Skip to main content
ျမန္မာႏုိင္ငံမွာ တအိအိၿပိဳက်ေနေသာကမ္းပါးတြင္ ရပ္ေနရေသာအေျခအေနျဖစ္ဟု ျပည္ခုိင္ၿဖဳိးပါတီ ဥကၠ႒ေျပာ
Ads Block

ျမန္မာႏုိင္ငံမွာ တအိအိၿပိဳက်ေနေသာကမ္းပါးတြင္ ရပ္ေနရေသာအေျခအေနျဖစ္ဟု ျပည္ခုိင္ၿဖဳိးပါတီ ဥကၠ႒ေျပာ

တိုင္းျပည္အေျခအေနမွာ လိႈင္းပုတ္ေသာေၾကာင့္ တအိအိၿပိက်ေနေသာ ကမ္းပါးတြင္ရပ္ေနရေသာ အေနအထားျဖစ္သည္ဟု ျပည္ေထာင္စုၾကံ႕ခုိင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးသန္းေဌးက ေျပာလုိက္သည္။
ပဲခူးၿမိဳ႕တြင္ ေမလ ၁၅ ရက္ကက်င္းပေသာ ျပည္ခုိင္ၿဖဳိးပါတီ၀င္မ်ားေတြ႔ဆုံပြဲတြင္ ယခုကဲ့သို႔ေျပာျခင္း ျဖစ္သည္။
“ လြန္ခဲ့တဲ့ ၂ နွစ္ေလာက္က သတင္းဌာနတစ္ခုနဲ႔စကားေျပာခဲ့ဖူးတုန္းက တုိင္းျပည္အေျခအေနကုိ ေျပာျပခဲ့ဖူးပါတယ္။ အဲဒါဘာလဲဆုိေတာ့ ကြ်န္ေတာ္တုိ႔ရဲ႕အေျခအေနဟာ လႈိင္းပုတ္လုိ႔ တအိအိနဲ႔ၿပိဳေနတဲ့ ကမ္းပါးမွာရပ္ေနတဲ့သူေတြနဲ႔တူတယ္။ ဒီစကားတခ်ဳိ႕လည္း ၾကားဖူးခ်င္ၾကားဖူးၾကပါလိမ့္မယ္။ အဲဒီေတာ့ ကမ္းပါက ေျမစုိင္ေျမခဲတစ္ဖဲ့ေလာက္ပါသြားလုိက္၊ ငါနဲ႔ေ၀းပါေသးတယ္ဆုိၿပီးေနလုိက္၊ ကုိယ္ေဘးနားက သစ္ပင္တစ္ပင္ေလာက္ေရစီးထဲပါသြားလုိက္၊ ငါနဲ႔အလြတ္ႀကီးပဲလုိ႔ေနလုိက္၊ တျဖည္းျဖည္းနဲ႔ ကုိယ္ပါရပ္ေနတဲ့ ေအာက္ေျခလႈိက္စားၿပီး ကုိယ္ပါပါသြားေတာ့မယ္အေျခအေန သိပ္မေ၀းေတာ့ဘူးလုိ႔ လြန္ခဲ့တဲ့ ၂ ႏွစ္ ေလာက္က ေျပာခဲ့ဖူးတယ္။ ဒီေန႔၊ အဲဒီအေျခအေနမၾကာခင္ကုိေရာက္လာေတာ့မယ္ျဖစ္တယ္လုိ႔ ေျပာလုိ႔ရတယ္။ ဒါေတြကုိတုိင္းတာတဲ့စံခ်ိန္စံညႊန္းေတြ အညႊန္းကိန္းေတြကအမ်ားႀကီးပါ’’ ဟု ျပည္ေထာင္စုၾကံ႕ခုိင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးသန္းေဌးက ေျပာသည္။
ထို႔ေၾကာင့္ တိုင္းျပည္အေျခအေနႏွင့္ပတ္သက္၍ ရပ္ၾကည့္ေနၾကမည္လားဟု ၄င္းက ထည့္သြင္း ေျပာၾကားသြားသည္။
၂၀၁၅ ခုႏွစ္၊ ပါတီစုံဒီမုိကေရစီအေထြေထြေရြးေကာက္ပြဲတြင္ NLD ပါတီမွ အႏုိင္ရရွိခဲ့ၿပီး အစုိးရသစ္တစ္ရပ္ ဖြဲ႔စည္းႏုိင္ခဲ့ကာ လက္ရွိသမၼတမွာ ဦး၀င္းျမင့္ျဖစ္သည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Uncode Version

 

တိုင်းပြည်အခြေအနေမှာ လှိုင်းပုတ်သောကြောင့် တအိအိပြိကျနေသော ကမ်းပါးတွင်ရပ်နေရသော အနေအထားဖြစ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောလိုက်သည်။
ပဲခူးမြို့တွင် မေလ ၁၅ ရက်ကကျင်းပသော ပြည်ခိုင်ဖြိုးပါတီဝင်များတွေ့ဆုံပွဲတွင် ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။
“ လွန်ခဲ့တဲ့ ၂ နှစ်လောက်က သတင်းဌာနတစ်ခုနဲ့စကားပြောခဲ့ဖူးတုန်းက တိုင်းပြည်အခြေအနေကို ပြောပြခဲ့ဖူးပါတယ်။ အဲဒါဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့အခြေအနေဟာ လှိုင်းပုတ်လို့ တအိအိနဲ့ပြိုနေတဲ့ ကမ်းပါးမှာရပ်နေတဲ့သူတွေနဲ့တူတယ်။ ဒီစကားတချို့လည်း ကြားဖူးချင်ကြားဖူးကြပါလိမ့်မယ်။ အဲဒီတော့ ကမ်းပါက မြေစိုင်မြေခဲတစ်ဖဲ့လောက်ပါသွားလိုက်၊ ငါနဲ့ဝေးပါသေးတယ်ဆိုပြီးနေလိုက်၊ ကိုယ်ဘေးနားက သစ်ပင်တစ်ပင်လောက်ရေစီးထဲပါသွားလိုက်၊ ငါနဲ့အလွတ်ကြီးပဲလို့နေလိုက်၊ တဖြည်းဖြည်းနဲ့ ကိုယ်ပါရပ်နေတဲ့ အောက်ခြေလှိုက်စားပြီး ကိုယ်ပါပါသွားတော့မယ်အခြေအနေ သိပ်မဝေးတော့ဘူးလို့ လွန်ခဲ့တဲ့ ၂ နှစ် လောက်က ပြောခဲ့ဖူးတယ်။ ဒီနေ့၊ အဲဒီအခြေအနေမကြာခင်ကိုရောက်လာတော့မယ်ဖြစ်တယ်လို့ ပြောလို့ရတယ်။ ဒါတွေကိုတိုင်းတာတဲ့စံချိန်စံညွှန်းတွေ အညွှန်းကိန်းတွေကအများကြီးပါ’’ ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။
ထို့ကြောင့် တိုင်းပြည်အခြေအနေနှင့်ပတ်သက်၍ ရပ်ကြည့်နေကြမည်လားဟု ၎င်းက ထည့်သွင်း ပြောကြားသွားသည်။
၂၀၁၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် NLD ပါတီမှ အနိုင်ရရှိခဲ့ပြီး အစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်ခဲ့ကာ လက်ရှိသမ္မတမှာ ဦးဝင်းမြင့်ဖြစ်သည်။

 

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။