Skip to main content
ငါး၊ ပုစြန္မ်ားကို ၾကက္၊ဘဲမ်ားႏွင့္အတူ ေမြးျမဴျခင္းကို တိုက္ဖ်က္သြားမည္ဟု ဆို
Ads Block

ငါး၊ ပုစြန္မ်ားကို ၾကက္၊ဘဲမ်ားႏွင့္အတူ ေမြးျမဴျခင္းကို တိုက္ဖ်က္သြားမည္ဟု ဆို

ငါး၊ ပုစြန္မ်ားကို ၾကက္၊ဘဲမ်ားႏွင့္အတူ ေမြးျမဴျခင္းကို တိုက္ဖ်က္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္မွ ဒုတိယဥကၠ႒ ေဒါက္တာတိုးနႏၵာတင္က ေျပာလိုက္သည္။ ၾကက္၊ ဘဲမ်ားျဖင့္ တစ္ေနရာတည္းယွဥ္တြဲေမြးျမဴထားသည့္ ငါး၊ ပုစြန္မ်ားကိုစားသံုးျခင္းသည္ ေဆးယဥ္ပါးေစၿပီး လူထံသို႔ပါကူးစက္ေစႏုိင္သျဖင့္ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။ “ၾကက္နဲ႔ ငါးေမြးတဲ့သူေတြ အကုန္လံုး ၾကက္နဲ႔တြဲေမြးတဲ့ငါးကိုစားျပပါ့မယ္ေျပာမယ္။ ဒါေဆးယဥ္သြားမွာ။ သူတုိ႔နားမလည္ဘူးလား။ ေဆးယဥ္တဲ့ဟာကဘယ္ေဆးမွ မတိုးေတာ့ဘူး။ သိဖို႔အေရးႀကီးတယ္။ ေမြးျမဴေရးလုပ္ငန္းအတြက္ အရမ္းအဟန္႔အတားျဖစ္တယ္။ အစားအစာေဘးကင္းလံုျခံဳမႈအတြက္ကို အဟန္႔အတားျဖစ္တဲ့အတြက္ ဘယ္သူနဲ႔ပဲတိုက္ရတိုက္ရတိုက္ၿပီးဖ်က္မယ္။ ဒီလုပ္ငန္းႀကီးကိုဖ်က္မယ္။ ဘာျဖစ္လို႔လဲဆိုရင္ လုပ္သင့္လုပ္ထုိက္တာေတြျဖစ္တဲ့အတြက္ေၾကာင့္ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္အေနနဲ႔ ဘယ္သူနဲ႔ပဲတုိက္ရ၊ တိုက္ရလုပ္သြားမယ္။ ကၽြန္မစကားအတုိင္းပဲလုပ္ပါ့မယ္လုိ႔ အကုန္လံုးလည္း ဝုိင္းဝန္းၿပီးေတာ့လုပ္ေပးပါ” ဟု ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္မွဒုတိယဥကၠ႒ ေဒါက္တာတိုးနႏၵာတင္က ေျပာသည္။ ေဆးယဥ္ပါးျခင္းျဖစ္ေစသည့္ ပိုးမႊားမ်ားသည္ ၾကက္၏ အစာအိမ္ အူလမ္းေၾကာင္းတြင္ ေနထုိင္က်က္စားသည့္ အတြက္ ၾကက္ႏွင့္ ငါး၊ ပုစြန္မ်ားကိုတြဲဖက္ေမြးျမဴျခင္းျဖင့္ အဆိုပါေရာဂါပိုးမႊားမ်ားကူးစက္ပ်ံ႕ပြားေစျခင္းေၾကာင့္ သီးျခားေမြးျမဴသင့္ေၾကာင္း သိရသည္။ “ၾကက္ရဲ႕ အူလမ္းေၾကာင္းမွာ Antipro Bionic Resistance ဆိုတဲ့ ေဆးယဥ္ပါးေစတဲ့ ပိုးက ၾကက္ရဲ႕ အူလမ္းေၾကာင္းမွာပဲသြားၿပီးျဖစ္ပါတယ္။ အူလမ္းေၾကာင္းကေနမစင္မွာဒီပိုးကပါသြားတယ္။ ပါသြားရင္ ေအာက္မွာငါးရွိရင္ ငါးကစားရင္ ငါးကေဆးယဥ္သြားပါတယ္။ အဲဒီငါးကိုလူကစားမိရင္ လူကိုပါကူးေစႏိုင္တယ္” ဟု ေမြးျမဴေရးသုေတသနပညာရွင္ ေဒါက္တာေဖတင္ကေျပာသည္။ ၾကက္၊ ဘဲ၊ ဝက္မ်ားျဖင့္ ငါး၊ ပုစြန္မ်ားတစ္ေနရာတည္းယွဥ္တြဲေမြးျမဴျခင္းကို ၂၀၁၀ ခုႏွစ္၌ တရုတ္ႏုိင္ငံတြင္ ဥပေဒတစ္ရပ္ထုတ္ျပန္ကာတင္းၾကပ္စြာတားျမစ္ခဲ့ေၾကာင္း သိရသည္။ ယင္းေနာက္ပိုင္း၌ ျမန္မာႏိုင္ငံအတြင္း ငါး၊ ပုစြန္ေမြးျမဴေရးကန္မ်ားေပၚတြင္ ၾကက္၊ ဘဲ၊ ဝက္မ်ာအတူတကြ ယဥ္တြဲေမြးျမဴျခင္းမ်ား ေနရာအႏွံ႔မ်ားျပားလာခဲ့ေၾကာင္း သိရသည္။

- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode Version

 

ငါး၊ ပုစွန်များကို ကြက်၊ဘဲများနှင့်အတူ မွေးမြူခြင်းကို တိုက်ဖျက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောလိုက်သည်။
ကြက်၊ ဘဲများဖြင့် တစ်နေရာတည်းယှဉ်တွဲမွေးမြူထားသည့် ငါး၊ ပုစွန်များကိုစားသုံးခြင်းသည် ဆေးယဉ်ပါးစေပြီး လူထံသို့ပါကူးစက်စေနိုင်သဖြင့် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
“ကြက်နဲ့ ငါးမွေးတဲ့သူတွေ အကုန်လုံး ကြက်နဲ့တွဲမွေးတဲ့ငါးကိုစားပြပါ့မယ်ပြောမယ်။ ဒါဆေးယဉ်သွားမှာ။ သူတို့နားမလည်ဘူးလား။ ဆေးယဉ်တဲ့ဟာကဘယ်ဆေးမှ မတိုးတော့ဘူး။ သိဖို့အရေးကြီးတယ်။ မွေးမြူရေးလုပ်ငန်းအတွက် အရမ်းအဟန့်အတားဖြစ်တယ်။ အစားအစာဘေးကင်းလုံခြုံမှုအတွက်ကို အဟန့်အတားဖြစ်တဲ့အတွက် ဘယ်သူနဲ့ပဲတိုက်ရတိုက်ရတိုက်ပြီးဖျက်မယ်။ ဒီလုပ်ငန်းကြီးကိုဖျက်မယ်။ ဘာဖြစ်လို့လဲဆိုရင် လုပ်သင့်လုပ်ထိုက်တာတွေဖြစ်တဲ့အတွက်ကြောင့် ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ ဘယ်သူနဲ့ပဲတိုက်ရ၊ တိုက်ရလုပ်သွားမယ်။ ကျွန်မစကားအတိုင်းပဲလုပ်ပါ့မယ်လို့ အကုန်လုံးလည်း ဝိုင်းဝန်းပြီးတော့လုပ်ပေးပါ” ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။
ဆေးယဉ်ပါးခြင်းဖြစ်စေသည့် ပိုးမွှားများသည် ကြက်၏ အစာအိမ် အူလမ်းကြောင်းတွင် နေထိုင်ကျက်စားသည့် အတွက် ကြက်နှင့် ငါး၊ ပုစွန်များကိုတွဲဖက်မွေးမြူခြင်းဖြင့် အဆိုပါရောဂါပိုးမွှားများကူးစက်ပျံ့ပွားစေခြင်းကြောင့် သီးခြားမွေးမြူသင့်ကြောင်း သိရသည်။
“ကြက်ရဲ့ အူလမ်းကြောင်းမှာ Antipro Bionic Resistance ဆိုတဲ့ ဆေးယဉ်ပါးစေတဲ့ ပိုးက ကြက်ရဲ့ အူလမ်းကြောင်းမှာပဲသွားပြီးဖြစ်ပါတယ်။ အူလမ်းကြောင်းကနေမစင်မှာဒီပိုးကပါသွားတယ်။ ပါသွားရင် အောက်မှာငါးရှိရင် ငါးကစားရင် ငါးကဆေးယဉ်သွားပါတယ်။ အဲဒီငါးကိုလူကစားမိရင် လူကိုပါကူးစေနိုင်တယ်” ဟု မွေးမြူရေးသုတေသနပညာရှင် ဒေါက်တာဖေတင်ကပြောသည်။
ကြက်၊ ဘဲ၊ ဝက်များဖြင့် ငါး၊ ပုစွန်များတစ်နေရာတည်းယှဉ်တွဲမွေးမြူခြင်းကို ၂၀၁၀ ခုနှစ်၌ တရုတ်နိုင်ငံတွင် ဥပဒေတစ်ရပ်ထုတ်ပြန်ကာတင်းကြပ်စွာတားမြစ်ခဲ့ကြောင်း သိရသည်။
ယင်းနောက်ပိုင်း၌ မြန်မာနိုင်ငံအတွင်း ငါး၊ ပုစွန်မွေးမြူရေးကန်များပေါ်တွင် ကြက်၊ ဘဲ၊ ဝက်မျာအတူတကွ ယဉ်တွဲမွေးမြူခြင်းများ နေရာအနှံ့များပြားလာခဲ့ကြောင်း သိရသည်။

- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။