Skip to main content
အိႏၵိယသမုဒၵရာထဲရွိ လူသူအေရာက္အေပါက္နည္းသည့္ ကၽြန္းစုေလးတြင္ ပလတ္စတစ္အမႈိက္ ၄၁၄ သန္းခန္႔ ေသာင္တင္ ညစ္ညမ္းေန
Ads Block

အိႏၵိယသမုဒၵရာထဲရွိ လူသူအေရာက္အေပါက္နည္းသည့္ ကၽြန္းစုေလးတြင္ ပလတ္စတစ္အမႈိက္ ၄၁၄ သန္းခန္႔ ေသာင္တင္ ညစ္ညမ္းေန

ပင္လယ္သမုဒၵရာမ်ားအတြင္း ပလတ္စတစ္အမႈိက္မ်ား ေမ်ာပါေနမႈျပႆနာရဲ႕ ျပယုဂ္တစ္ခုအျဖစ္ အိႏၵိယသမုဒၵရာအတြင္း ေဝးလံေခါင္သီလြန္းၿပီး လူဦးေရနည္းပါးတဲ့ ကၽြန္းစုကေလးမွာ ပလတ္စတစ္ အမႈိက္စေပါင္း ၄၁၄ သန္းခန္႔ လာေရာက္ေသာင္တင္ေနတာကုိ ေတြ႕ခဲ့ရပါတယ္။

အိႏၵိယသမုဒၵရာထဲရွိ လူသူအေရာက္အေပါက္နည္းသည့္ ကၽြန္းစုေလးတြင္ ပလတ္စတစ္အမႈိက္ ၄၁၄ သန္းခန္႔ ေသာင္တင္ ညစ္ညမ္းေန


Scientific Reports ဂ်ာနယ္ရဲ႕ ေမလ ၁၆ ရက္ေန႔ အစီရင္ခံစာအရ ၾသစေတးလ်ပုိင္နက္ ကီလင္း ကၽြန္းစုမွာ လူဦးေရ ၅၀၀ ေက်ာ္မွ်သာ ရွိေပမယ့္ ၄င္းမွာ ပလတ္စတစ္အမႈိက္ ၂၃၈ တန္ ရွိေနေၾကာင္း သိရပါတယ္။
၄င္းကၽြန္းစုဟာ အင္ဒုိနီးရွားရဲ႕ အေနာက္ေတာင္ဘက္မွာ တည္ရွိၿပီး ကၽြန္းေပါင္း ၂၇ ကၽြန္း ပါဝင္ ပါတယ္။ အနီးဆုံးျဖစ္တဲ့ အင္ဒုိနီးရွားကေန မုိင္ ၇၀၀ ေက်ာ္ ေဝးကြာၿပီး ၾသစေတးလ်မွဆုိလွ်င္ မုိင္ ၁၃၀၀ ေက်ာ္ ေဝးပါတယ္။

အိႏၵိယသမုဒၵရာထဲရွိ လူသူအေရာက္အေပါက္နည္းသည့္ ကၽြန္းစုေလးတြင္ ပလတ္စတစ္အမႈိက္ ၄၁၄ သန္းခန္႔ ေသာင္တင္ ညစ္ညမ္းေန


ထုိအမႈိက္ေတြဟာ သမုဒၵရာထဲ ေမ်ာပါလာၿပီး ေသာင္တင္ေနျခင္းျဖစ္ၿပီး အမ်ားစုဟာ ပလတ္စတစ္ ေရသန္႔ဘူးခြံ၊ အခ်ိဳရည္ေသာက္ပုိက္၊ သြားပြတ္တံနဲ႔ ဖိနပ္ေတြ ျဖစ္ၾကပါတယ္။
ပလတ္စတစ္အမႈိက္ေတြကုိ ပင္လယ္ထဲသုိ႔ စြန္႔ပစ္ျခင္းဟာ သဘာဝပတ္ဝန္းက်င္ကုိ အလြန္ညစ္ညမ္း ေစၿပီး ပင္လယ္ေနသတၱဝါေတြကုိ အႀကီးအက်ယ္ၿခိမ္းေျခာက္ေနပါတယ္။ ထုိအမႈိက္ေတြကုိ ႏွစ္စဥ္ ပင္လယ္ထဲသုိ႔စြန္႔ပစ္ေနခဲ့ရာ ၂၀၁၀ ခုႏွစ္တုန္းကဆုိလွ်င္ တန္ ၁၂.၇ သန္း စြန္႔ပစ္ခဲ့ၾကေၾကာင္း ခန္႔မွန္းထားၾကပါတယ္။ လက္ရွိမွာေတာ့ ပင္လယ္ထဲ ေမ်ာပါေနတဲ့ ပလတ္စတစ္အမႈိက္စေပါင္း ၅.၂၅ ထရီလီယံခန္႔ရွိေၾကာင္း ယူဆထားၾကပါတယ္။

