Skip to main content
အလှူငွေ ဘတ် ၄ သန်းကို အလွဲသုံးစားလုပ်၊ ခိုးယူခဲ့သည့် ထိုင်းဘုန်းကြီး ၂ ပါး ထောင်ကျ
Ads Block
အလှူငွေ ဘတ် ၄ သန်းကို အလွဲသုံးစားလုပ်၊ ခိုးယူခဲ့သည့် ထိုင်းဘုန်းကြီး ၂ ပါး ထောင်ကျ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဝပ်ဆမ်ဖရာယကျောင်းတိုက်မှ ကျောင်းထိုင်ဟောင်းနဲ့ ၄င်းရဲ့ အတွင်းရေးမှုးတို့ နှစ်ပါးဟာ ထိုင်းအစိုးရမှ ပေးအပ်ခဲ့တဲ့ သာသနာတော်တိုးတက်ရေး အလှူငွေကို ခိုးယူအလွဲသုံးစားပြုမှုအတွက် ထောင် ၆ နှစ်နဲ့ ၃ နှစ် အသီးသီးချမှတ်ခံလိုက်ရပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။
အလှူငွေ ဘတ် ၄ သန်းကို အလွဲသုံးစားလုပ်၊ ခိုးယူခဲ့သည့် ထိုင်းဘုန်းကြီး ၂ ပါး ထောင်ကျ
ထိုသို့ဖြင့် ဘတ် ၅ သန်းရလာခဲ့ရာ ကျောင်းထိုင်ကိုယ်တော် ဖရာပရွမ်ဒီလော့နဲ့ ၄င်းရဲ့အကူ ဖရာအတ္တကစ်ဆိုဖွန် တို့ဟာ ၄ သန်းကို အလွဲသုံးစားလုပ်၊ ခိုးယူပြီး ဝီပပွန်ဥဒုံချော့ပတိအမည်ရှိ အမျိုးသမီးတစ်ဦး ပိုင်ဆိုင်တဲ့ ငွေစာရင်းအကောင့်တွေထံ လွှဲပြောင်းခဲ့ပါတယ်။
ကိုယ်တော်နှစ်ပါးကတော့ ကျောင်းတိုက်တွင်းမှာ အဆောက်အအုံနှစ်ခု အသစ်တည်ဆောက်ရန် ၄င်းငွေတွေကို လွှဲပြောင်းပေးခဲ့ရာမှ လိမ်လည်ခံခဲ့ရကြောင်း လျှောက်လဲချက်ပေးခဲ့ပေမယ့် တရားသူကြီးက ပယ်ချခဲ့ပါတယ်။
ထို့နောက်မှာ ကျောင်းထိုင်ဟောင်းအား ထောင် ၆ နှစ်နဲ့ ၄င်းရဲ့အကူအား ထောင် ၃ နှစ်စီ အသီးသီး ကျခံစေရန် တရားရုံးက မေလ ၁၆ ရက်နေ့မှာ အမိန့်ချလိုက်ပါတယ်။ ၄င်းတို့ရဲ့ရှေ့နေကတော့ ယခုအမှုအတွက် အယူခံတင်ဦးမယ်လို့ ပြောခဲ့ပါတယ်။
Unicode Version
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဝပ်ဆမ်ဖရာယကျောင်းတိုက်မှ ကျောင်းထိုင်ဟောင်းနဲ့ ၎င်းရဲ့ အတွင်းရေးမှုးတို့ နှစ်ပါးဟာ ထိုင်းအစိုးရမှ ပေးအပ်ခဲ့တဲ့ သာသနာတော်တိုးတက်ရေး အလှူငွေကို ခိုးယူအလွဲသုံးစားပြုမှုအတွက် ထောင် ၆ နှစ်နဲ့ ၃ နှစ် အသီးသီးချမှတ်ခံလိုက်ရပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။
ထိုင်းအစိုးရဟာ ၂၀၁၃-၂၀၁၄ ခုနှစ်တုန်းက တစ်နိုင်ငံလုံးရှိ ကျောင်းတိုက်တွေကို ထောက်ပံ့ရန် ဘတ် ၇၂ သန်း ဘတ်ဂျက်ချပေးခဲ့ပါတယ်။ ၎င်းမှာ ဝပ်ဆမ်ဖရာယကျောင်းတိုက်အတွက် ဘတ် ၅ သန်း ဘတ်ဂျက်ကျလာခဲ့ပါတယ်။
ထိုသို့ဖြင့် ဘတ် ၅ သန်းရလာခဲ့ရာ ကျောင်းထိုင်ကိုယ်တော် ဖရာပရွမ်ဒီလော့နဲ့ ၎င်းရဲ့အကူ ဖရာအတ္တကစ်ဆိုဖွန် တို့ဟာ ၄ သန်းကို အလွဲသုံးစားလုပ်၊ ခိုးယူပြီး ဝီပပွန်ဥဒုံချော့ပတိအမည်ရှိ အမျိုးသမီးတစ်ဦး ပိုင်ဆိုင်တဲ့ ငွေစာရင်းအကောင့်တွေထံ လွှဲပြောင်းခဲ့ပါတယ်။
၎င်းတို့ဟာ ငွေတွေကို ၂၀၁၃ ဒီဇင်ဘာမှ ၂၀၁၄ ဇန်နဝါရီလအတွင်းမှာ ၃ ကြိမ်ခွဲ လွှဲပြောင်းပေး ခဲ့ကြောင်း ဆွဲချရှေ့နေရဲ့ တင်ပြချက်အရ သိရပါတယ်။
ကိုယ်တော်နှစ်ပါးကတော့ ကျောင်းတိုက်တွင်းမှာ အဆောက်အအုံနှစ်ခု အသစ်တည်ဆောက်ရန် ၎င်းငွေတွေကို လွှဲပြောင်းပေးခဲ့ရာမှ လိမ်လည်ခံခဲ့ရကြောင်း လျှောက်လဲချက်ပေးခဲ့ပေမယ့် တရားသူကြီးက ပယ်ချခဲ့ပါတယ်။
ထို့နောက်မှာ ကျောင်းထိုင်ဟောင်းအား ထောင် ၆ နှစ်နဲ့ ၎င်းရဲ့အကူအား ထောင် ၃ နှစ်စီ အသီးသီး ကျခံစေရန် တရားရုံးက မေလ ၁၆ ရက်နေ့မှာ အမိန့်ချလိုက်ပါတယ်။ ၎င်းတို့ရဲ့ရှေ့နေကတော့ ယခုအမှုအတွက် အယူခံတင်ဦးမယ်လို့ ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံတွင် ငွေကြေးကိစ္စခြေရှုပ်နေတဲ့ ဘုန်းကြီးတွေကို ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းမှာ သာသနာ သန့်စင်ရေးစီမံချက်ဖြင့် တစ်နိုင်ငံလုံးအဆင့် ဖမ်းဆီးခဲ့ကြပါတယ်။
ယခုနှစ်ပါးကတော့ မေလထဲမှာ အဖမ်းခံခဲ့ရပြီး ဒုတိယအသုတ် ထောင်ကျသွားတဲ့ကိုယ်တော်တွေ ဖြစ်လာပါတယ်။ ပထမအသုတ် ထောင်ကျသွားခဲ့တဲ့ကိုယ်တော်ဟာ ဝပ်လက်ခဲကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ဖြစ်ပြီး အလားတူအမှုဖြင့် ထောင် ၂၆ နှစ် ကျသွားပါတယ်။
- ZHO (အကုန်သိ သတင်းဌာန)  | (Ref : Bangkokpost)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။