Skip to main content
အင္စတာဂရမ္တြင္ ေသသင့္ မသင့္ ဆႏၵေကာက္ယူၿပီးေနာက္ မေလးရွားဆယ္ေက်ာ္သက္တစ္ဦး ကုိယ့္ကုိယ္ကုိယ္ သတ္ေသ
Ads Block

အင္စတာဂရမ္တြင္ ေသသင့္ မသင့္ ဆႏၵေကာက္ယူၿပီးေနာက္ မေလးရွားဆယ္ေက်ာ္သက္တစ္ဦး ကုိယ့္ကုိယ္ကုိယ္ သတ္ေသ

အင္စတာဂရမ္ လူမႈကြန္ရက္မွာ follower ေတြကုိ သူ ေသသင့္ မသင့္ မဲေပးဖုိ ့ ဆႏၵေကာက္ယူၿပီးေနာက္ ကုိယ့္ကုိယ္ကုိယ္ သတ္ေသသြားခဲ့တဲ့ ဆယ္ေက်ာ္သက္ မိန္းကေလးတစ္ဦးရဲ႕ ျဖစ္ရပ္အေပၚ စုံစမ္းစစ္ေဆးဖုိ ့ မေလးရွား ဥပေဒျပဳအမတ္ေတြက ေမလ ၁၅ ရက္ေန႔မွာ အာဏာပုိင္ေတြကုိ ေတာင္းဆုိလုိက္ပါတယ္။ အသက္ ၁၆ ႏွစ္ ရွိၿပီး အမည္ထုတ္ေဖာ္ေျပာၾကားျခင္းမရွိတဲ့ အဆိုပါမိန္းကေလးက “ အရမ္းအေရးႀကီးပါတယ္။ D သို႔မဟုတ္ L လား ငါ့ကိုကူေရြးေပးၾကပါဦး” ဆိုတဲ့စာနဲ႔အတူ အင္စတာဂရမ္မွာ ဆႏၵမဲေကာက္ယူခဲ့ၿပီး follower ၆၅% က D ကိုေရြးခ်ယ္ေပးခဲ့ၿပီးေနာက္ ေမလ ၁၃ရက္ေန႔မွာ အေဆာက္အဦ ေခါင္မိုးေပၚကေန ခုန္ခ် သတ္ေသသြားခဲ့ဲျခင္းျဖစ္ပါတယ္။ D/L ဆိုတာ Dead/Life (ေသရမလား ရွင္ရမလား)လုိ ့ဆုိလိုတာျဖစ္ေၾကာင္း သူရဲ႕သူငယ္ခ်င္းေတြဆီကေန သိရတယ္လို႔ တာ၀န္က်ရဲမွဴးခ်ဳပ္ Aidil Bolhassan ေျပာခဲ့ပါတယ္။ ပါလီမန္အမတ္လည္းျဖစ္ ေရွ႕ေနတစ္ေယာက္လည္းျဖစ္တဲ့ Ramkarpal Singh က သူေသဆံုးမႈမွာ vote ေပးတဲ့သူေတြမွာလည္း တာ၀န္မကင္းတာေၾကာင့္ အေျခအနေတြကို ေသခ်ာစံုစမ္းစစ္ေဆးဖို႔ အာဏာပိုင္ေတြကို ေျပာၾကားခဲ့ပါတယ္။ မေလးရွားႏိုင္ငံမွာ ေသေၾကာင္းႀကံစည္တဲ့ မည္သူမဆို ဥပေဒအရ ေထာင္ဒဏ္နွစ္၂၀ အထိက်ခံရမွာျဖစ္ၿပီး မေလးရွား လူငယ္ႏွင့္အားကစား၀န္ႀကီးဌာန စစ္တမ္းမ်ားအရ စိတ္ပိုင္းဆိုင္ရာ က်မ္းမာေရးျပသနာေၾကာင့္ လူငယ္ေတြၾကား ေသေၾကာင္းႀကံစည္မႈေတြျမင့္တက္ေနတာကုိ အေလးထားကိုင္တြယ္သင့္ေၾကာင္း တိုက္တြန္းထားပါတယ္။ အင္စတာဂရမ္သံုးစြဲသူေတြရဲ႕ လံုၿခံဳေရးအတြက္ မိမိကိုယ္ကို ထိခုိက္ေအာင္လုပ္မႈနဲ႔ ဆက္စပ္တဲ့ အေၾကာင္းအရာေတြနဲ႔ ပံုေတြကုိ ေဖေဖာ္၀ါရီလမွာ ပိတ္ပင္တားျမစ္ခဲ့ပါတယ္။ ၂၀၁၇ႏွစ္က ၿဗိတိန္ဆယ္ေက်ာ္သက္မိန္းကေလးတစ္ဦးလည္း မိဘေတြနဲ႔ အဆင္မေျပမႈကေန အင္စတာဂရမ္ေပၚက ကိုယ့္ကုိယ္ကုိယ္အျပစ္ေပးတဲ့ အေၾကာင္းအရာေတြကေန ေသေၾကာင္းႀကံဖို႔ တြန္းအားေပးသလို ျဖစ္ေစခဲ့ပါတယ္။

