Skip to main content
ေဒါနေတာင္ လမ္းေဟာင္း ေကာင္းမႈရြာအနီးတြင္ DKBA ႏွင့္ BGF နယ္ျခားေစာင့္တပ္တို႔ တိုက္ပြဲျဖစ္
Ads Block

ေဒါနေတာင္ လမ္းေဟာင္း ေကာင္းမႈရြာအနီးတြင္ DKBA ႏွင့္ BGF နယ္ျခားေစာင့္တပ္တို႔ တိုက္ပြဲျဖစ္

ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕ ေတာင္ဘက္တြင္ ေကာင္းမႈေက်းရြာ အုပ္စု ေခ်ာင္းဖ်ား /ေကာင္းမူႏွင့္ ပ်ားပင္ကုန္း ေက်းရြာ အေနာက္ဘက္တြင္ ေမလ ၁၇ ရက္ နံနက္ ၁၀နာရီ ၁၅ မိနစ္အခ်ိန္ခန႔္က DKBA ခြဲထြက္အဖြဲ႔ႏွင့္ ကရင္နယ္ျခားေစာင့္တပ္ (BGF) ၁၀၁၇ တို႔ ထိေတြ႔တိုက္ပြဲ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေဒါနေတာင္ လမ္းေဟာင္း ေကာင္းမႈရြာအနီးတြင္ DKBA ႏွင့္ BGF နယ္ျခားေစာင့္တပ္တို႔ တိုက္ပြဲျဖစ္


အဖ်က္အေမွာင့္ လုပ္ငန္းေဆာင္ရြက္ရန္ DKBA ခြဲထြက္ ဗိုလ္ေက်ာ္သက္ လက္ေအာက္ခံတပ္ဖြဲ႕မွ ေစာဖားေကာ္ ဦးစီးေသာ လက္နက္ကိုင္ ၁၉ ဦး ဝင္ေရာက္ အေျခခ် ေနထိုင္ေနေၾကာင္း သတင္းရရွိသျဖင့္ BGF တပ္ရင္း အမွတ္(၁၀၁၇) မွ ဒုတပ္မွဴး ဦးစီးအဖြဲ႔တုိ႔ လုိက္လံရွင္းလင္းရာ ၁၀ နာရီ ၁၅ မိနစ္မွ ၁၀ နာရီ ၄၅ မိနစ္အခိ်န္ထိ ရင္ဆုိင္ထိေတြ႔ ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး DKBA ခြဲထြက္အဖြဲ႔ဘက္မွ တပ္သားအဆင့္ရွိ စည္သူအား ယာေပါင္က်ည္ေဖာက္ဝင္ ဒဏ္ရာႏွင့္အတူ ေဖာက္ခြဲေရးမုိင္းမ်ားပါ သိမ္း ဆည္းရမိ ထားေၾကာင္း သိရသည္။
"ဟုတ္ပါတယ္ ။ မနက္က ေဒါနေတာင္ လမ္းေဟာင္း ေအာက္ဗိုလ္တဲ အထက္ဘက္မွာ တိုက္ပြဲျဖစ္တယ္ ဆိုတာ အုပ္ခ်ဳပ္ေရးမွဴး ေတြ ေျပာတာသိရတယ္။ DKBA က အရွင္ တစ္ေယာက္မိတယ္။ ေပါင္ေသနတ္ မွန္ထားတယ္ ၾကားတယ္။ အခုရြာသားေတြက ေတာ့ ေတာင္ယာမသြားေတာ့ဘူး" ဟု ပ်ားပင္ကုန္းေက်းရြာ ေနထိုင္သူ ေစာအေဘာင္း ေျပာဆိုခ်က္အရသိရသည္။

ေဒါနေတာင္ လမ္းေဟာင္း ေကာင္းမႈရြာအနီးတြင္ DKBA ႏွင့္ BGF နယ္ျခားေစာင့္တပ္တို႔ တိုက္ပြဲျဖစ္


