Skip to main content
အေမရိကန္မွာ ဆယ္ေက်ာ္သက္ ကုိယ္၀န္သည္တစ္ဦးကုိ သတ္ကာ ဗုိက္ထဲက ကေလး ခြဲထုတ္ ခုိးယူမႈျဖစ္ပြား
Ads Block

အေမရိကန္မွာ ဆယ္ေက်ာ္သက္ ကုိယ္၀န္သည္တစ္ဦးကုိ သတ္ကာ ဗုိက္ထဲက ကေလး ခြဲထုတ္ ခုိးယူမႈျဖစ္ပြား


အေမရိကန္ျပည္ေထာင္စု ခ်ီကာဂုိျပည္နယ္မွ အမ်ဳိးသမီးတစ္ဦးဟာ ကုိယ္၀န္သည္တစ္ဦးကုိ ကေလးအ၀တ္အထည္ေတြ ေရာင္းခဲ့ရင္း အိမ္ေနာက္မွာ ေနာက္ထပ္ အ၀တ္အစားသစ္ေတြရွိေသးေၾကာင္း ဖ်ားေယာင္းေခၚေဆာင္သြားကာ လည္ပင္းကုိ ႀကိဳးပတ္ ညွစ္သတ္ခဲ့ၿပီးေနာက္ ဗုိက္ထဲက ကေလးကုိ ခြဲထုတ္ရယူခဲ့ေၾကာင္း ရဲတပ္ဖြဲ ့က ၾကာသပေတးေန ့မွာ ေျပာဆုိခဲ့ပါတယ္။

အေမရိကန္မွာ ဆယ္ေက်ာ္သက္ ကုိယ္၀န္သည္တစ္ဦးကုိ သတ္ကာ ဗုိက္ထဲက ကေလး ခြဲထုတ္ ခုိးယူမႈျဖစ္ပြား


