Skip to main content
အိႏၵိယေ႐ြးေကာက္ပြဲမွာ ဝင္အေ႐ြးခံသူမ်ားထဲ ရာဇဝတ္မႈ စြဲခ်က္မကင္းသူ ၅ ဦးလွ်င္ ၁ ဦးႏႈန္း ရွိေန
Ads Block

အိႏၵိယေ႐ြးေကာက္ပြဲမွာ ဝင္အေ႐ြးခံသူမ်ားထဲ ရာဇဝတ္မႈ စြဲခ်က္မကင္းသူ ၅ ဦးလွ်င္ ၁ ဦးႏႈန္း ရွိေန

အိႏၵိယမွာ ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္သူမ်ားထဲ ရာဇဝတ္မႈက်ဴးလြန္ေၾကာင္း စြဲခ်က္တင္ခံထားရသူေတြ တစ္ႏွစ္ထက္တစ္ႏွစ္ တုိးလာရာ ယခု ၂၀၁၉ ခုႏွစ္ေ႐ြးေကာက္ပြဲမွာ စံခ်ိန္သစ္ထပ္တင္ႏုိင္ခဲ့ၿပီး ဝန္ႀကီးခ်ဳပ္ မုိဒီရဲ႕ BJP ပါတီက ပင္မအတုိက္အခံ Congress ပါတီကုိ ႏွာတစ္ဖ်ားအသာျဖင့္ အႏုိင္ရခဲ့ေၾကာင္း သိရပါတယ္။

အိႏၵိယေ႐ြးေကာက္ပြဲမွာ ဝင္အေ႐ြးခံသူမ်ားထဲ ရာဇဝတ္မႈ စြဲခ်က္မကင္းသူ ၅ ဦးလွ်င္ ၁ ဦးႏႈန္း ရွိေန


အိႏၵိယရဲ႕ တရားစီရင္ေရးစနစ္ဟာ အမႈေတြ ႏွစ္ေဆြးသြားႏုိင္တဲ့အထိ ေႏွးေကြးေလးလံျခင္းေၾကာင့္ အျပင္ ဝင္ေရာက္ယွဥ္ၿပိဳင္သူေတြအဖုိ႔ တရားမွ်တမႈရွိေစရန္အတြက္ စြဲခ်က္တင္ခံရေသာ္လည္း ျပစ္မႈမထင္ရွားေသးသေ႐ြ႕ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ေပးသည့္စနစ္ကုိ ေ႐ြးေကာက္ပြဲဥပေဒမွာ ျပ႒ာန္းေပးထားပါတယ္။
၄င္းမွာ ဝင္ေရာက္ယွဥ္ၿပိဳင္သူေတြထဲ လူသတ္မႈမွသည္ အဓိက႐ုဏ္းျဖစ္ေစရန္ ေသြးထုိးလႈံ႕ေဆာ္မႈ အထိေသာ ရာဇဝတ္မႈအမ်ိဳးမ်ိဳးျဖင့္ စြဲခ်က္တင္ခံထားရသူဦးေရဟာ တစ္ႏွစ္ထက္တစ္ႏွစ္ ပုိမ်ား လာေနပါတယ္။

ထုိကဲ့သုိ႔ေသာ ပုဂၢိဳလ္မ်ိဳးေတြဟာ ေငြေၾကးအင္အား ေတာင့္တင္းေလ့ရွိတဲ့အျပင္ သက္ဆုိင္ရာေဒသ ေတြမွာ ၾသဇာေညာင္းသူေတြ ျဖစ္ေနေလ့ရွိတာေၾကာင့္ ၄င္းတုိ႔ကုိ ပါတီေတြက လုိက္လံသိမ္းသြင္း စုေဆာင္းေလ့ရွိပါတယ္။

