Skip to main content
အႏၱရာယ္ရွိေသာ္လည္း ရခုိင္တစ္ျပည္နယ္လံုးတြင္ တည္ေဆာက္ေရး လုပ္ငန္းမ်ား လုပ္ေဆာင္ေနဟု ေဆာက္လုပ္ေရး ဒုတိယ ဝန္ႀကီးဆုိ
Ads Block

အႏၱရာယ္ရွိေသာ္လည္း ရခုိင္တစ္ျပည္နယ္လံုးတြင္ တည္ေဆာက္ေရး လုပ္ငန္းမ်ား လုပ္ေဆာင္ေနဟု ေဆာက္လုပ္ေရး ဒုတိယ ဝန္ႀကီးဆုိ

 

အႏၱရာယ္ရွိေသာ္လည္း ရခုိင္ျပည္နယ္ တစ္ျပည္နယ္လံုးတြင္ လမ္းတံတားတည္ေဆာက္ေရးလုပ္ငန္းမ်ားကို လုပ္ေဆာင္ေန ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေက်ာ္လင္းက ေျပာသည္။
ေမလ ၁၇ ရက္က ႏိုင္ငံေတာ္အစိုးရ၏ တတိယ(၁)ႏွစ္တာကာလအတြင္း ေဆာင္ရြက္ခဲ့မႈမ်ားႏွင့္ ပတ္သက္ၿပီး ျပဳလုပ္သည့္ သ တင္းစာရွင္းလင္းပြဲအၿပီး  မီဒီယာမ်ား၏ ေမးျမန္းမႈကို ျပန္လည္ေျဖၾကားခဲ့ျခင္း ျဖစ္သည္။
“ ရခုိင္ျပည္နယ္က လမ္းေတြကို ေမာင္ေတာလုိ ေနရာမ်ိဳးမွာ ေတာင္လုပ္ေနတာျဖစ္ပါတယ္။ အႏၱရာယ္ရွိ လားဆုိေတာ့ အႏၱ ရာယ္က ေတာ့ရွိပါတယ္။ သုိ႔ေသာ္လည္းပဲ ဝန္ထမ္းျဖစ္တဲ့အတြက္ ကၽြန္ေတာ္တုိ႔မွာ ေရြးခ်ယ္စရာမရွိပါဘူး။” ဟု ဦးေက်ာ္ လင္း ကေျပာသည္။
ရခုိင္ျပည္နယ္တြင္ တံတားတည္ေဆာက္ေရး လုပ္ငန္းတစ္ခုမွ ေဆာက္လုပ္ေရး ဝန္ထမ္းတစ္ဦးကို ဖမ္းဆီးေခၚေဆာင္ထားျခင္း ခံထားရၿပီး ယေန႔အခ်ိန္ထိ အဆက္အသြယ္မရေသးေၾကာင္းႏွင့္ အဆင္အသြယ္ရရွိေအာင္ ႀကိဳးစားေဆာင္ရြက္ေနေၾကာင္း ၎ က ေျပာသည္။
လက္ရွိတြင္လည္း ရခုိင္ျပည္နယ္ စစ္ေတြ၊ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ပုဏၰားကၽြန္း လမ္းပိုင္းတြင္ တုိက္ပြဲမ်ားျဖစ္ပြားေနသည့္ အတြက္ လမ္းေဖာက္လုပ္ျခင္းမ်ား ရပ္တံ့ထားရၿပီး ေက်ာက္ေတာ္ၿမိဳ႕ အနီးတဝုိက္တြင္လည္း တုိက္ပြဲမ်ားျဖစ္ပြားေနသည့္ အ တြက္ လမ္းေဖာက္ျခင္းလုပ္ငန္းမ်ားရပ္တံၿပီး လံုၿခံဳသည့္ စခန္းမ်ားတြင္ ဝန္ထမ္းမ်ားအား ယာယီေနရာခ်ထားေၾကာင္း ေဆာက္ လုပ္ေရးဝန္ႀကီးဌာနမွ သိရသည္။

- ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

Unicode Version

 

အန္တရာယ်ရှိသော်လည်း ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေ ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။
မေလ ၁၇ ရက်က နိုင်ငံတော်အစိုးရ၏ တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး ပြုလုပ်သည့် သ တင်းစာရှင်းလင်းပွဲအပြီး  မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ ရခိုင်ပြည်နယ်က လမ်းတွေကို မောင်တောလို နေရာမျိုးမှာ တောင်လုပ်နေတာဖြစ်ပါတယ်။ အန္တရာယ်ရှိ လားဆိုတော့ အန္တ ရာယ်က တော့ရှိပါတယ်။ သို့သော်လည်းပဲ ဝန်ထမ်းဖြစ်တဲ့အတွက် ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိပါဘူး။” ဟု ဦးကျော် လင်း ကပြောသည်။
ရခိုင်ပြည်နယ်တွင် တံတားတည်ဆောက်ရေး လုပ်ငန်းတစ်ခုမှ ဆောက်လုပ်ရေး ဝန်ထမ်းတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ထားခြင်း ခံထားရပြီး ယနေ့အချိန်ထိ အဆက်အသွယ်မရသေးကြောင်းနှင့် အဆင်အသွယ်ရရှိအောင် ကြိုးစားဆောင်ရွက်နေကြောင်း ၎င်း က ပြောသည်။
လက်ရှိတွင်လည်း ရခိုင်ပြည်နယ် စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း လမ်းပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေသည့် အတွက် လမ်းဖောက်လုပ်ခြင်းများ ရပ်တံ့ထားရပြီး ကျောက်တော်မြို့ အနီးတဝိုက်တွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည့် အ တွက် လမ်းဖောက်ခြင်းလုပ်ငန်းများရပ်တံပြီး လုံခြုံသည့် စခန်းများတွင် ဝန်ထမ်းများအား ယာယီနေရာချထားကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

- ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။