စုံစမ္းစစ္ေဆးသူေတြရဲ ့အဆုိအရ အသက္ ၄၆ ႏွစ္အရြယ္ ကလာရီဆာ ဖီဂူရုိအမည္ရ က်ဴးလြန္သူ အမ်ဳိးသမီးဟာ ၿပီးခဲ့တဲ့ ႏွစ္ႏွစ္ခန္ ့က သူမရဲ ့ သားႀကီး ေသဆုံးခဲ့ၿပီးေနာက္ ေနာက္ထပ္ ကေလးတစ္ဦး လုိခ်င္ခဲ့ပုံရေၾကာင္း သိရပါတယ္။ ယခုအခါ သူမကုိ လူသတ္မႈနဲ ့ စြဲခ်က္တင္ထားပါတယ္။
“ ဘယ္လုိ ထိေရာက္တဲ့ စကားလုံးမ်ဳိး သုံးေဖာ္ျပရမလဲေတာင္ မသိပါဘူး။ ၾကားသိရတဲ့ အခ်က္ေတြက တကယ့္ကုိ စိတ္မခ်မ္းေျမ ့စရာပါဗ်ာ။” လုိ ့ ရဲအရာရွိ အက္ဒင္ ဂၽြန္ဆင္က သတင္းစာ ရွင္းလင္းပြဲမွာ သတင္းေထာက္ေတြကုိ ေျပာခဲ့ပါတယ္။ ယခုျဖစ္စဥ္နဲ ့ပတ္သက္ၿပီး မစၥ ဖူဂူရုိနဲ ့ အသက္ ၂၄ ႏွစ္အရြယ္ သူမရဲ႕သမီးျဖစ္သူ ဒီဆာရီ ဖီဂူရုိတုိ ့ကုိ လူသတ္မႈနဲ ့စြဲခ်က္တင္လုိက္ေၾကာင္း ၄င္းက ေျပာဆုိခဲ့ကာ၊ ဖီဂူရုိရဲ႕ခ်စ္သူ ပီရုိတာ ဘုိဘက္ကုိေတာ့ လူသတ္မႈကုိ ဖုံးကြယ္ထိန္ခ်န္မႈနဲ ့စြဲခ်က္တင္ခဲ့တယ္လုိ ့ ဆုိပါတယ္။
အသက္ ၁၉ ႏွစ္အရြယ္ ကုိယ္၀န္သည္ မာလန္ အုိခ်ဳိအာ လုိပက္ဇ္ ေပ်ာက္ဆုံးခဲ့အၿပီး သုံးပတ္အၾကာနဲ ့ သူမရဲ႕အေလာင္းကုိ မစၥဖီဂူရုိရဲ႕အိမ္ေနာက္ေဖး အမႈိက္ကန္တစ္ခုမွာ ေတြ ့ရွိခဲ့အၿပီး တစ္ရက္အၾကာမွာ က်ဴးလြန္သူေတြကုိ အခုလုိ စြဲခ်က္ေတြ တင္လုိက္တာျဖစ္ပါတယ္။ ကုိယ္၀န္ေဆာင္ အမ်ဳိးသမီးငယ္ဟာ ကေလးအ၀တ္အစားေတြ အခမဲ့ေပးမယ္ဆုိတဲ့ မစၥ ဖီဂူရုိရဲ႕ေဖ့စ္ဘုတ္ေပၚက post ကုိ ေတြ ့ကာ သူမရဲ႕ေက်ာင္းကေန မစၥ ဖီဂူရိုရဲ ့အိမ္ကုိ ကားေမာင္းသြားခဲ့တာျဖစ္ေၾကာင္း ရဲက ဆုိပါတယ္။ ယင္း အိမ္ကုိ ေရာက္ခဲ့ခ်ိန္မွာေတာ့ သူမ လည္ပင္းညွစ္သတ္ခံခဲ့ရကာ ဗုိက္ထဲက ကေလးကုိ ခြဲထုတ္ယူခံလုိက္ ရတာျဖစ္ေၾကာင္း ရဲက ဆက္လက္ ေျပာဆုိခဲ့ပါတယ္။
ယင္းေနာက္ နာရီအနည္းငယ္အၾကာမွာ မစၥဖီဂူရုိက သူမရဲ႕ေမြးကင္းစ ကေလးေလး အသက္မရႈႏုိင္ ျဖစ္ေနေၾကာင္း ၉၁၁ ကို ဖုန္းဆက္ေခၚခဲ့ပါတယ္။ အေရးေပၚ၀န္ထမ္းေတြ ေရာက္ရွိလာခ်ိန္မွာ ကေလးက ျပာႏွမ္းေနၿပီျဖစ္ၿပီး ၄င္းတုိ ့က ကေလး အသက္ျပန္ရႈလာေအာင္ ႀကိဳးစားေပးခဲ့ကာ နီးစပ္ရာ ေဆးရုံကုိ ပို ့ေပးခဲ့ၾကပါတယ္။ ကေလးဟာ ေဆးရုံအေရာက္မွာ စုိးရိမ္ရတဲ့ အေျခအေနေရာက္ေနၿပီး အသက္ရွင္ဖုိ ့ လမ္းမျမင္ေတာ့ေၾကာင္း ရဲက ေျပာခဲ့ပါတယ္။
ကုိယ္၀န္သည္ အမ်ဳိးသမီးငယ္ ေပ်ာက္ဆုံးေနမႈနဲ ့ ၉၁၁ ကုိ ဖုန္းဆက္ေခၚတဲ့ ကေလးအသည္းအသန္ ျဖစ္စဥ္တုိ ့ ဆက္စပ္ေနခဲ့တာကုိ ရဲေတြ မသိခဲ့ၾကပါဘူး။ ကုိယ္၀န္သည္ အုိခ်ဳိအာ လုိပက္ရဲ႕သူငယ္ခ်င္းေတြက သူမရဲ႕လူမႈကြန္ရက္အေကာင့္ကုိ စစ္ေဆးေပးဖုိ ့ ေျပာခဲ့ၾကခ်ိန္မွသာ ဖီဂူရုိနဲ ့ အမ်ဳိးသမီးငယ္တုိ ့ ေမွ်ာ္လင့္ခ်က္ မိခင္မ်ား ဆုိတဲ့ ေဖ့စ္ဘုတ္ဂရုတစ္ခုမွာ အဆက္အသြယ္ရွိေနေၾကာင္း ေတြ ့ရွိခဲ့ၿပီး အမႈကုိ ေဖာ္ထုတ္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။
-ကုိလင္း(အကုန္သိ သတင္းဌာန) | Ref : ဘန္ေကာက္ပုိ ့စ္

 

Unicode Version

 

အမေရိကန်ပြည်ထောင်စု ချီကာဂိုပြည်နယ်မှ အမျိုးသမီးတစ်ဦးဟာ ကိုယ်ဝန်သည်တစ်ဦးကို ကလေးအဝတ်အထည်တွေ ရောင်းခဲ့ရင်း အိမ်နောက်မှာ နောက်ထပ် အဝတ်အစားသစ်တွေရှိသေးကြောင်း ဖျားယောင်းခေါ်ဆောင်သွားကာ လည်ပင်းကို ကြိုးပတ် ညှစ်သတ်ခဲ့ပြီးနောက် ဗိုက်ထဲက ကလေးကို ခွဲထုတ်ရယူခဲ့ကြောင်း ရဲတပ်ဖွဲ့က ကြာသပတေးနေ့မှာ ပြောဆိုခဲ့ပါတယ်။

