Skip to main content
Ads Block

ပြည်သူတွေ ချမ်းသာလာစေဖို့ တာဝန်အရ လုပ်ကိုလုပ်ပေးမယ်ဆိုတာ လူထုကို သတိပေးပါတယ်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့် ပြော (ရုပ်သံ)

"ပြည်သူလူထုရဲ့ စားဝတ်နေရေးပြေလည်ဖို့ ၊ ချမ်းသာဖို့ ပြီးရင် ကျွန်တော်တို့ တိုင်းပြည် လုံခြုံဖို့လိုတယ်။ နောက်ထပ် ပြည်သူတွေ တရားဥပဒေစိုးမိုးမှုအောက်မှာ အေးချမ်းဖို့လိုတယ်။ ဒီကနေ့ ပြည်သူတွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ ကျွန်တော်တို့နားလည်တယ်၊ ဒါကနေ ပြည်သူလူထုက ကျွန်တော်တို့ကို ရွေးချယ်လိုက်မယ်ဆိုရင် ပြည်သူတွေချမ်းသာအောင်၊ စီးပွားတိုးတက်အောင်၊လုံလုံခြုံခြုံနေနိုင်အောင် အကောင်းဆုံးဆောင်ရွက်ပေးမှာဖြစ်ပြီး တာဝန်အရလည်း လုပ်ကိုလုပ်ရမှာဖြစ်သလို လုပ်နိုင်အောင်လည်းကြိုးစားနေတာကို ကျွန်တောတို့က ပြည်သူကို သတိပေးတာပဲ" လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့် က ဖြေရှင်းပြလိုက်ပါတယ်။
 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။