Skip to main content
မကၠဆီကုိတြင္ ေတာမီးမ်ား ေလာင္ကၽြမ္းမႈေၾကာင့္ၿမိဳ႕ေတာ္တြင္ ေလထုညစ္ညမ္းမႈအေျခအေန ပုိမုိဆုိး႐ြားလာေန
Ads Block

မကၠဆီကုိတြင္ ေတာမီးမ်ား ေလာင္ကၽြမ္းမႈေၾကာင့္ၿမိဳ႕ေတာ္တြင္ ေလထုညစ္ညမ္းမႈအေျခအေန ပုိမုိဆုိး႐ြားလာေန

      
 

ယခုရက္ပိုင္း မကၠဆီကိုစီးတီးတြင္ ျပင္းထန္တဲ့ ေလထုညစ္ညမ္းမႈမ်ားျဖစ္ေပၚေနေသာေၾကာင့္ ၾကာသပေတးေန႔မွာ အာဏာပိုင္မ်ားက အေျခခံေက်ာင္းမ်ား ပိတ္ထားဖို႔အမိန္႔ထုတ္ျပန္ခဲ့ၿပီး ေဒသခံျပည္သူ မ်ားကိုလည္း အတတ္ႏိုင္ဆံုးအျပင္မထြက္ၾကဖို႔ အႀကံျပဳခဲ့ပါတယ္။

မကၠဆီကုိတြင္ ေတာမီးမ်ား ေလာင္ကၽြမ္းမႈေၾကာင့္ၿမိဳ႕ေတာ္တြင္ ေလထုညစ္ညမ္းမႈအေျခအေန ပုိမုိဆုိး႐ြားလာေန


သဘာ၀ပတ္၀န္းက်င္ အေရးေပၚစီမံခ်က္ဌာနရဲ႕ တရား၀င္ထုတ္ျပန္ခ်က္အရ ေလထုညစ္ညမ္းမႈေတြဟာ ေတာမီးေလာင္မႈေၾကာင့္ ပိုမိုဆိုး၀ါးခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ အေမရိကန္ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး ေအဂ်င္စီရဲ႕ ေလထုအရည္အေသြး စမ္းသပ္ခ်က္ညႊန္းကိန္း (AQI) ေတြအရ မကၠဆီကိုစီးတီး ေလထုဟာ အဆင့္ ၁၆၆ ျဖင့္ သန္႔စင္မႈေလ်ာ့က်ေနၿပီး အဲ့ဒါက ေလထုညစ္ညမ္းေနမႈကုိ ေဖၚျပပါတယ္။
မကၠဆီကုိစီးတီးမွာေနထိုင္တဲ့ လူဦးေရ ၂၁ သန္းေက်ာ္တို႔ဟာ ယင္းကဲ့သို႔ေလထုညစ္ညမ္းမႈကို ဆယ္စုႏွစ္ တစ္စုၾကာေအာင္ ခံစားေနရၿပီး ယင္းကိစၥအတြက္ အေရးေပၚလုပ္ေဆာင္ခ်က္ေတြက အရမ္းကို ေႏွးေကြးေနတယ္လို႔ ေဒသခံျပည္သူတစ္ခ်ိဳ႕က ေျပာေနပါတယ္။ ဒါေပမဲ့ ၿမိဳ႕ေတာ္ဝန္ကေတာ့ သူတို႕က ေကာင္းမြန္တဲ့စီမံကိန္းေတြနဲ႔ က်ယ္က်ယ္ျပန္႔ျပန္႔လုပ္ေဆာင္ေနေပမယ့္ ကားေတြ စက္ရံုေတြက ထြက္တဲ့ ဓာတ္ေငြ႔ေတြ၊ အပူခ်ိန္ျမင့္တက္လာမႈႏွင့္ ေတာမီးေလာင္မႈေတြ စတဲ့ျပႆနာေတြေၾကာင့္ ေလထုညစ္ညမ္း မႈေတြ ကာလရွည္ၾကာျဖစ္ေပၚေနတုန္းပဲလို႔ ဆိုပါတယ္။
မကၠဆီကို သဘာ၀ပတ္၀န္းက်င္ဆိုင္ရာဌာနရဲ႕ မွတ္တမ္းေတြအရ ယခုသီတင္းပတ္အတြင္း ႏိုင္ငံရဲ႕ျပည္နယ္ ၃၂ ခု မွာ အႀကိမ္ ၁၀၀ ထက္မနည္း ေတာင္မီးေလာင္ကၽြမ္းမႈေတြရွိခဲ့တယ္လို႔ သိရပါတယ္။

- ေမ (အကုန္သိ သတင္းဌာန) | (Ref: CNN)

Unicode Version

      

ယခုရက်ပိုင်း မက္ကဆီကိုစီးတီးတွင် ပြင်းထန်တဲ့ လေထုညစ်ညမ်းမှုများဖြစ်ပေါ်နေသောကြောင့် ကြာသပတေးနေ့မှာ အာဏာပိုင်များက အခြေခံကျောင်းများ ပိတ်ထားဖို့အမိန့်ထုတ်ပြန်ခဲ့ပြီး ဒေသခံပြည်သူ များကိုလည်း အတတ်နိုင်ဆုံးအပြင်မထွက်ကြဖို့ အကြံပြုခဲ့ပါတယ်။
သဘာဝပတ်ဝန်းကျင် အရေးပေါ်စီမံချက်ဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်အရ လေထုညစ်ညမ်းမှုတွေဟာ တောမီးလောင်မှုကြောင့် ပိုမိုဆိုးဝါးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီရဲ့ လေထုအရည်အသွေး စမ်းသပ်ချက်ညွှန်းကိန်း (AQI) တွေအရ မက္ကဆီကိုစီးတီး လေထုဟာ အဆင့် ၁၆၆ ဖြင့် သန့်စင်မှုလျော့ကျနေပြီး အဲ့ဒါက လေထုညစ်ညမ်းနေမှုကို ဖေါ်ပြပါတယ်။
မက္ကဆီကိုစီးတီးမှာနေထိုင်တဲ့ လူဦးရေ ၂၁ သန်းကျော်တို့ဟာ ယင်းကဲ့သို့လေထုညစ်ညမ်းမှုကို ဆယ်စုနှစ် တစ်စုကြာအောင် ခံစားနေရပြီး ယင်းကိစ္စအတွက် အရေးပေါ်လုပ်ဆောင်ချက်တွေက အရမ်းကို နှေးကွေးနေတယ်လို့ ဒေသခံပြည်သူတစ်ချို့က ပြောနေပါတယ်။ ဒါပေမဲ့ မြို့တော်ဝန်ကတော့ သူတို့က ကောင်းမွန်တဲ့စီမံကိန်းတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေပေမယ့် ကားတွေ စက်ရုံတွေက ထွက်တဲ့ ဓာတ်ငွေ့တွေ၊ အပူချိန်မြင့်တက်လာမှုနှင့် တောမီးလောင်မှုတွေ စတဲ့ပြဿနာတွေကြောင့် လေထုညစ်ညမ်း မှုတွေ ကာလရှည်ကြာဖြစ်ပေါ်နေတုန်းပဲလို့ ဆိုပါတယ်။
မက္ကဆီကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာဌာနရဲ့ မှတ်တမ်းတွေအရ ယခုသီတင်းပတ်အတွင်း နိုင်ငံရဲ့ပြည်နယ် ၃၂ ခု မှာ အကြိမ် ၁၀၀ ထက်မနည်း တောင်မီးလောင်ကျွမ်းမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

- မေ (အကုန်သိ သတင်းဌာန) | (Ref: CNN)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။