Skip to main content
ေယာင္ျပမ်ားေၾကာင့္လမ္းေၾကာင္းမလြဲၾကရန္ NLD ပါတီနာယက ဦး၀င္းထိန္ ေျပာ
Ads Block

ေယာင္ျပမ်ားေၾကာင့္လမ္းေၾကာင္းမလြဲၾကရန္ NLD ပါတီနာယက ဦး၀င္းထိန္ ေျပာ

ေယာင္ျပမ်ားေၾကာင့္ လမ္းေၾကာင္းမလြဲၾကရန္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD) ပါတီမွ နာယက ဦး၀င္းထိန္က ေျပာလုိက္သည္။
ရန္ကုန္ၿမိဳ႕ရွိ ေတာ္၀င္ႏွင္းဆီတြင္ ေမလ ၁၇ ရက္ကက်င္းပေသာ စာေရးဆရာေမာင္မုိးသူ၏ ၈၂ ႏွစ္ျပည့္ ေမြးေန႔ပြဲတြင္ သတင္းမီဒီယာမ်ားထံ ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ေယာင္ျပမ်ားေၾကာင့္လမ္းေၾကာင္းမလြဲၾကရန္ NLD ပါတီနာယက ဦး၀င္းထိန္ ေျပာ


“ လမ္းေၾကာင္းမလြဲဖို႔ေပါ့။ လမ္းေၾကာင္းမလြဲဖို႔၊ ေယာင္ျပေတြကမ်ားေနေတာ့ လမ္းေၾကာင္းလြဲၿပီးေတာ့ ကုိယ့္ဟာကုိယ္ က်ည္ဆန္ေရာက္လုိ႔ေရာက္မွန္းမသိတဲ့သူေတြသတိထားဖုိ႔ေျပာတာ’’ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီမွ နာယက ဦး၀င္းထိန္က ေျပာသည္။

ေယာင္ျပမ်ားေၾကာင့္လမ္းေၾကာင္းမလြဲၾကရန္ NLD ပါတီနာယက ဦး၀င္းထိန္ ေျပာ


တုိင္းျပည္အေျခအေနမွာ လြန္စြာဆုိးရြားေနေၾကာင္း၊ အမ်ိဳးသားအစည္းေျပမႈႀကီး ျဖစ္ပြားေနၿပီး ျမန္မာႏုိင္ငံမွာ အဆုိးဘက္တြင္ ဂုဏ္ထူးထြက္ေနေၾကာင္း ရန္ကုန္ၿမိဳ႕ရွိ ဂႏၶမာဟုိးေဆးတြင္ ေမလ ၁၄ ရက္ကက်င္းပေသာ စိမ္းလန္းေရႊျပည္ စာေပၿပိဳင္ပြဲဆုခ်ီးျမွင့္ပြဲေပးအပ္သည့္အခမ္းအနားတြင္ ျပည္ခုိင္ၿဖဳိးပါတီဥကၠ႒ ဦးသန္းေ႒းမွ ေျပာၾကားထားသည္။
၂၀၁၅ ခုႏွစ္ပါတီစုံဒီမုိကေရစီအေထြေထြေရြးေကာက္ပြဲတြင္ NLD ပါတီမွ ျပည္သူလူထုေထာက္ခံဆႏၵမဲျဖင့္ အစုိးရတစ္ရပ္ဖြဲ႔စည္းႏုိင္ခဲ့ၿပီး လက္ရွိတြင္ သမၼတဦး၀င္းျမင့္မွ အုပ္ခ်ဳပ္ေနၿပီး NLD အစုိးရသက္တမ္းမွာ ၃ ႏွစ္ နီးပါးရွိၿပီျဖစ္သည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

ယောင်ပြများကြောင့် လမ်းကြောင်းမလွဲကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ နာယက ဦးဝင်းထိန်က ပြောလိုက်သည်။
ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီတွင် မေလ ၁၇ ရက်ကကျင်းပသော စာရေးဆရာမောင်မိုးသူ၏ ၈၂ နှစ်ပြည့် မွေးနေ့ပွဲတွင် သတင်းမီဒီယာများထံ ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ လမ်းကြောင်းမလွဲဖို့ပေါ့။ လမ်းကြောင်းမလွဲဖို့၊ ယောင်ပြတွေကများနေတော့ လမ်းကြောင်းလွဲပြီးတော့ ကိုယ့်ဟာကိုယ် ကျည်ဆန်ရောက်လို့ရောက်မှန်းမသိတဲ့သူတွေသတိထားဖို့ပြောတာ’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ နာယက ဦးဝင်းထိန်က ပြောသည်။
တိုင်းပြည်အခြေအနေမှာ လွန်စွာဆိုးရွားနေကြောင်း၊ အမျိုးသားအစည်းပြေမှုကြီး ဖြစ်ပွားနေပြီး မြန်မာနိုင်ငံမှာ အဆိုးဘက်တွင် ဂုဏ်ထူးထွက်နေကြောင်း ရန်ကုန်မြို့ရှိ ဂန္ဓမာဟိုးဆေးတွင် မေလ ၁၄ ရက်ကကျင်းပသော စိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲဆုချီးမြှင့်ပွဲပေးအပ်သည့်အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးမှ ပြောကြားထားသည်။
၂၀၁၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် NLD ပါတီမှ ပြည်သူလူထုထောက်ခံဆန္ဒမဲဖြင့် အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ခဲ့ပြီး လက်ရှိတွင် သမ္မတဦးဝင်းမြင့်မှ အုပ်ချုပ်နေပြီး NLD အစိုးရသက်တမ်းမှာ ၃ နှစ် နီးပါးရှိပြီဖြစ်သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။