Skip to main content
Ads Block

" ဆန္စပါးေစ်း ေလ်ာ့ေပးတဲ့သူကုိ " ဖမ္း " လုိ ့အစုိးရက ေျပာရမွာ " (ရုပ္သံ)

ျမန္မာႏုိင္ငံရဲ ့ဆန္စပါးလုပ္ငန္းမွာ တကယ့္ေျမျပင္က ေတာင္သူေတြ အရႈံးေပၚျပီီး အေပၚယံကေန ျဖတ္စားသူေတြက ခ်မ္းသာေနတဲ့ ဆုိး၀ါးလွတဲ့ အတြင္းစည္းထဲက ျပသနာေတြကုိ ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္ရဲ ့CEC တစ္ဦးက ဖြင့္ခ်လုိက္ပါတယ္။ အတြင္းေရးအျပင္ အျခားေသာ ရႈေထာင့္တစ္ခုကုိလည္း သူက ေအာက္ေဖာ္ျပပါအတုိင္း ေျပာပါတယ္။ 
"လြန္ခဲ့တဲ့ ၃ ၊ ၄ ႏွစ္အတြင္း ေကာက္ပဲသီႏွံဘုတ္ဖြဲ႔ဖို႔အတြက္ ဥပေဒေရးတာကို ကၽြန္ေတာ္တို႔ ပါခဲ့ေသးတယ္။ ေနာက္ေတာ့ ေပ်ာက္သြားတယ္။ ယိုးဒယား၊ တရုတ္၊ အိႏၵိယတို႔ဘက္မွာ ေကာက္ပဲသီးႏွံဘုတ္ေတြ ရွိတယ္။ အဲဒီလိုမ်ိဳး ဗမာျပည္မွာ မရွိဘူး။ ဦးႏုလက္ထက္တုန္းကေတာ့ ရွိတယ္။ ဦးေန၀င္းတက္ၿပီးေနာက္ပိုင္း ဘုတ္ျဖဳတ္ခ်ပလုိက္တယ္။ အဲဒါႀကီးဖ်က္ၿပီးေနာက္ပိုင္း ဆန္စပါးေလာက ေဇာက္ထိုးက်သြားတယ္"  ဆိုၿပီး ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္ အဖြဲ႔၀င္ ဦးတင္ေမာင္ဆင့္ က အခုလို ေျပာျပလုိက္ပါတယ္။
 

Unicode version

မြန်မာနိုင်ငံရဲ့ဆန်စပါးလုပ်ငန်းမှာ တကယ့်မြေပြင်က တောင်သူတွေ အရှုံးပေါ်ပြီး အပေါ်ယံကနေ ဖြတ်စားသူတွေက ချမ်းသာနေတဲ့ ဆိုးဝါးလှတဲ့ အတွင်းစည်းထဲက ပြသနာတွေကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့CEC တစ်ဦးက ဖွင့်ချလိုက်ပါတယ်။ အတွင်းရေးအပြင် အခြားသော ရှုထောင့်တစ်ခုကိုလည်း သူက အောက်ဖော်ပြပါအတိုင်း ပြောပါတယ်။ 
"လွန်ခဲ့တဲ့ ၃ ၊ ၄ နှစ်အတွင်း ကောက်ပဲသီနှံဘုတ်ဖွဲ့ဖို့အတွက် ဥပဒေရေးတာကို ကျွန်တော်တို့ ပါခဲ့သေးတယ်။ နောက်တော့ ပျောက်သွားတယ်။ ယိုးဒယား၊ တရုတ်၊ အိန္ဒိယတို့ဘက်မှာ ကောက်ပဲသီးနှံဘုတ်တွေ ရှိတယ်။ အဲဒီလိုမျိုး ဗမာပြည်မှာ မရှိဘူး။ ဦးနုလက်ထက်တုန်းကတော့ ရှိတယ်။ ဦးနေဝင်းတက်ပြီးနောက်ပိုင်း ဘုတ်ဖြုတ်ချပလိုက်တယ်။ အဲဒါကြီးဖျက်ပြီးနောက်ပိုင်း ဆန်စပါးလောက ဇောက်ထိုးကျသွားတယ်"  ဆိုပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အဖွဲ့ဝင် ဦးတင်မောင်ဆင့် က အခုလို ပြောပြလိုက်ပါတယ်။
 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။