Skip to main content
ဗုိလ္ခ်ဳပ္ေအာင္ဆန္းရုပ္ပုံပါေငြစကၠဴမ်ား ၂၀၁၉ ခုႏွစ္ကုန္ပိုင္းတြင္ ထုတ္ေ၀မည္
Ads Block

ဗုိလ္ခ်ဳပ္ေအာင္ဆန္းရုပ္ပုံပါေငြစကၠဴမ်ား ၂၀၁၉ ခုႏွစ္ကုန္ပိုင္းတြင္ ထုတ္ေ၀မည္

ႏုိင္ငံေတာ္၏အတုိင္ခံပုဂၢဳိလ္ေဒၚေအာင္ဆန္းစုၾကည္၏ ဖခင္ျဖစ္သူ ဗုိလ္ခ်ဳပ္ေအာင္ဆန္းရုပ္ပုံပါ ေငြစကၠဴ ပုိက္ဆံမ်ား ၂၀၁၉ ခုႏွစ္ကုန္ပုိင္းတြင္ထုတ္ေ၀ေတာ့မည္ျဖစ္ေၾကာင္း ႏုိင္ငံေတာ္ဗဟုိဘဏ္မွဒုတိယဥကၠ႒ ဦးစုိးသန္းေျပာျပခ်က္အရ သိရသည္။

ဗုိလ္ခ်ဳပ္ေအာင္ဆန္းရုပ္ပုံပါေငြစကၠဴမ်ား ၂၀၁၉ ခုႏွစ္ကုန္ပိုင္းတြင္ ထုတ္ေ၀မည္


ေနျပည္ေတာ္တြင္ ေမလ ၁၇ ရက္ကက်င္းပေသာ ႏုိင္င့ေတာ္အစုိးရ၏ ျပည္သူ႔အတြက္တတိယ ၁ ႏွစ္တာ ကာလအတြင္းေဆာင္ရြက္ခဲ့မႈႏွင့္ပတ္သက္ၿပီးသတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ဗုိလ္ခ်ဳပ္ပုံနဲ႔ေငြစကၠဴထုတ္ဖုိ႔အခုမွမဟုတ္ပါဘူး။လြန္ခဲ့တဲ့နွစ္ကလည္းကြ်န္ေတာ္ေျဖခဲ့ဘူးပါတယ္။ ဒီဇုိင္းေတြ ဆြဲတယ္။ ထုတ္ဖုိ႔အစီအစဥ္လုပ္ေနပါတယ္။ အဲဒီေတာ့ၾကားဖူးမွာပါ။ ဂ်ပန္မွာေငြစကၠဴထုတ္ဖုိ႔ေနာက္ ၅ ႏွစ္မွာ ထုတ္ဖုိ႔ကုိဒီဇုိင္းထုိင္ေနတယ္။ US မွာလည္း ၂ ႏွစ္၊ ၃ ႏွစ္ေလာက္ၾကတယ္။ ဆုိေတာ့ေငြစကၠဴထုတ္တဲ့အခါမွာ လုံၿခဳံေရးကိစၥေတြ၊ ဒီဇုိင္းေတြကအလြန္တစ္ရာမွ သံသယမ်ားရပါတယ္။ ဆုိေတာ့ ဒီကိစၥကုိလုပ္ေနပါတယ္။ ေတာ္ေတာ္ေလးကုိခရီးေရာက္ေနပါၿပီ။ ဒီႏွစ္ကုန္ေလာက္မွာထြက္လာရင္လည္း ထြက္လာႏိုင္တယ္။ ဟုိဘက္ႏွစ္အလြန္မွာလည္းထြက္လာႏုိင္ပါတယ္။ အခ်ိန္ကေတာ့ မွန္းဆရေတာ္ေတာ္ခက္ပါတယ္။ တစ္ခါတေလ လုံၿခဳံေရးအဆင့္ျမွင့္တာတုိ႔၊ ဒီဇုိင္းျပန္ထည့္တာတုိ႔ရွိပါတယ္။ ဒါေၾကာင့္မုိ႔လုိ႔ ဒီဥစၥာက ၿပီးသြားမွာပါ။ ထုတ္မွာပါ။ ေသခ်ာေပါက္ထုတ္မွာပါ။ ေတာ္ေတာ္ႀကီးအခ်ိန္နီးကပ္လာပါၿပီ။ ဒီႏွစ္ကုန္ထက္ေတာ့ ေစာၿပီးထြက္စရာေတာ့မရွိပါဘူး။ ဒီထက္နည္းနည္းေနာက္ကုိေရာက္သြားႏိုင္ပါတယ္” ဟု ႏုိင္ငံေတာ္ ဗဟုိဘဏ္မွ ဒုတိယဥကၠ႒ဦးစုိးသိန္းက ေျပာသည္။
ဗုိလ္ခ်ဳပ္ရုပ္ပုံပါ ပုိက္ဆံမ်ားမွာ ယခင္ေခတ္တြင္ တစ္က်ပ္တန္ ၊ ငါးက်ပ္တန္ ၊ တစ္ဆယ္တန္အႀကီးမ်ားတြင္ ရုိက္ႏွိပ္ထုတ္ေ၀ခဲ့သည္။
ဗုိလ္ခ်ဳပ္ေအာင္ဆန္းရုပ္ပံုကို ေငြစကၠဴမ်ားတြင္ ရုိက္ႏွိပ္ထုတ္ေ၀သင့္ေၾကာင္း လႊတ္ေတာ္တြင္တင္ျပခဲ့မႈမ်ား ရွိခဲ့သည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

