Skip to main content
စက္မႈက႑ႏွင့္ အျခားက႑အတြင္း ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္း ၅ ခုခြင့္ျပဳ
Ads Block

စက္မႈက႑ႏွင့္ အျခားက႑အတြင္း ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္း ၅ ခုခြင့္ျပဳ

စက္မႈက႑ႏွင့္ အျခားက႑အတြင္းလုပ္ကိုင္ရန္ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈ လုပ္ငန္း ၅ ခုကို ေမလဒုတိယအပတ္တြင္ ခြင့္ျပဳခဲ့ေၾကာင္းရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ညႊန္ၾကားမႈးဦးစီးဌာန (DICA) မွ သိရသည္။
အဆိုပါ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္း ၅ ခုမွာ ရင္းႏွီးျမွဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာသန္း ၂၀ နီးပါး မတည္လုပ္ကိုင္မည္ျဖစ္ၿပီးျပည္တြင္း၌ လူဦးေရ ၁၈၅၁ ဦးအတြက္ အလုပ္အကိုင္ အခြင့္အလမ္းမ်ား ဖန္တီးေပးႏိုင္မည္ျဖစ္ေၾကာင္း DICA မွ သိရသည္။
“ႏိုင္ငံျခားရင္းႏွံမႈအဆိုျပဳလုပ္ငန္းက ၁ ခု၊ အတည္ျပဳလုပ္ငန္းက ၄ ခုခြင့္ျပဳခဲ့ပါတယ္။ အဆိုျပဳလုပ္ငန္းက ပ ညာေရးဝန္ေဆာင္မႈလုပ္ငန္းျဖစ္ပါတယ္။ အတည္ျပဳလုပ္ငန္းေတြကေတာ့ CMP လုပ္ငန္းေတြ ျဖစ္ပါတယ္။ ျမန္ မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမႈ ေကာ္မရွင္ကအဆိုျပဳလုပ္ငန္း ၁ ခု၊ ရန္ကုန္တိုင္းေဒသႀကီးရင္းႏွီးျမွဳပ္ႏွံမႈေကာ္မတီက အတည္ျပဳလုပ္ငန္း ၁ ခု၊ ကခ်င္ျပည္နယ္ရင္းႏွီးျမွဳပ္ႏွံမႈေကာ္မတီကအတည္ျပဳလုပ္ငန္း ၃ ခုနဲ႔ စုစုေပါင္းလုပ္ငန္း ၃ ခုခြင့္ျပဳခဲ့ပါတယ္” ဟု DICA မွ ဒုတိယညႊန္ၾကားေရးမႈးခ်ဳပ္ ေဒၚတင္ေအးဟန္ကေျပာသည္။
အျခားက႑အေနျဖင့္ ထုိင္ဝမ္ႏုိင္ငံအေျခစိုက္ကုမၸဏီမွ အေမရိကန္ေဒၚလာ ၄ သန္းမတည္ရင္းႏွီးကာရန္ကုန္ တိုင္းေဒသႀကီး၊ လိႈင္ၿမိဳ႕နယ္တြင္ Everclever (Myanmar) ကုမၸဏီအမည္ျဖင့္ ပညာေရးဝန္ေဆာင္မႈလုပ္ငန္း လုပ္ကိုင္မည္ျဖစ္ေၾကာင္းသိရသည္။
စက္မႈက႑အေနျဖင့္ ေဟာင္ေကာင္အေျခစိုက္ကုမၸဏီမွ အေမရိကန္ေဒၚလာ ၀ ဒႆမ ၆ သန္းနီးပါးမတည္ ကာေရႊျပည္သာၿမိဳ႕နယ္တြင္ Rainbowtex (Myanmar) ကုမၸဏီအမည္ျဖင့္ CMP စနစ္ျဖင့္ အဝတ္အထည္ခ်ဳပ္ လုပ္ငန္းကိုလည္းေကာင္း၊ တရုတ္ႏိုင္ငံအေျခစိုက္ကုမၸဏီမွ Myanmar Golden Leaf Bio-Technology ကုမၸဏီအမည္ျဖင့္ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕နယ္တြင္ ေလာင္စာေတာင္ ထုတ္လုပ္သည့္လုပ္ငန္း၊ ပိုးစာပင္အေျခခံအထပ္သား၊ သစ္ပါးလႊာထုတ္လုပ္ျခင္းလုပ္ငန္းမ်ားႏွင့္ တိရစာၦန္အစာထုတ္လုပ္သည့္ လုပ္ငန္းတို႔ အတြက္ လုပ္ငန္းတစ္ခုလွ်င္ အေမရိကန္ေဒၚလာ ၅ သန္းစီ မတည္ကာလုပ္ကိုင္သြားမည္ ျဖစ္ေၾကာင္း DICA မွ သိရသည္။
အဆိုပါလုပ္ငန္းကို ရန္ကုန္ၿမိဳ႕၊ သစၥာလမ္းရွိရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားညႊန္ၾကားမႈ ဦးစီးဌာနတြင္ ေမလ ၁၁ ရက္၌ က်င္းပသည့္ ျမန္မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမႈ ေကာ္မရွင္၏ ၇/၂၀၁၉ အစည္းအေဝးတြင္ ခြင့္ျပဳခဲ့ျခင္းျဖစ္သည္။

