Skip to main content
ဂျပန်တွင် ကမ္ဘာ့အမြန်ဆုံး ကျည်ဆန်ရထားသစ်ကို တစ်နာရီလျှင် ၁၉၉ မိုင်နှုန်းဖြင့် အောင်မြင်စွာ စမ်းသပ်ပြေးဆွဲ
Ads Block
ဂျပန်တွင် ကမ္ဘာ့အမြန်ဆုံး ကျည်ဆန်ရထားသစ်ကို တစ်နာရီလျှင် ၁၉၉ မိုင်နှုန်းဖြင့် အောင်မြင်စွာ စမ်းသပ်ပြေးဆွဲ
ဂျပန်တွင် ကမ္ဘာ့အမြန်ဆုံး ကျည်ဆန်ရထားသစ်ကို တစ်နာရီလျှင် ၁၉၉ မိုင်နှုန်းဖြင့် အောင်မြင်စွာ စမ်းသပ်ပြေးဆွဲ
ဂျပန်တွင် ကမ္ဘာ့အမြန်ဆုံး ကျည်ဆန်ရထားသစ်ကို တစ်နာရီလျှင် ၁၉၉ မိုင်နှုန်းဖြင့် အောင်မြင်စွာ စမ်းသပ်ပြေးဆွဲ
Unicode Version
ဂျပန်နိုင်ငံဟာ ဘီးတပ်ကျည်ဆန်ရထားများအနက် ကမ္ဘာ့အမြန်ဆုံးစံချိန်ချိုးနိုင်မယ့် မော်ဒယ်အသစ်ကို မေလ ၁၆ ရက်နေ့မှာ ပထမဆုံးအကြိမ် စမ်းသပ်မောင်းနှင်ခဲ့ရာ တစ်နာရီလျှင် ၃၂၀ ကီလိုမီတာ(၁၉၉ မိုင်)နှုန်းအထိ အမြန်နှုန်း တင်နိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ထိုရထားကို ALFA-X ဟု ကုဒ်နာမည်ပေးထားပြီး လာမယ့် ၁၀ နှစ်အချိန်အတွင်းမှာ တစ်နာရီလျှင် ၃၆၀ ကီလိုမီတာနှုန်းဖြင့် စတင်ပြေးဆွဲအသုံးပြုနိုင်ရန် ရည်မှန်းထားပါတယ်။
ခေါင်းတွဲဟာ နှုတ်သီးရှည်လျားပြီး ၎င်းမှာ တွဲစုစုပေါင်း ၁၀ တွဲ ပါရှိပါတယ်။ တည်ဆောက်ရာမှာ ယန်း ၁၀ ဘီလျံ (ကန်ဒေါ်လာ ၉၁ မီလီယံ) ကုန်ကျခဲ့ပါတယ်။ ယခုကဲ့သို့ စမ်းသပ်ပြေးဆွဲမှုမျိုးကို နောင် ၃ နှစ်အထိ ဆက်လက်ပြုလုပ်သွားဦးမည်ဖြစ်ကြောင်း သိရပါတယ်။
ဂျပန်နိုင်ငံဟာ မြန်နှုန်းမြင့် ရထားလမ်းစနစ်ကို စွန့်ဦးတည်ထွင်ခဲ့တဲ့နိုင်ငံဖြစ်ပြီး ၎င်းတို့ရထားတွေရဲ့ အချိန်မှန်ခြင်းနဲ့ ဘေးကင်းလုံခြုံမှုစနစ်ကောင်းမွန်ခြင်းတို့ဟာ နာမည်ကျော်ပါတယ်။ အရေးပေါ် ရပ်တန့်မှုစနစ်ဆိုလျှင် ငလျင်အကြီးအကျယ်မလှုပ်ခင်မှာ ရထားကို အလိုအလျောက် အရှိန်လျှော့ချ ပေးပါတယ်။
- ZHO (အကုန်သိ သတင်းဌာန) | (Ref : AFP)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။