Skip to main content
အၾကမ္းဖက္တုိက္ခုိက္ရန္ စီစဥ္ေနသည့္ စစ္ေသြးႂကြ ၂၉ ဦးကုိ အင္ဒုိနီးရွားရဲမ်ား ေဖၚထုတ္ဖမ္းဆီး
Ads Block

အၾကမ္းဖက္တုိက္ခုိက္ရန္ စီစဥ္ေနသည့္ စစ္ေသြးႂကြ ၂၉ ဦးကုိ အင္ဒုိနီးရွားရဲမ်ား ေဖၚထုတ္ဖမ္းဆီး

အင္ဒုိနီးရွားမွာ ႏုိင္ငံေရးခ်ီတက္ဆႏၵျပပြဲ က်င္းပတာကို အၾကမ္းဖက္တုိက္ခုိက္ရန္ စီစဥ္ေနတဲ့ အစၥလာမစ္စစ္ေသြးႂကြ ၃၀ နီးပါးကုိ ရဲတပ္ဖြဲ႕ဝင္မ်ား ေဖၚထုတ္ဖမ္းဆီးႏုိင္ခဲ့ေၾကာင္း ေမလ ၁၇ ရက္ေန႔မွာ သတင္းရရွိပါတယ္။ အတုိက္အခံႏုိင္ငံေရးသမား ပရာဘုိဆူဘီယန္တုိဟာ ၂၀၁၉ ဧၿပီလ သမၼတေ႐ြးေကာက္ပြဲမွာ လက္ရွိသမၼတ ၀ီဒိုဒုိကုိ ႐ႈံးနိမ့္ခဲ့ပါတယ္။ ထုိသုိ႔႐ႈံးနိမ့္ျခင္းကုိ ဆူဘီယန္တုိ က လက္မခံတဲ့အျပင္ ၄င္းအားေထာက္ခံသူေတြကလည္း ေ႐ြးေကာက္ပြဲေကာ္မရွင္ဆီသုိ႔ ေမလ ၂၂ ရက္ေန႔မွာ ခ်ီတက္ဆႏၵျပရန္ ျပင္ဆင္ေနပါတယ္။ စစ္ေသြးႂကြေတြဟာ ၄င္းခ်ီတက္ပြဲမွာ အၾကမ္းဖက္တုိက္ခုိက္ရန္ စီစဥ္ေနသူေတြျဖစ္ၿပီး အစၥလာမ္ သာသနာမွာ ဒီမုိကေရစီစနစ္ကုိ တားျမစ္ထားေၾကာင္း ယုံၾကည္ၾကသူေတြ ျဖစ္ပါတယ္။ ၄င္းတုိ႔ကုိ လြန္ခဲ့တဲ့ ၂ ပတ္အတြင္းမွာ စတင္ဖမ္းဆီးထိန္းသိမ္းခဲ့ၾကရာ စုစုေပါင္း ၂၉ ဦး ဖမ္းမိ ထားေၾကာင္း သိရပါတယ္။ ၄င္းတုိ႔အနက္ အခ်ိဳ႕ဟာ ဆီးရီးယားမွာ ႏွစ္နဲ႔ခ်ီၾကာျမင့္ေအာင္ စစ္တုိက္ခဲ့ဖူးတဲ့ IS အဖြဲ႕ဝင္ေတြျဖစ္ၾကၿပီး က်န္သူေတြကေတာ့ Jamaah Ansharut Daulah (JAD) အၾကမ္းဖက္အဖြဲ႕ဝင္ေတြ ျဖစ္ၾကပါတယ္။ ဖမ္းမိထားသူအခ်ိဳ႕ဟာ ဗုံး၊ လက္နက္ျပဳလုပ္ေရး ကၽြမ္းက်င္သူေတြျဖစ္ၿပီး JAD အဖြဲ႕ဝင္မ်ားအနက္ ၉ ဦးဆုိလွ်င္ ဆီးရီးယားသုိ႔သြားေရာက္ၿပီး ေလ့က်င့္ေရးဆင္းခဲ့ၾကသူေတြျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ ေျပာေရးဆုိခြင့္ရွိသူတစ္ဦးထံမွ သိရပါတယ္။ ထြက္ေျပးလြတ္ေျမာက္သြားတဲ့ စစ္ေသြးႂကြအခ်ိဳ႕လည္း ရွိေနႏုိင္တာေၾကာင့္ ေမလ ၂၂ ရက္ေန႔ ဆႏၵျပပြဲမွာ ပါဝင္ခ်ီတက္ျခင္းမျပဳၾကရန္ ရဲတပ္ဖြဲ႕က အၾကံေပးခ်က္ ထုတ္ျပန္ထားပါတယ္။ အင္ဒုိနီးရွားမွာ ၂၀၁၈ ခုႏွစ္အတြင္း ဘုရားေက်ာင္းမ်ားအား ဗုံးခြဲတုိက္ခုိက္မႈေတြ ျဖစ္ပြားခဲ့တာေၾကာင့္ လူတစ္ဒါဇင္ခန္႔ ေသဆုံးခဲ့ရၿပီး ဒဏ္ရာရသူ အမ်ားအျပားရွိခဲ့ပါတယ္။ ထုိသုိ႔တုိက္ခုိက္မႈေတြ ျဖစ္ပြား ခဲ့တာေၾကာင့္ အစြန္းေရာက္ေတြကုိ ႏွိမ္နင္းေရးအတြက္ အၾကမ္းဖက္တုိက္ဖ်က္ေရးဥပေဒကုိ သမၼတ ဝီဒုိဒုိက ပုိမုိတင္းၾကပ္ခဲ့ပါတယ္။