 

- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode Version

 

စက်မှုကဏ္ဍနှင့် အခြားကဏ္ဍအတွင်းလုပ်ကိုင်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၅ ခုကို မေလဒုတိယအပတ်တွင် ခွင့်ပြုခဲ့ကြောင်းရင်းနှီးမြှုပ်နှံမှုနှင့် ညွှန်ကြားမှုးဦးစီးဌာန (DICA) မှ သိရသည်။
အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅ ခုမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၂၀ နီးပါး မတည်လုပ်ကိုင်မည်ဖြစ်ပြီးပြည်တွင်း၌ လူဦးရေ ၁၈၅၁ ဦးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း DICA မှ သိရသည်။
“နိုင်ငံခြားရင်းနှံမှုအဆိုပြုလုပ်ငန်းက ၁ ခု၊ အတည်ပြုလုပ်ငန်းက ၄ ခုခွင့်ပြုခဲ့ပါတယ်။ အဆိုပြုလုပ်ငန်းက ပ ညာရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်ပါတယ်။ အတည်ပြုလုပ်ငန်းတွေကတော့ CMP လုပ်ငန်းတွေ ဖြစ်ပါတယ်။ မြန် မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကအဆိုပြုလုပ်ငန်း ၁ ခု၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုလုပ်ငန်း ၁ ခု၊ ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီကအတည်ပြုလုပ်ငန်း ၃ ခုနဲ့ စုစုပေါင်းလုပ်ငန်း ၃ ခုခွင့်ပြုခဲ့ပါတယ်” ဟု DICA မှ ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါ်တင်အေးဟန်ကပြောသည်။
အခြားကဏ္ဍအနေဖြင့် ထိုင်ဝမ်နိုင်ငံအခြေစိုက်ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ ၄ သန်းမတည်ရင်းနှီးကာရန်ကုန် တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် Everclever (Myanmar) ကုမ္ပဏီအမည်ဖြင့် ပညာရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်မည်ဖြစ်ကြောင်းသိရသည်။
စက်မှုကဏ္ဍအနေဖြင့် ဟောင်ကောင်အခြေစိုက်ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ ၀ ဒဿမ ၆ သန်းနီးပါးမတည် ကာရွှေပြည်သာမြို့နယ်တွင် Rainbowtex (Myanmar) ကုမ္ပဏီအမည်ဖြင့် CMP စနစ်ဖြင့် အဝတ်အထည်ချုပ် လုပ်ငန်းကိုလည်းကောင်း၊ တရုတ်နိုင်ငံအခြေစိုက်ကုမ္ပဏီမှ Myanmar Golden Leaf Bio-Technology ကုမ္ပဏီအမည်ဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် လောင်စာတောင် ထုတ်လုပ်သည့်လုပ်ငန်း၊ ပိုးစာပင်အခြေခံအထပ်သား၊ သစ်ပါးလွှာထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် တိရစ္ဆာန်အစာထုတ်လုပ်သည့် လုပ်ငန်းတို့ အတွက် လုပ်ငန်းတစ်ခုလျှင် အမေရိကန်ဒေါ်လာ ၅ သန်းစီ မတည်ကာလုပ်ကိုင်သွားမည် ဖြစ်ကြောင်း DICA မှ သိရသည်။
အဆိုပါလုပ်ငန်းကို ရန်ကုန်မြို့၊ သစ္စာလမ်းရှိရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် မေလ ၁၁ ရက်၌ ကျင်းပသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၇/၂၀၁၉ အစည်းအဝေးတွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။