Skip to main content
မိသားစုလုိက္ကို တရုတ္ျပည္သို႔ လူကုန္ကူးေရာင္းစားသည့္ အဖြဲ႔ကို ဖမ္းဆီးၿပီး ေရာင္းစားခံရသူမ်ားကို ကယ္တင္ႏုိင္ခဲ့
Ads Block

မိသားစုလုိက္ကို တရုတ္ျပည္သို႔ လူကုန္ကူးေရာင္းစားသည့္ အဖြဲ႔ကို ဖမ္းဆီးၿပီး ေရာင္းစားခံရသူမ်ားကို ကယ္တင္ႏုိင္ခဲ့

တရုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္၊ ထိန္ခ်ံဳးၿမိဳ႕သို႔ ေရာင္းစားခံရသည့္ သားအမိ ၃ ဦးကို ကယ္တင္ႏိုင္ခဲ့ၿပီး ျပစ္မႈက်ဴးလြန္သူႏွစ္ကို ဖမ္းဆီးအေရးယူထားေၾကာင္း နမ့္ခမ္းၿမိဳ႕နယ္ရဲတပ္ဖြဲ႔ထံမွ သိရသည္။
ရွမ္းျပည္နယ္၊ ကြတ္ခိုင္ၿမိဳ႕နယ္၊ မိုင္းယုေလးေက်းရြာ၌ ေနထိုင္သည့္ အသက္ ၃၀ အရြယ္ မခ်ိန္ရွမ္း ဆိုသူႏွင့္ ၄ ႏွစ္ အရြယ္ႏွင့္ ၂ ႏွစ္အရြယ္သားငယ္တို႔ကို တရုတ္ႏိုင္ငံသို႔ လူကုန္ကူးျခင္းခံခဲ့ရျခင္း ျဖစ္ၿပီး လက္ရိွတြင္ က်ဴးလြန္သူမ်ားကို  အမႈဖြင့္အေရး ယူေဆာင္ရြက္လ်က္ရွိေၾကာင္း နမ့္ခမ္းၿမိဳ႕မစခန္းမွဴးက ေျပာသည္။
ၿပီးခဲ့သည့္ ေဖေဖာ္၀ါရီလပိုင္းက ခင္ပြန္းျဖစ္သူ မရွိခ်ိန္၌ နမ့္ခမ္းၿမိဳ႕ေန အသက္ ၄၀ ႏွစ္ခန္႔ ေဒၚလီမိန္းက်ိန္းဆိုသူ ေရာက္ရွိလာ ၿပီး ကေလးမိခင္ မခ်ိန္ရွမ္းတို႔သားအမိ ၄ ဦးကို တရုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္၊ ထိန္ခ်ံဳးၿမိဳ႕သို႔ ေရာင္းစားခဲ့ျခင္းျဖစ္သည္။
အသက္ ၇ ႏွစ္ရွိသမီးႀကီးကို ၀ယ္မည့္သူမရွိ၍ နမ့္ခမ္းၿမိဳ႕သို႔ ျပန္လာပို႔စဥ္၌ သတင္းရရွိကာ စံုစမ္းေထာက္လွမ္းရာမွ ယခုျဖစ္စဥ္ ေပၚေပါက္ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။
“အမႈကေတာ့ မေန႔ကပဲ လူကုန္ကူးမႈတားဆီးကာကြယ္ေရး ဥပေဒပုဒ္မနဲ႔ ဖြင့္ထားၿပီးပါၿပီ။ ၿပီးေတာ့ ေရာင္းစားျခင္းခံလိုက္ရတဲ့ မခ်ိန္ရွမ္းတို႔ သားအမိကိုလည္း ကယ္တင္ထားႏိုင္ပါၿပီ။ ၄ ႏွစ္အရြယ္နဲ႔ ၂ ႏွစ္ရြယ္သား တို႔ျဖစ္ပါတယ္။ ၿပီးေတာ့ ၇ ႏွစ္အရြယ္ သမီးႀကီးကိုလည္း ေရာင္းစားတာ တရုတ္ေတြက မ၀ယ္လို႔ နမ့္ခမ္းၿမိဳ႕ကို ျပန္လာပို႔ရင္းကေန ကြင္းဆက္ရမိၿပီး အခုလို ဖမ္းဆီး ႏိုင္ခဲ့တာပါ”ဟု နမ့္ခမ္းၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေမလ ၁၈ ရက္၊ ေန႔လယ္ ၁၂ နာရီခဲြတြင္ ေျပာသည္။
ျပစ္မႈက်ဴးလြန္သူမွာ ၃ ဦးျဖစ္ၿပီး အဓိက ဦးေဆာင္သူ ေဒၚလီမိန္းက်ိန္း(၄၀)ႏွစ္မွာ တရုတ္ျပည္သို႔ တိမ္းေရွာင္လ်က္ရွိေနၿပီး ၎ ၏ ေမာင္ျဖစ္သူ လီရွန္းဖ(၃၃)ႏွစ္ႏွင့္ မရမ္းျမင့္ၾကည္(၂၈)တို႔ လင္မယားကို ဖမ္းဆီးရမိထားသျဖင့္ နမ့္ခမ္းၿမိဳ႕မရဲစခန္း၌ လူကုန္ ကူးမႈ တားဆီးကာကြယ္ေရး ပုဒ္မ-၂၄ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