အဆိုပါ ေကာ့ကရိတ္ၿမိဳ႕နယ္ ေကာင္းမႈေက်းရြာ အုပ္စုဘက္တြင္ ၿပီးခဲ့သည့္ ၂၀၁၆ ခုႏွစ္ အထိ DKBA ခြဲထြက္ အဖြဲ႔မ်ားႏွင့္ နယ္ ျခားေစာင့္တပ္ BGF ကရင္လက္နက္ကိုင္တပ္ဖြဲ႕မ်ား၏ တိုက္ပြဲမ်ား ၿငိမ္သက္ေနခဲ့ရာမွ ယခု ၂၀၁၉ ခုႏွစ္ ေမလအတြင္း ယခင္ ၿမိဳင္ႀကီးငူ မဲသေဝါ ေဒသဘက္သို႔ ဆုတ္ခြာသြားသည့္ ခြဲထြက္ DKBA ဗိုလ္ေက်ာ္သက္ လက္ေအာက္ခံတပ္ဖြဲ႔မ်ား ျပန္လည္ ဝင္ ေရာက္ အေျခခ်လာေနသည့္အတြက္ တိုက္ပြဲမ်ားျပန္လည္ ျဖစ္ပြားလာႏိုင္ေၾကာင္း ေကာင္းမႈေက်းရြာေန ေဒသခံမ်ားက ေျပာ သည္။

 

- ေစာေဘာသိုလ္(အကုန္သိသတင္းဌာန)

Unicode Version

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့ တောင်ဘက်တွင် ကောင်းမှုကျေးရွာ အုပ်စု ချောင်းဖျား /ကောင်းမူနှင့် ပျားပင်ကုန်း ကျေးရွာ အနောက်ဘက်တွင် မေလ ၁၇ ရက် နံနက် ၁၀နာရီ ၁၅ မိနစ်အချိန်ခန့်က DKBA ခွဲထွက်အဖွဲ့နှင့် ကရင်နယ်ခြားစောင့်တပ် (BGF) ၁၀၁၇ တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဖျက်အမှောင့် လုပ်ငန်းဆောင်ရွက်ရန် DKBA ခွဲထွက် ဗိုလ်ကျော်သက် လက်အောက်ခံတပ်ဖွဲ့မှ စောဖားကော် ဦးစီးသော လက်နက်ကိုင် ၁၉ ဦး ဝင်ရောက် အခြေချ နေထိုင်နေကြောင်း သတင်းရရှိသဖြင့် BGF တပ်ရင်း အမှတ်(၁၀၁၇) မှ ဒုတပ်မှူး ဦးစီးအဖွဲ့တို့ လိုက်လံရှင်းလင်းရာ ၁၀ နာရီ ၁၅ မိနစ်မှ ၁၀ နာရီ ၄၅ မိနစ်အချိန်ထိ ရင်ဆိုင်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး DKBA ခွဲထွက်အဖွဲ့ဘက်မှ တပ်သားအဆင့်ရှိ စည်သူအား ယာပေါင်ကျည်ဖောက်ဝင် ဒဏ်ရာနှင့်အတူ ဖောက်ခွဲရေးမိုင်းများပါ သိမ်း ဆည်းရမိ ထားကြောင်း သိရသည်။
"ဟုတ်ပါတယ် ။ မနက်က ဒေါနတောင် လမ်းဟောင်း အောက်ဗိုလ်တဲ အထက်ဘက်မှာ တိုက်ပွဲဖြစ်တယ် ဆိုတာ အုပ်ချုပ်ရေးမှူး တွေ ပြောတာသိရတယ်။ DKBA က အရှင် တစ်ယောက်မိတယ်။ ပေါင်သေနတ် မှန်ထားတယ် ကြားတယ်။ အခုရွာသားတွေက တော့ တောင်ယာမသွားတော့ဘူး" ဟု ပျားပင်ကုန်းကျေးရွာ နေထိုင်သူ စောအဘောင်း ပြောဆိုချက်အရသိရသည်။
အဆိုပါ ကော့ကရိတ်မြို့နယ် ကောင်းမှုကျေးရွာ အုပ်စုဘက်တွင် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် အထိ DKBA ခွဲထွက် အဖွဲ့များနှင့် နယ် ခြားစောင့်တပ် BGF ကရင်လက်နက်ကိုင်တပ်ဖွဲ့များ၏ တိုက်ပွဲများ ငြိမ်သက်နေခဲ့ရာမှ ယခု ၂၀၁၉ ခုနှစ် မေလအတွင်း ယခင် မြိုင်ကြီးငူ မဲသဝေါ ဒေသဘက်သို့ ဆုတ်ခွာသွားသည့် ခွဲထွက် DKBA ဗိုလ်ကျော်သက် လက်အောက်ခံတပ်ဖွဲ့များ ပြန်လည် ဝင် ရောက် အခြေချလာနေသည့်အတွက် တိုက်ပွဲများပြန်လည် ဖြစ်ပွားလာနိုင်ကြောင်း ကောင်းမှုကျေးရွာနေ ဒေသခံများက ပြော သည်။

- စောဘောသိုလ်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။