Skip to main content
လုပ္သက္ေက်ာ္လြန္ ထမ္းေဆာင္ခဲ့မိသည့္ ဆရာမႀကီး ျပန္သြင္းရမည့္ လစာမ်ားထဲမွ ပထမအႀကိမ္ ၆၈ သိန္းေက်ာ္ ျပန္လည္ ေပးသြင္းခဲ့
Ads Block

လုပ္သက္ေက်ာ္လြန္ ထမ္းေဆာင္ခဲ့မိသည့္ ဆရာမႀကီး ျပန္သြင္းရမည့္ လစာမ်ားထဲမွ ပထမအႀကိမ္ ၆၈ သိန္းေက်ာ္ ျပန္လည္ ေပးသြင္းခဲ့

လုပ္သက္ ၃ ႏွစ္ေက်ာ္ ပိုမုိတာဝန္ထမ္းေဆာင္ခဲ့သည္ဟုဆုိကာ ထုတ္ယူထားသည့္ လစာေငြမ်ားကို ျပန္လည္ေပးသြင္းရန္ ညႊန္ ၾကားခံခဲ့ရသည့္ ဆရာမႀကီးေဒၚမာမာျမင့္က လစာေငြ သိန္း ၆၀ ေက်ာ္ကို ႏုိင္ငံေတာ္သို႔ ေမလ ၁၆ ရက္တြင္ ျပန္လည္ေပးသြင္း ခဲ့ေၾကာင္း သိရသည္။ အမႈထမ္းသက္ ၃ ႏွစ္ေက်ာ္အတြက္ ထုတ္ယူထားသည့္ လစာေငြ ၇၈ သိန္းေက်ာ္အနက္မွ ၆၈ သိန္းေက်ာ္ေပးသြင္းခဲ့ၿပီး က်န္ ၁၀ သိန္းကိုလည္း ေပးသြင္းႏုိင္ရန္အတြက္ စာရင္းပိုင္းဆုိင္ရာ လုပ္ထံုးလုပ္နည္းမ်ားကို ၿမိဳ႕နယ္ပညာေရးမွဴးမွ စာရင္းရုံးသို႔ သြား ေရာက္ေမးျမန္းၿပီး ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ဆရာမႀကီး ေဒၚမာမာျမင့္ ကေျပာသည္။ “ စိတ္ထဲေပါ့သြားတာေပါ့။ ဆရာ ဆရာမရွားပါးေနတဲ့ အခ်ိန္မွာ ဆုိေတာ့ေလ။ ဆရာမတုိ႔ ေက်ာင္းမွာ တစ္ေယာက္ကို ႏွစ္ဘာ သာ သံုးဘာသာေလာက္ကို သင္ေနရတာ။ ဆရာမႀကီးရဲ႕ လုပ္အားခေတြ ဆံုးရႈံးတာေပါ့။ ဘယ္သူ႔ကို ေတာင္းရမွန္းလည္း မသိပါ ဘူး”ဟု ဆရာမႀကီးေဒၚမာမာျမင့္က ေျပာသည္။ ခ်မ္းေအးသာစံၿမိဳ႕နယ္ အမွတ္ ၁၂ အေျခခံပညာ အထက္တန္းေက်ာင္းတြင္ သင္ၾကားေရးေဆာင္ရြက္ေနသည့္ ဆရာမ ေဒၚမာ မာျမင့္သည္ ၂၀၁၅ ခုႏွစ္ ဇူလိုင္လအတြင္း သက္ျပည့္ပင္စင္ယူရမည္ျဖစ္ေသာ္လည္း ၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီ လကုန္အထိ တာ ဝန္ထမ္းေဆာင္ခဲ့သည့္အတြက္ ၃ ႏွစ္ေက်ာ္ ထုတ္ယူထားသည့္ လစာေငြမ်ား ျပန္လည္ေပးသြင္းရျခင္းျဖစ္ေၾကာင္း သိရ သည္။ ဆရာမႀကီး ျပန္လည္ေပးသြင္းရမည့္ ေငြက်ပ္ ၇၈ သိန္းကို တပ္မေတာ္ ၾကည္း၊ ေရ၊ ေလ မိသားစုက လွဴဒါန္းခဲ့ၿပီး အလွဴရွင္ တစ္ ဦးမွလည္း ေငြေၾကးအကူအညီေပးထားေၾကာင္း သိရသည္။ ဆရာမႀကီး ေဒၚမာမာျမင့္သည့္ မႏၱေလးတုိင္းေဒသႀကီး ခ်မ္းေအးသာစံၿမိဳ႕နယ္ အမွတ္ ၁၂ အေျခခံ အထက္တန္းေက်ာင္းတြင္ ၁၉၈၇ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီလ အထိ ၃၂ ႏွစ္ တာဝန္ထမ္း ေဆာင္ခဲ့သူျဖစ္ေၾကာင္း သိရသည္။

- ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

Unicode Version

 

လုပ်သက် ၃ နှစ်ကျော် ပိုမိုတာဝန်ထမ်းဆောင်ခဲ့သည်ဟုဆိုကာ ထုတ်ယူထားသည့် လစာငွေများကို ပြန်လည်ပေးသွင်းရန် ညွှန် ကြားခံခဲ့ရသည့် ဆရာမကြီးဒေါ်မာမာမြင့်က လစာငွေ သိန်း ၆၀ ကျော်ကို နိုင်ငံတော်သို့ မေလ ၁၆ ရက်တွင် ပြန်လည်ပေးသွင်း ခဲ့ကြောင်း သိရသည်။
အမှုထမ်းသက် ၃ နှစ်ကျော်အတွက် ထုတ်ယူထားသည့် လစာငွေ ၇၈ သိန်းကျော်အနက်မှ ၆၈ သိန်းကျော်ပေးသွင်းခဲ့ပြီး ကျန် ၁၀ သိန်းကိုလည်း ပေးသွင်းနိုင်ရန်အတွက် စာရင်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မြို့နယ်ပညာရေးမှူးမှ စာရင်းရုံးသို့ သွား ရောက်မေးမြန်းပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆရာမကြီး ဒေါ်မာမာမြင့် ကပြောသည်။
“ စိတ်ထဲပေါ့သွားတာပေါ့။ ဆရာ ဆရာမရှားပါးနေတဲ့ အချိန်မှာ ဆိုတော့လေ။ ဆရာမတို့ ကျောင်းမှာ တစ်ယောက်ကို နှစ်ဘာ သာ သုံးဘာသာလောက်ကို သင်နေရတာ။ ဆရာမကြီးရဲ့ လုပ်အားခတွေ ဆုံးရှုံးတာပေါ့။ ဘယ်သူ့ကို တောင်းရမှန်းလည်း မသိပါ ဘူး”ဟု ဆရာမကြီးဒေါ်မာမာမြင့်က ပြောသည်။
ချမ်းအေးသာစံမြို့နယ် အမှတ် ၁၂ အခြေခံပညာ အထက်တန်းကျောင်းတွင် သင်ကြားရေးဆောင်ရွက်နေသည့် ဆရာမ ဒေါ်မာ မာမြင့်သည် ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်း သက်ပြည့်ပင်စင်ယူရမည်ဖြစ်သော်လည်း ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီ လကုန်အထိ တာ ဝန်ထမ်းဆောင်ခဲ့သည့်အတွက် ၃ နှစ်ကျော် ထုတ်ယူထားသည့် လစာငွေများ ပြန်လည်ပေးသွင်းရခြင်းဖြစ်ကြောင်း သိရ သည်။
ဆရာမကြီး ပြန်လည်ပေးသွင်းရမည့် ငွေကျပ် ၇၈ သိန်းကို တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုက လှူဒါန်းခဲ့ပြီး အလှူရှင် တစ် ဦးမှလည်း ငွေကြေးအကူအညီပေးထားကြောင်း သိရသည်။
ဆရာမကြီး ဒေါ်မာမာမြင့်သည့် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် အမှတ် ၁၂ အခြေခံ အထက်တန်းကျောင်းတွင် ၁၉၈၇ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ အထိ ၃၂ နှစ် တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

- ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။