- ဒါးဇ(အကုန္သိသတင္းဌာန)

Unicode Version

 

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ထိန်ချုံးမြို့သို့ ရောင်းစားခံရသည့် သားအမိ ၃ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူနှစ်ကို ဖမ်းဆီးအရေးယူထားကြောင်း နမ့်ခမ်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးကျေးရွာ၌ နေထိုင်သည့် အသက် ၃၀ အရွယ် မချိန်ရှမ်း ဆိုသူနှင့် ၄ နှစ် အရွယ်နှင့် ၂ နှစ်အရွယ်သားငယ်တို့ကို တရုတ်နိုင်ငံသို့ လူကုန်ကူးခြင်းခံခဲ့ရခြင်း ဖြစ်ပြီး လက်ရှိတွင် ကျူးလွန်သူများကို  အမှုဖွင့်အရေး ယူဆောင်ရွက်လျက်ရှိကြောင်း နမ့်ခမ်းမြို့မစခန်းမှူးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းက ခင်ပွန်းဖြစ်သူ မရှိချိန်၌ နမ့်ခမ်းမြို့နေ အသက် ၄၀ နှစ်ခန့် ဒေါ်လီမိန်းကျိန်းဆိုသူ ရောက်ရှိလာ ပြီး ကလေးမိခင် မချိန်ရှမ်းတို့သားအမိ ၄ ဦးကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ထိန်ချုံးမြို့သို့ ရောင်းစားခဲ့ခြင်းဖြစ်သည်။
အသက် ၇ နှစ်ရှိသမီးကြီးကို ဝယ်မည့်သူမရှိ၍ နမ့်ခမ်းမြို့သို့ ပြန်လာပို့စဉ်၌ သတင်းရရှိကာ စုံစမ်းထောက်လှမ်းရာမှ ယခုဖြစ်စဉ် ပေါ်ပေါက်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
“အမှုကတော့ မနေ့ကပဲ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မနဲ့ ဖွင့်ထားပြီးပါပြီ။ ပြီးတော့ ရောင်းစားခြင်းခံလိုက်ရတဲ့ မချိန်ရှမ်းတို့ သားအမိကိုလည်း ကယ်တင်ထားနိုင်ပါပြီ။ ၄ နှစ်အရွယ်နဲ့ ၂ နှစ်ရွယ်သား တို့ဖြစ်ပါတယ်။ ပြီးတော့ ၇ နှစ်အရွယ် သမီးကြီးကိုလည်း ရောင်းစားတာ တရုတ်တွေက မဝယ်လို့ နမ့်ခမ်းမြို့ကို ပြန်လာပို့ရင်းကနေ ကွင်းဆက်ရမိပြီး အခုလို ဖမ်းဆီး နိုင်ခဲ့တာပါ”ဟု နမ့်ခမ်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ မေလ ၁၈ ရက်၊ နေ့လယ် ၁၂ နာရီခွဲတွင် ပြောသည်။
ပြစ်မှုကျူးလွန်သူမှာ ၃ ဦးဖြစ်ပြီး အဓိက ဦးဆောင်သူ ဒေါ်လီမိန်းကျိန်း(၄၀)နှစ်မှာ တရုတ်ပြည်သို့ တိမ်းရှောင်လျက်ရှိနေပြီး ၎င်း ၏ မောင်ဖြစ်သူ လီရှန်းဖ(၃၃)နှစ်နှင့် မရမ်းမြင့်ကြည်(၂၈)တို့ လင်မယားကို ဖမ်းဆီးရမိထားသဖြင့် နမ့်ခမ်းမြို့မရဲစခန်း၌ လူကုန် ကူးမှု တားဆီးကာကွယ်ရေး ပုဒ်မ-၂၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

- ဒါးဇ(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။