ယခုက်င္းပခဲ့တဲ့ ၂၀၁၉ အေထြေထြေ႐ြးေကာက္ပြဲမွာ ယွဥ္ၿပိဳင္သူ ၅ ဦးလွ်င္ ၁ ဦးႏႈန္းဟာ ရာဇဝတ္မႈစြဲခ်က္ေတြ တင္ရွိေနသူမ်ား ျဖစ္ၾကပါတယ္။ ၂၀၁၄ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲမွာ ၁၇ ရာခုိင္ႏႈန္း၊ ၂၀၀၉ ခုႏွစ္မွာ ၁၅ ရာခုိင္ႏႈန္းရွိခဲ့ရာမွ ယခုႏွစ္မွာ ၂၀ ရာခုိင္ႏႈန္းအထိ တုိးလာခဲ့ပါတယ္။

တစ္ပါတီခ်င္းအလိုက္မွာေတာ့ ဝန္ႀကီးခ်ဳပ္မုိဒီရဲ႕ BJP ပါတီမွ ဝင္ေရာက္ယွဥ္ၿပိဳင္သူေတြထဲမွာ စြဲခ်က္တင္ရွိေနသူ ၄၀ ရာခုိင္ႏႈန္းအထိ ပါေနတာေၾကာင့္ အမ်ားဆုံးဘြဲ႕ကုိ ၄င္းတုိ႔ပါတီက ရရွိသြားပါတယ္။ ပင္မအတုိက္အခံ Congress ပါတီကေတာ့ ၃၉ ရာခုိင္ႏႈန္းျဖင့္ ဒုတိယခ်ိတ္ခဲ့ပါတယ္။

အိႏၵိယကြန္ျမဴနစ္ပါတီမွ ဝင္အေ႐ြးခံသူေတြထဲမွာလည္း စြဲခ်က္တင္ရွိေနသူ ၅၈ ရာခုိင္ႏႈန္း ပါဝင္ေနေပမယ့္ ၄င္းတုိ႔ဟာ ပါတီငယ္ျဖစ္တာေၾကာင့္ အေရအတြက္မွာေတာ့ BJP နဲ႔ Congress ကုိ မယွဥ္သာခဲ့ပါဘူး။

၂၀၁၉ ခုႏွစ္ အိႏၵိယေ႐ြးေကာက္ပြဲကုိ ဧၿပီ ၁၁ မွ ေမလ ၁၉ ရက္ေန႔အတြင္း က်င္းပၿပီး ေမလ ၂၃ ရက္ေန႔မွာ မဲစတင္ေရတြက္ပါမယ္။ မဲရလဒ္မ်ား မထြက္ေသးေပမယ့္ BJP နဲ႔ ၄င္းတုိ႔ရဲ႕မဟာမိတ္ေတြ အႏုိင္ရရွိလိမ့္မယ္လုိ႔ တစ္ေျပးေနပါတယ္။

တစ္ဦးခ်င္းအလုိက္မွာလည္း BJP ပါတီမွ ဝင္အေ႐ြးခံသူတစ္ဦးဟာ စြဲခ်က္ေပါင္း ၂၄၀ ခု ျဖင့္ အမ်ားဆုံးျဖစ္ခဲ့ၿပီး Congress ပါတီမွ ယွဥ္ၿပိဳင္သူတစ္ဦးကေတာ့ စြဲခ်က္ ၂၀၄ ခုျဖင့္ ဒုတိယခိ်တ္ခဲ့ပါတယ္။

ဝင္အေ႐ြးခံသူေတြအနက္ ရာဇဝတ္မႈစြဲခ်က္တင္ရွိေနသူေတြကုိ တကယ္အလုပ္လုပ္မယ့္သူမ်ားဟု ယူဆၾကတဲ့အတြက္ ျပည္သူေတြက မဲေပးေလ့ရွိေၾကာင္း ႏုိင္ငံေရးေလ့လာသူေတြက သုံးသပ္ထားပါတယ္။

