Skip to main content
 ေဒါင္းေန တံတားအနီးတြင္ ေရႊမိတ္သစ္ခရီးသည္တင္ယာဥ္ႏွစ္စီး မ်က္ႏွာခ်င္းဆိုင္တိုက္မိ
Ads Block

ေဒါင္းေန တံတားအနီးတြင္ ေရႊမိတ္သစ္ခရီးသည္တင္ယာဥ္ႏွစ္စီး မ်က္ႏွာခ်င္းဆိုင္တိုက္မိ


မေကြးတိုင္းေဒသႀကီး ေရနံေခ်ာင္းၿမိဳ႕ ေညာင္လွနယ္ေျမ ရဲစခန္းအပိုင္နယ္ေျမအတြင္းရိွ ေဒါင္းေနတံတားအနီးတြင္ ခရီသည္တင္ယာဥ္ႏွစ္စီးမ်က္ႏွာခ်င္းဆိုင္တိုက္မိရာမွ ခရီးသည္ ၂ ဦး ေသဆံုးခဲ့ေၾကာင္း သိရသည္။

 ေဒါင္းေန တံတားအနီးတြင္ ေရႊမိတ္သစ္ခရီးသည္တင္ယာဥ္ႏွစ္စီး မ်က္ႏွာခ်င္းဆိုင္တိုက္မိ


ေမလ ၁၇ ရက္ ေန႔လယ္၁နာရီခြဲ အခ်ိန္တြင္ မေကြး - ေရနံေခ်ာင္း ကားလမ္း ေဒါင္းေနတံတားအနီး မိုင္တိုင္ (၃၄၆/၇) အနီးတြင္ ေရႊမိတ္သစ္ခရီးသည္တင္ ေမာ္ေတာ္ယာဥ္လိုင္းမွ မေကြးၿမိဳ႕မွအျပန္ ေမာ္ေတာ္ယာဥ္ႏွင့္ မေကြးၿမိဳ႕သို႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္တို႔ တိုက္မိခဲ့ျခင္း ျဖစ္သည္။
အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ မေကြးဘက္မွ ေရနံေခ်ာင္းဘက္သို႔ ေမာင္းႏွင္လာသည့္ ေရႊမိတ္သစ္ ခရီးသည္တင္ယာဥ္မွ အမ်ိဳး သား တစ္ဦးေသဆံုးခဲ့ၿပီး ေရနံေခ်ာင္းဘက္မွ မေကြးၿမိဳ႕သို႔ ေမာင္းႏွင္လာသည့္ ေရႊမိတ္သစ္ေမာ္ေတာ္ယာဥ္ အမ်ိဳးသမီးတစ္ဦးေသဆံုးသြားခဲ့သည္ဟု သိရသည္။
လက္႐ွိတြင္ မေကြးၿမိဳ႕မွ လူနာတင္ယာဥ္ (၃) စီး၊ ေရနံေခ်ာင္းၿမိဳ႕မွ လူနာတင္ယာဥ္(၂)စီးတို႔ျဖင့္ ဒဏ္ရာရ႐ွိသူမ်ားကို မေကြးၿမိဳ႕ ျပည္သူ႔ေဆးရံုသို႔ ေန႔လည္ ၂ နာရီအခ်ိန္ခန္႔က ပို႔ေဆာင္ထား႐ွိခဲ့ေၾကာင္း သိရသည္။
အဆိုပါ ယာဥ္တိုက္မႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ ယာဥ္ေမာင္းျဖစ္သူမ်ားကို အမႈေရးဖြင့္ ေဆာင္ရြက္ႏိုင္ေရး စီစဥ္ေဆာင္ရြက္လွ်က္႐ွိေၾကာင္း သိရသည္။

- ေက်ာ္သက္ႏိုင္ - မင္းလွ(အကုန္သိသတင္းဌာန)

Unicode Version

 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ ညောင်လှနယ်မြေ ရဲစခန်းအပိုင်နယ်မြေအတွင်းရှိ ဒေါင်းနေတံတားအနီးတွင် ခရီသည်တင်ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိရာမှ ခရီးသည် ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မေလ ၁၇ ရက် နေ့လယ်၁နာရီခွဲ အချိန်တွင် မကွေး - ရေနံချောင်း ကားလမ်း ဒေါင်းနေတံတားအနီး မိုင်တိုင် (၃၄၆/၇) အနီးတွင် ရွှေမိတ်သစ်ခရီးသည်တင် မော်တော်ယာဉ်လိုင်းမှ မကွေးမြို့မှအပြန် မော်တော်ယာဉ်နှင့် မကွေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တို့ တိုက်မိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် မကွေးဘက်မှ ရေနံချောင်းဘက်သို့ မောင်းနှင်လာသည့် ရွှေမိတ်သစ် ခရီးသည်တင်ယာဉ်မှ အမျိုး သား တစ်ဦးသေဆုံးခဲ့ပြီး ရေနံချောင်းဘက်မှ မကွေးမြို့သို့ မောင်းနှင်လာသည့် ရွှေမိတ်သစ်မော်တော်ယာဉ် အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့သည်ဟု သိရသည်။
လက်ရှိတွင် မကွေးမြို့မှ လူနာတင်ယာဉ် (၃) စီး၊ ရေနံချောင်းမြို့မှ လူနာတင်ယာဉ်(၂)စီးတို့ဖြင့် ဒဏ်ရာရရှိသူများကို မကွေးမြို့ ပြည်သူ့ဆေးရုံသို့ နေ့လည် ၂ နာရီအချိန်ခန့်က ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သူများကို အမှုရေးဖွင့် ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

- ကျော်သက်နိုင် - မင်းလှ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။