- ZHO (အကုန္သိ သတင္းဌာန) | (Ref : CNN)

Unicode Version

 

ပင်လယ်သမုဒ္ဒရာများအတွင်း ပလတ်စတစ်အမှိုက်များ မျောပါနေမှုပြဿနာရဲ့ ပြယုဂ်တစ်ခုအဖြစ် အိန္ဒိယသမုဒ္ဒရာအတွင်း ဝေးလံခေါင်သီလွန်းပြီး လူဦးရေနည်းပါးတဲ့ ကျွန်းစုကလေးမှာ ပလတ်စတစ် အမှိုက်စပေါင်း ၄၁၄ သန်းခန့် လာရောက်သောင်တင်နေတာကို တွေ့ခဲ့ရပါတယ်။
Scientific Reports ဂျာနယ်ရဲ့ မေလ ၁၆ ရက်နေ့ အစီရင်ခံစာအရ သြစတေးလျပိုင်နက် ကီလင်း ကျွန်းစုမှာ လူဦးရေ ၅၀၀ ကျော်မျှသာ ရှိပေမယ့် ၎င်းမှာ ပလတ်စတစ်အမှိုက် ၂၃၈ တန် ရှိနေကြောင်း သိရပါတယ်။
၎င်းကျွန်းစုဟာ အင်ဒိုနီးရှားရဲ့ အနောက်တောင်ဘက်မှာ တည်ရှိပြီး ကျွန်းပေါင်း ၂၇ ကျွန်း ပါဝင် ပါတယ်။ အနီးဆုံးဖြစ်တဲ့ အင်ဒိုနီးရှားကနေ မိုင် ၇၀၀ ကျော် ဝေးကွာပြီး သြစတေးလျမှဆိုလျှင် မိုင် ၁၃၀၀ ကျော် ဝေးပါတယ်။
ထိုအမှိုက်တွေဟာ သမုဒ္ဒရာထဲ မျောပါလာပြီး သောင်တင်နေခြင်းဖြစ်ပြီး အများစုဟာ ပလတ်စတစ် ရေသန့်ဘူးခွံ၊ အချိုရည်သောက်ပိုက်၊ သွားပွတ်တံနဲ့ ဖိနပ်တွေ ဖြစ်ကြပါတယ်။
ပလတ်စတစ်အမှိုက်တွေကို ပင်လယ်ထဲသို့ စွန့်ပစ်ခြင်းဟာ သဘာဝပတ်ဝန်းကျင်ကို အလွန်ညစ်ညမ်း စေပြီး ပင်လယ်နေသတ္တဝါတွေကို အကြီးအကျယ်ခြိမ်းခြောက်နေပါတယ်။ ထိုအမှိုက်တွေကို နှစ်စဉ် ပင်လယ်ထဲသို့စွန့်ပစ်နေခဲ့ရာ ၂၀၁၀ ခုနှစ်တုန်းကဆိုလျှင် တန် ၁၂.၇ သန်း စွန့်ပစ်ခဲ့ကြကြောင်း ခန့်မှန်းထားကြပါတယ်။ လက်ရှိမှာတော့ ပင်လယ်ထဲ မျောပါနေတဲ့ ပလတ်စတစ်အမှိုက်စပေါင်း ၅.၂၅ ထရီလီယံခန့်ရှိကြောင်း ယူဆထားကြပါတယ်။

- ZHO (အကုန်သိ သတင်းဌာန) | (Ref : CNN)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။