ယခင္ႏွစ္မွာလည္း မဲေပးမယ့္ျပည္သူ၂ သိန္းခြဲကုိ စစ္တမ္းေကာက္ၾကည့္ခဲ့ရာ ရာဇဝတ္မႈေနာက္ေၾကာင္းမရွင္းတဲ့ ပုဂိၢဳလ္ေတြ လႊတ္ေတာ္မွာ ေနရာမရထုိက္ဟု ႐ႈျမင္သူ ၉၈ ရာခုိင္ႏႈန္း ရွိေၾကာင္း ေတြ႕ခဲ့ရပါတယ္။ ဒါေပမဲ့ ၄င္းတုိ႔ရဲ႕ အမ်ိဳးဇာတ္နဲ႔ ယခင္မွာ ရလဒ္ေကာင္းမ်ား ဖန္တီးေပးခဲ့ျခင္း ရွိမရွိတုိ႔အေပၚမူတည္ၿပီး ေထာက္ခံမဲေပးမယ့္သူဟာ ၃၅ ရာခုိင္ႏႈန္းေတာင္ ရွိေနပါတယ္။

- ZHO (အကုန္သိ သတင္းဌာန) | (Ref : Reuters)

Unicode Version

 

အိန္ဒိယမှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူများထဲ ရာဇဝတ်မှုကျူးလွန်ကြောင်း စွဲချက်တင်ခံထားရသူတွေ တစ်နှစ်ထက်တစ်နှစ် တိုးလာရာ ယခု ၂၀၁၉ ခုနှစ်ရွေးကောက်ပွဲမှာ စံချိန်သစ်ထပ်တင်နိုင်ခဲ့ပြီး ဝန်ကြီးချုပ် မိုဒီရဲ့ BJP ပါတီက ပင်မအတိုက်အခံ Congress ပါတီကို နှာတစ်ဖျားအသာဖြင့် အနိုင်ရခဲ့ကြောင်း သိရပါတယ်။
အိန္ဒိယရဲ့ တရားစီရင်ရေးစနစ်ဟာ အမှုတွေ နှစ်ဆွေးသွားနိုင်တဲ့အထိ နှေးကွေးလေးလံခြင်းကြောင့် အပြင် ဝင်ရောက်ယှဉ်ပြိုင်သူတွေအဖို့ တရားမျှတမှုရှိစေရန်အတွက် စွဲချက်တင်ခံရသော်လည်း ပြစ်မှုမထင်ရှားသေးသရွေ့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးသည့်စနစ်ကို ရွေးကောက်ပွဲဥပဒေမှာ ပြဋ္ဌာန်းပေးထားပါတယ်။
၎င်းမှာ ဝင်ရောက်ယှဉ်ပြိုင်သူတွေထဲ လူသတ်မှုမှသည် အဓိကရုဏ်းဖြစ်စေရန် သွေးထိုးလှုံ့ဆော်မှု အထိသော ရာဇဝတ်မှုအမျိုးမျိုးဖြင့် စွဲချက်တင်ခံထားရသူဦးရေဟာ တစ်နှစ်ထက်တစ်နှစ် ပိုများ လာနေပါတယ်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးတွေဟာ ငွေကြေးအင်အား တောင့်တင်းလေ့ရှိတဲ့အပြင် သက်ဆိုင်ရာဒေသ တွေမှာ သြဇာညောင်းသူတွေ ဖြစ်နေလေ့ရှိတာကြောင့် ၎င်းတို့ကို ပါတီတွေက လိုက်လံသိမ်းသွင်း စုဆောင်းလေ့ရှိပါတယ်။

ယခုကျင်းပခဲ့တဲ့ ၂၀၁၉ အထွေထွေရွေးကောက်ပွဲမှာ ယှဉ်ပြိုင်သူ ၅ ဦးလျှင် ၁ ဦးနှုန်းဟာ ရာဇဝတ်မှုစွဲချက်တွေ တင်ရှိနေသူများ ဖြစ်ကြပါတယ်။ ၂၀၁၄ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ၁၇ ရာခိုင်နှုန်း၊ ၂၀၀၉ ခုနှစ်မှာ ၁၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်မှာ ၂၀ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပါတယ်။