စုံစမ်းစစ်ဆေးသူတွေရဲ့အဆိုအရ အသက် ၄၆ နှစ်အရွယ် ကလာရီဆာ ဖီဂူရိုအမည်ရ ကျူးလွန်သူ အမျိုးသမီးဟာ ပြီးခဲ့တဲ့ နှစ်နှစ်ခန့်က သူမရဲ့ သားကြီး သေဆုံးခဲ့ပြီးနောက် နောက်ထပ် ကလေးတစ်ဦး လိုချင်ခဲ့ပုံရကြောင်း သိရပါတယ်။ ယခုအခါ သူမကို လူသတ်မှုနဲ့ စွဲချက်တင်ထားပါတယ်။
“ ဘယ်လို ထိရောက်တဲ့ စကားလုံးမျိုး သုံးဖော်ပြရမလဲတောင် မသိပါဘူး။ ကြားသိရတဲ့ အချက်တွေက တကယ့်ကို စိတ်မချမ်းမြေ့စရာပါဗျာ။” လို့ ရဲအရာရှိ အက်ဒင် ဂျွန်ဆင်က သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး မစ္စ ဖူဂူရိုနဲ့ အသက် ၂၄ နှစ်အရွယ် သူမရဲ့သမီးဖြစ်သူ ဒီဆာရီ ဖီဂူရိုတို့ကို လူသတ်မှုနဲ့စွဲချက်တင်လိုက်ကြောင်း ၎င်းက ပြောဆိုခဲ့ကာ၊ ဖီဂူရိုရဲ့ချစ်သူ ပီရိုတာ ဘိုဘက်ကိုတော့ လူသတ်မှုကို ဖုံးကွယ်ထိန်ချန်မှုနဲ့စွဲချက်တင်ခဲ့တယ်လို့ ဆိုပါတယ်။
အသက် ၁၉ နှစ်အရွယ် ကိုယ်ဝန်သည် မာလန် အိုချိုအာ လိုပက်ဇ် ပျောက်ဆုံးခဲ့အပြီး သုံးပတ်အကြာနဲ့ သူမရဲ့အလောင်းကို မစ္စဖီဂူရိုရဲ့အိမ်နောက်ဖေး အမှိုက်ကန်တစ်ခုမှာ တွေ့ရှိခဲ့အပြီး တစ်ရက်အကြာမှာ ကျူးလွန်သူတွေကို အခုလို စွဲချက်တွေ တင်လိုက်တာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးငယ်ဟာ ကလေးအဝတ်အစားတွေ အခမဲ့ပေးမယ်ဆိုတဲ့ မစ္စ ဖီဂူရိုရဲ့ဖေ့စ်ဘုတ်ပေါ်က post ကို တွေ့ကာ သူမရဲ့ကျောင်းကနေ မစ္စ ဖီဂူရိုရဲ့အိမ်ကို ကားမောင်းသွားခဲ့တာဖြစ်ကြောင်း ရဲက ဆိုပါတယ်။ ယင်း အိမ်ကို ရောက်ခဲ့ချိန်မှာတော့ သူမ လည်ပင်းညှစ်သတ်ခံခဲ့ရကာ ဗိုက်ထဲက ကလေးကို ခွဲထုတ်ယူခံလိုက် ရတာဖြစ်ကြောင်း ရဲက ဆက်လက် ပြောဆိုခဲ့ပါတယ်။
ယင်းနောက် နာရီအနည်းငယ်အကြာမှာ မစ္စဖီဂူရိုက သူမရဲ့မွေးကင်းစ ကလေးလေး အသက်မရှုနိုင် ဖြစ်နေကြောင်း ၉၁၁ ကို ဖုန်းဆက်ခေါ်ခဲ့ပါတယ်။ အရေးပေါ်ဝန်ထမ်းတွေ ရောက်ရှိလာချိန်မှာ ကလေးက ပြာနှမ်းနေပြီဖြစ်ပြီး ၎င်းတို့က ကလေး အသက်ပြန်ရှုလာအောင် ကြိုးစားပေးခဲ့ကာ နီးစပ်ရာ ဆေးရုံကို ပို့ပေးခဲ့ကြပါတယ်။ ကလေးဟာ ဆေးရုံအရောက်မှာ စိုးရိမ်ရတဲ့ အခြေအနေရောက်နေပြီး အသက်ရှင်ဖို့ လမ်းမမြင်တော့ကြောင်း ရဲက ပြောခဲ့ပါတယ်။
ကိုယ်ဝန်သည် အမျိုးသမီးငယ် ပျောက်ဆုံးနေမှုနဲ့ ၉၁၁ ကို ဖုန်းဆက်ခေါ်တဲ့ ကလေးအသည်းအသန် ဖြစ်စဉ်တို့ ဆက်စပ်နေခဲ့တာကို ရဲတွေ မသိခဲ့ကြပါဘူး။ ကိုယ်ဝန်သည် အိုချိုအာ လိုပက်ရဲ့သူငယ်ချင်းတွေက သူမရဲ့လူမှုကွန်ရက်အကောင့်ကို စစ်ဆေးပေးဖို့ ပြောခဲ့ကြချိန်မှသာ ဖီဂူရိုနဲ့ အမျိုးသမီးငယ်တို့ မျှော်လင့်ချက် မိခင်များ ဆိုတဲ့ ဖေ့စ်ဘုတ်ဂရုတစ်ခုမှာ အဆက်အသွယ်ရှိနေကြောင်း တွေ့ရှိခဲ့ပြီး အမှုကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။


-ကိုလင်း(အကုန်သိ သတင်းဌာန) | Ref : ဘန်ကောက်ပို့စ်

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။