နိုင်ငံတော်၏အတိုင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူ ပိုက်ဆံများ ၂၀၁၉ ခုနှစ်ကုန်ပိုင်းတွင်ထုတ်ဝေတော့မည်ဖြစ်ကြောင်း နိုင်ငံတော်ဗဟိုဘဏ်မှဒုတိယဥက္ကဋ္ဌ ဦးစိုးသန်းပြောပြချက်အရ သိရသည်။
နေပြည်တော်တွင် မေလ ၁၇ ရက်ကကျင်းပသော နိုင်င့တော်အစိုးရ၏ ပြည်သူ့အတွက်တတိယ ၁ နှစ်တာ ကာလအတွင်းဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်ပုံနဲ့ငွေစက္ကူထုတ်ဖို့အခုမှမဟုတ်ပါဘူး။လွန်ခဲ့တဲ့နှစ်ကလည်းကျွန်တော်ဖြေခဲ့ဘူးပါတယ်။ ဒီဇိုင်းတွေ ဆွဲတယ်။ ထုတ်ဖို့အစီအစဉ်လုပ်နေပါတယ်။ အဲဒီတော့ကြားဖူးမှာပါ။ ဂျပန်မှာငွေစက္ကူထုတ်ဖို့နောက် ၅ နှစ်မှာ ထုတ်ဖို့ကိုဒီဇိုင်းထိုင်နေတယ်။ US မှာလည်း ၂ နှစ်၊ ၃ နှစ်လောက်ကြတယ်။ ဆိုတော့ငွေစက္ကူထုတ်တဲ့အခါမှာ လုံခြုံရေးကိစ္စတွေ၊ ဒီဇိုင်းတွေကအလွန်တစ်ရာမှ သံသယများရပါတယ်။ ဆိုတော့ ဒီကိစ္စကိုလုပ်နေပါတယ်။ တော်တော်လေးကိုခရီးရောက်နေပါပြီ။ ဒီနှစ်ကုန်လောက်မှာထွက်လာရင်လည်း ထွက်လာနိုင်တယ်။ ဟိုဘက်နှစ်အလွန်မှာလည်းထွက်လာနိုင်ပါတယ်။ အချိန်ကတော့ မှန်းဆရတော်တော်ခက်ပါတယ်။ တစ်ခါတလေ လုံခြုံရေးအဆင့်မြှင့်တာတို့၊ ဒီဇိုင်းပြန်ထည့်တာတို့ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီဥစ္စာက ပြီးသွားမှာပါ။ ထုတ်မှာပါ။ သေချာပေါက်ထုတ်မှာပါ။ တော်တော်ကြီးအချိန်နီးကပ်လာပါပြီ။ ဒီနှစ်ကုန်ထက်တော့ စောပြီးထွက်စရာတော့မရှိပါဘူး။ ဒီထက်နည်းနည်းနောက်ကိုရောက်သွားနိုင်ပါတယ်” ဟု နိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌဦးစိုးသိန်းက ပြောသည်။
ဗိုလ်ချုပ်ရုပ်ပုံပါ ပိုက်ဆံများမှာ ယခင်ခေတ်တွင် တစ်ကျပ်တန် ၊ ငါးကျပ်တန် ၊ တစ်ဆယ်တန်အကြီးများတွင် ရိုက်နှိပ်ထုတ်ဝေခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို ငွေစက္ကူများတွင် ရိုက်နှိပ်ထုတ်ဝေသင့်ကြောင်း လွှတ်တော်တွင်တင်ပြခဲ့မှုများ ရှိခဲ့သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။