတွင်း ငွေကြေးသက်သက်ခံလက်မှတ် အရောင်းအဝယ်ဖြစ်မှု အရေအတွက်သာမက ရှယ်ယာ ဈေးနှုန်းများပါ ကျဆင်းခဲ့ သော်လည်း လက်ရှိ မေလတွင်မူ ပြန်လည်မြင့်တက်လာကြောင်း ၎င်းက ဆို သည်။  
ငွေကြေးသက်သေခံလက်မှတ်အရောင်းအဝယ်ပြုလုပ်သည့် အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရန် မြန်မာနိုင်ငံ ငွေကြေး သက် သေခံလက်မှတ်အရောင်းအဝယ်ကော်မတီသာမက သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများ အားလုံး ပေါင်းစပ်ပြီး လုပ်ဆောင်ရမည်ဖြစ်ကာ အချို့ကဏ္ဍများတွင် နိုင်ငံတော်အဆင့်မှ အားပေးမှုဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ၎င်းက ဆို သည်။

- သင်းသင်းလှိုင် (အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။