- ေမ (အကုန္သိ သတင္းဌာန)  | Ref : CNA

Unicode Version


အင်စတာဂရမ် လူမှုကွန်ရက်မှာ follower တွေကို သူ သေသင့် မသင့် မဲပေးဖို့ ဆန္ဒကောက်ယူပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ဦးရဲ့ ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးဖို့ မလေးရှား ဥပဒေပြုအမတ်တွေက မေလ ၁၅ ရက်နေ့မှာ အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။
အသက် ၁၆ နှစ် ရှိပြီး အမည်ထုတ်ဖော်ပြောကြားခြင်းမရှိတဲ့ အဆိုပါမိန်းကလေးက “ အရမ်းအရေးကြီးပါတယ်။ D သို့မဟုတ် L လား ငါ့ကိုကူရွေးပေးကြပါဦး” ဆိုတဲ့စာနဲ့အတူ အင်စတာဂရမ်မှာ ဆန္ဒမဲကောက်ယူခဲ့ပြီး follower ၆၅% က D ကိုရွေးချယ်ပေးခဲ့ပြီးနောက် မေလ ၁၃ရက်နေ့မှာ အဆောက်အဦ ခေါင်မိုးပေါ်ကနေ  ခုန်ချ သတ်သေသွားခဲ့ဲခြင်းဖြစ်ပါတယ်။
D/L ဆိုတာ Dead/Life (သေရမလား ရှင်ရမလား)လို့ဆိုလိုတာဖြစ်ကြောင်း သူရဲ့သူငယ်ချင်းတွေဆီကနေ သိရတယ်လို့ တာဝန်ကျရဲမှူးချုပ်  Aidil Bolhassan ပြောခဲ့ပါတယ်။
ပါလီမန်အမတ်လည်းဖြစ် ရှေ့နေတစ်ယောက်လည်းဖြစ်တဲ့ Ramkarpal Singh က သူသေဆုံးမှုမှာ vote ပေးတဲ့သူတွေမှာလည်း တာဝန်မကင်းတာကြောင့် အခြေအနတွေကို သေချာစုံစမ်းစစ်ဆေးဖို့ အာဏာပိုင်တွေကို ပြောကြားခဲ့ပါတယ်။
မလေးရှားနိုင်ငံမှာ သေကြောင်းကြံစည်တဲ့ မည်သူမဆို ဥပဒေအရ    ထောင်ဒဏ်နှစ်၂၀ အထိကျခံရမှာဖြစ်ပြီး မလေးရှား လူငယ်နှင့်အားကစားဝန်ကြီးဌာန စစ်တမ်းများအရ စိတ်ပိုင်းဆိုင်ရာ ကျမ်းမာရေးပြသနာကြောင့် လူငယ်တွေကြား သေကြောင်းကြံစည်မှုတွေမြင့်တက်နေတာကို အလေးထားကိုင်တွယ်သင့်ကြောင်း တိုက်တွန်းထားပါတယ်။
အင်စတာဂရမ်သုံးစွဲသူတွေရဲ့ လုံခြုံရေးအတွက် မိမိကိုယ်ကို ထိခိုက်အောင်လုပ်မှုနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေနဲ့ ပုံတွေကို ဖေဖော်ဝါရီလမှာ ပိတ်ပင်တားမြစ်ခဲ့ပါတယ်။
၂၀၁၇နှစ်က ဗြိတိန်ဆယ်ကျော်သက်မိန်းကလေးတစ်ဦးလည်း  မိဘတွေနဲ့ အဆင်မပြေမှုကနေ အင်စတာဂရမ်ပေါ်က ကိုယ့်ကိုယ်ကိုယ်အပြစ်ပေးတဲ့ အကြောင်းအရာတွေကနေ သေကြောင်းကြံဖို့ တွန်းအားပေးသလို ဖြစ်စေခဲ့ပါတယ်။


- မေ (အကုန်သိ သတင်းဌာန) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။