တစ်ပါတီချင်းအလိုက်မှာတော့ ဝန်ကြီးချုပ်မိုဒီရဲ့ BJP ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သူတွေထဲမှာ စွဲချက်တင်ရှိနေသူ ၄၀ ရာခိုင်နှုန်းအထိ ပါနေတာကြောင့် အများဆုံးဘွဲ့ကို ၎င်းတို့ပါတီက ရရှိသွားပါတယ်။ ပင်မအတိုက်အခံ Congress ပါတီကတော့ ၃၉ ရာခိုင်နှုန်းဖြင့် ဒုတိယချိတ်ခဲ့ပါတယ်။

အိန္ဒိယကွန်မြူနစ်ပါတီမှ ဝင်အရွေးခံသူတွေထဲမှာလည်း စွဲချက်တင်ရှိနေသူ ၅၈ ရာခိုင်နှုန်း ပါဝင်နေပေမယ့် ၎င်းတို့ဟာ ပါတီငယ်ဖြစ်တာကြောင့် အရေအတွက်မှာတော့ BJP နဲ့ Congress ကို မယှဉ်သာခဲ့ပါဘူး။

၂၀၁၉ ခုနှစ် အိန္ဒိယရွေးကောက်ပွဲကို ဧပြီ ၁၁ မှ မေလ ၁၉ ရက်နေ့အတွင်း ကျင်းပပြီး မေလ ၂၃ ရက်နေ့မှာ မဲစတင်ရေတွက်ပါမယ်။ မဲရလဒ်များ မထွက်သေးပေမယ့် BJP နဲ့ ၎င်းတို့ရဲ့မဟာမိတ်တွေ အနိုင်ရရှိလိမ့်မယ်လို့ တစ်ပြေးနေပါတယ်။

တစ်ဦးချင်းအလိုက်မှာလည်း BJP ပါတီမှ ဝင်အရွေးခံသူတစ်ဦးဟာ စွဲချက်ပေါင်း ၂၄၀ ခု ဖြင့် အများဆုံးဖြစ်ခဲ့ပြီး Congress ပါတီမှ ယှဉ်ပြိုင်သူတစ်ဦးကတော့ စွဲချက် ၂၀၄ ခုဖြင့် ဒုတိယချိတ်ခဲ့ပါတယ်။

ဝင်အရွေးခံသူတွေအနက် ရာဇဝတ်မှုစွဲချက်တင်ရှိနေသူတွေကို တကယ်အလုပ်လုပ်မယ့်သူများဟု ယူဆကြတဲ့အတွက် ပြည်သူတွေက မဲပေးလေ့ရှိကြောင်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။

ယခင်နှစ်မှာလည်း မဲပေးမယ့်ပြည်သူ၂ သိန်းခွဲကို စစ်တမ်းကောက်ကြည့်ခဲ့ရာ ရာဇဝတ်မှုနောက်ကြောင်းမရှင်းတဲ့ ပုဂ္ဂိုလ်တွေ လွှတ်တော်မှာ နေရာမရထိုက်ဟု ရှုမြင်သူ ၉၈ ရာခိုင်နှုန်း ရှိကြောင်း တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ၎င်းတို့ရဲ့ အမျိုးဇာတ်နဲ့ ယခင်မှာ ရလဒ်ကောင်းများ ဖန်တီးပေးခဲ့ခြင်း ရှိမရှိတို့အပေါ်မူတည်ပြီး ထောက်ခံမဲပေးမယ့်သူဟာ ၃၅ ရာခိုင်နှုန်းတောင် ရှိနေပါတယ်။

- ZHO (အကုန်သိ သတင်းဌာန)  | (Ref : Reuters)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။