Skip to main content
မြန်မာနိုင်ငံ မတိုးတက်ခြင်းသည် အခြေခံဥပဒေကြောင့်မဟုတ်ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးပြော
Ads Block

မြန်မာနိုင်ငံ မတိုးတက်ခြင်းသည် အခြေခံဥပဒေကြောင့်မဟုတ်ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးပြော


မြန်မာနိုင်ငံ မတိုးတက်ခြင်းသည် အခြေခံဥပဒေကြောင့်မဟုတ်ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးပြော



မြန်မာနိုင်ငံ မတိုးတက်ခြင်းသည် အခြေခံဥပဒေကြောင့်မဟုတ်ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးပြော


ပြင်ဆင်သင့်တာကို ပြင်ဆင်ရမည် ဖြစ်ပြီး ၅၉(စ)ကဲ့သို့သော ပုဒ်မများကို ပြင်ဆင်ခြင်ူးမပြုဘဲ တားမြစ်ထားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

 


Unicode Version

 

တိုင်းပြည်မတိုးတက်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံကြောင့် မဟုတ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။
မေလ ၁၇ ရက်က သာယာဝတီမြို့တွင် ကျင်းပပြုလုပ်သည့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံရာတွင် အခြေခံဥပဒေနှင့် ပတ် သက်ပြီး ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒီကနေ့ တိုင်းပြည်မတိုးတက်တာ အခြေခံဥပဒေကြောင့် မဟုတ်ပါဘူး။ ဒီအခြေခံဥပဒေနဲ့ပဲ ကျွန်တော်တို့ တိုင်းပြည် အခြေအ နေ တစ်ခုရောက်အောင် ပို့ထားပြီးဖြစ်တဲ့အတွက် မလုပ်နိုင်တာသည် လူနဲ့ပဲဆိုင်ပါတယ်။ အရွေးဆွေးဆွေး တိုင်းပြည်ဆွေးဆွေး ဒီဥပဒေထားရမယ်လို့ မဆိုလိုပါ။ တကယ်အကျိုးရှိမယ့်ဟာကို ပြင်ရမယ်ဆိုတာကို လက်ခံတဲ့အတွက် ပြင်သင့်တာကိုပြင်ရပါမယ်”ဟု ဦးသန်းဌေး ကပြောသည်။
ပြင်ဆင်သင့်တာကို ပြင်ဆင်ရမည် ဖြစ်ပြီး ၅၉(စ)ကဲ့သို့သော ပုဒ်မများကို ပြင်ဆင်ခြင်းူမပြုဘဲ တားမြစ်ထားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်သည့် ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ တင်သွင်းသည့် ပုဒ်မ ၂၆၁ အား ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းထားပြီး ဥပဒေကြမ်းပူးပေါင်းစိစစ်ရေးကော်မတီမှလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ လေ့လာဆွေးနွေးမှုများ ပြုလုပ်လျှက် ရှိသည်။
လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် မြန်မာနိုင်ငံအနှံအပြားတွင် လူထုထောက် ခံပွဲများ၊ ဟောပြောပွဲ များလည်း ပြုလုပ်လျက်ရှိနေသည်။

- ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

 

 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။