Skip to main content
ဓားရွည္ကိုင္ကာ လမ္းသြားလမ္းလာမ်ားကို ရန္ျပဳေနသူအား ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီး
Ads Block

ဓားရွည္ကိုင္ကာ လမ္းသြားလမ္းလာမ်ားကို ရန္ျပဳေနသူအား ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီး

မႏၱေလးၿမိဳ႕တြင္ လမ္းမေပၚ ဓားရွည္ကိုင္ ရမ္းကားေနသူ တစ္ဦးကို ရဲတပ္ဖြဲ႔မွ ေသနတ္ျဖင့္ ပစ္ခတ္ ဖမ္းဆီးခဲ့ၿပီး ေဆရံုပို႔၍ ေဆး ကုသမႈခံယူေနစဥ္ ေသဆံုးသြားသည့္ျဖစ္စဥ္တစ္ခု မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ၁၄ လမ္း - ၆၆ လမ္း၌ ေမလ ၁၈ ရက္၊ နံနက္ ၄ နာရီခန္႔တြင္ ဓားရွည္ကိုင္၍ ေသာင္းက်န္းေနသည့္ အမ်ိဳးသားတစ္ဦးကို ရဲတပ္ဖဲြ႔မွ သြားေရာက္ တားဆီးထိန္းသိမ္းရာတြင္ ဓားျဖင့္လိုက္လံခုတ္ေနသည့္အတြက္ ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးခဲ့ျခင္း ျဖစ္သည္။ “ အစတုန္းက ဆိုင္ကယ္ေမာင္းသူေတြကို ဓားနဲ႔ လိုက္ခုတ္တဲ့အတြက္ ကြ်န္ေတာ္တို႔ကို အေၾကာင္းၾကားတယ္။ ကြ်န္ေတာ့္အဖြဲ႔ ကလည္း ရဲတပ္ဖြဲ႔ကို အေၾကာင္းၾကားၿပီး သြားေရာက္တားဆီးတဲ့အခါမွာ ကြ်န္ေတာ္တို႔အျပင္ ရဲတပ္ဖြဲ႔ကိုလည္း ဓားနဲ႔ လိုက္ခုတ္ တယ္။ ဘယ္လိုမွ ထိန္းမရတဲ့အဆံုး ေသနတ္နဲ႔ ပစ္ဖမ္းလိုက္ရာကေန ေသဆံုးသြားတာေပါ့။ သူ႔ပံုစံၾကည့္ရတာ အရက္မေသာက္ ရလို႔ ေၾကာင္ေနတဲ့ပံုစံပဲ။ သူ႔ရဲ႕အေၾကာင္းကို စံုစမ္းေနဆဲပါ” ဟု MYANMAR RESCUE ORGANIZATION အခမဲ့လူမႈ ကူညီ ေရး အသင္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။ ေသဆံုးသူမွာ အသက္ ၄၀ ေက်ာ္ရွိသူျဖစ္ၿပီး ၀ဲ၀မ္းဗိုက္က်ည္ထိ မွန္ဒဏ္ရာျဖင့္ မႏၱေလးျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္စဥ္ နာရီ၀က္ အၾကာ၌ ေသဆံုးသြားသည့္အတြက္ ေအာင္ေျမသာစံၿမိဳ႕နယ္ အမွတ္(၁)နယ္ေျမရဲစခန္း၌ ေသမႈေသခင္း အမွတ္စဥ္ျဖင့္ အမႈဖြင့္ ၍ မည္သူမည္၀ါျဖစ္သည္ကို စံုစမ္းေနေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

- ဒါးဇ(အကုန္သိသတင္းဌာန)  | ဓာတ္ပံု - MYANMAR RESCUE ORGANIZATION အခမဲ့လူမႈကူညီေရးအသင္း

 

Unicode Version

 

မန္တလေးမြို့တွင် လမ်းမပေါ် ဓားရှည်ကိုင် ရမ်းကားနေသူ တစ်ဦးကို ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ပြီး ဆေရုံပို့၍ ဆေး ကုသမှုခံယူနေစဉ် သေဆုံးသွားသည့်ဖြစ်စဉ်တစ်ခု မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ်၊ ၁၄ လမ်း - ၆၆ လမ်း၌ မေလ ၁၈ ရက်၊ နံနက် ၄ နာရီခန့်တွင် ဓားရှည်ကိုင်၍ သောင်းကျန်းနေသည့် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့မှ သွားရောက် တားဆီးထိန်းသိမ်းရာတွင် ဓားဖြင့်လိုက်လံခုတ်နေသည့်အတွက် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
“ အစတုန်းက ဆိုင်ကယ်မောင်းသူတွေကို ဓားနဲ့ လိုက်ခုတ်တဲ့အတွက် ကျွန်တော်တို့ကို အကြောင်းကြားတယ်။ ကျွန်တော့်အဖွဲ့ ကလည်း ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး သွားရောက်တားဆီးတဲ့အခါမှာ ကျွန်တော်တို့အပြင် ရဲတပ်ဖွဲ့ကိုလည်း ဓားနဲ့ လိုက်ခုတ် တယ်။ ဘယ်လိုမှ ထိန်းမရတဲ့အဆုံး သေနတ်နဲ့ ပစ်ဖမ်းလိုက်ရာကနေ သေဆုံးသွားတာပေါ့။ သူ့ပုံစံကြည့်ရတာ အရက်မသောက် ရလို့ ကြောင်နေတဲ့ပုံစံပဲ။ သူ့ရဲ့အကြောင်းကို စုံစမ်းနေဆဲပါ” ဟု MYANMAR RESCUE ORGANIZATION အခမဲ့လူမှု ကူညီ ရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သေဆုံးသူမှာ အသက် ၄၀ ကျော်ရှိသူဖြစ်ပြီး ဝဲ၀မ်းဗိုက်ကျည်ထိ မှန်ဒဏ်ရာဖြင့် မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် နာရီဝက် အကြာ၌ သေဆုံးသွားသည့်အတွက် အောင်မြေသာစံမြို့နယ် အမှတ်(၁)နယ်မြေရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ်ဖြင့် အမှုဖွင့် ၍ မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

- ဒါးဇ(အကုန်သိသတင်းဌာန) | ဓာတ်ပုံ - MYANMAR RESCUE ORGANIZATION အခမဲ့လူမှုကူညီရေးအသင်း

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။