- ZHO (အကုန္သိ သတင္းဌာန)  (Ref : Bangkokpost)

Unicode Version

 

အင်ဒိုနီးရှားမှာ နိုင်ငံရေးချီတက်ဆန္ဒပြပွဲ ကျင်းပတာကို အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေတဲ့ အစ္စလာမစ်စစ်သွေးကြွ ၃၀ နီးပါးကို ရဲတပ်ဖွဲ့ဝင်များ ဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း မေလ ၁၇ ရက်နေ့မှာ သတင်းရရှိပါတယ်။
အတိုက်အခံနိုင်ငံရေးသမား ပရာဘိုဆူဘီယန်တိုဟာ ၂၀၁၉ ဧပြီလ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဝီဒိုဒိုကို ရှုံးနိမ့်ခဲ့ပါတယ်။ ထိုသို့ရှုံးနိမ့်ခြင်းကို ဆူဘီယန်တို က လက်မခံတဲ့အပြင် ၎င်းအားထောက်ခံသူတွေကလည်း ရွေးကောက်ပွဲကော်မရှင်ဆီသို့ မေလ ၂၂ ရက်နေ့မှာ ချီတက်ဆန္ဒပြရန် ပြင်ဆင်နေပါတယ်။
စစ်သွေးကြွတွေဟာ ၎င်းချီတက်ပွဲမှာ အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေသူတွေဖြစ်ပြီး အစ္စလာမ် သာသနာမှာ ဒီမိုကရေစီစနစ်ကို တားမြစ်ထားကြောင်း ယုံကြည်ကြသူတွေ ဖြစ်ပါတယ်။
၎င်းတို့ကို လွန်ခဲ့တဲ့ ၂ ပတ်အတွင်းမှာ စတင်ဖမ်းဆီးထိန်းသိမ်းခဲ့ကြရာ စုစုပေါင်း ၂၉ ဦး ဖမ်းမိ ထားကြောင်း သိရပါတယ်။ ၎င်းတို့အနက် အချို့ဟာ ဆီးရီးယားမှာ နှစ်နဲ့ချီကြာမြင့်အောင် စစ်တိုက်ခဲ့ဖူးတဲ့ IS အဖွဲ့ဝင်တွေဖြစ်ကြပြီး ကျန်သူတွေကတော့ Jamaah Ansharut Daulah (JAD) အကြမ်းဖက်အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။
ဖမ်းမိထားသူအချို့ဟာ ဗုံး၊ လက်နက်ပြုလုပ်ရေး ကျွမ်းကျင်သူတွေဖြစ်ပြီး JAD အဖွဲ့ဝင်များအနက် ၉ ဦးဆိုလျှင် ဆီးရီးယားသို့သွားရောက်ပြီး လေ့ကျင့်ရေးဆင်းခဲ့ကြသူတွေဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးထံမှ သိရပါတယ်။
ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်သွေးကြွအချို့လည်း ရှိနေနိုင်တာကြောင့် မေလ ၂၂ ရက်နေ့ ဆန္ဒပြပွဲမှာ ပါဝင်ချီတက်ခြင်းမပြုကြရန် ရဲတပ်ဖွဲ့က အကြံပေးချက် ထုတ်ပြန်ထားပါတယ်။

အင်ဒိုနီးရှားမှာ ၂၀၁၈ ခုနှစ်အတွင်း ဘုရားကျောင်းများအား ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူတစ်ဒါဇင်ခန့် သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့ပါတယ်။ ထိုသို့တိုက်ခိုက်မှုတွေ ဖြစ်ပွား ခဲ့တာကြောင့် အစွန်းရောက်တွေကို နှိမ်နင်းရေးအတွက် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကို သမ္မတ ဝီဒိုဒိုက ပိုမိုတင်းကြပ်ခဲ့ပါတယ်။

- ZHO (အကုန်သိ သတင်းဌာန)  | (Ref : Bangkokpost)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။