Skip to main content
မူလတန်းကျောင်းတွင် ဟိဂျဘ်ဝတ်ဆင်ခြင်းအား တားမြစ်သည့်ဥပဒေကို သြစတီးယား ပါလီမန် အတည်ပြု
Ads Block
မူလတန်းကျောင်းတွင် ဟိဂျဘ်ဝတ်ဆင်ခြင်းအား တားမြစ်သည့်ဥပဒေကို သြစတီးယား ပါလီမန် အတည်ပြု
မူလတန်းကျောင်းတွင် ဟိဂျဘ်ဝတ်ဆင်ခြင်းအား တားမြစ်သည့်ဥပဒေကို သြစတီးယား ပါလီမန် အတည်ပြု
ဒါပေမဲ့ ညွန့်ပေါင်းအစိုးရ ဗဟိုလက်ယာနဲ့လက်ယာစွန်း OeVP နဲ့ FPOe တို့ နှစ်ပါတီစလုံးမှ ကိုယ်စားလှယ်တွေကတော့ ၄င်းဥပဒေဟာ မွတ်စလင်များကို ဦးတည်ထားကြောင်း၊ ပန်ဂျာပီ ခေါင်းပေါင်းနဲ့ ဂျူး ကစ်ပါတို့ အကျုံးမဝင်ကြောင်း ရှင်းလင်းပြောကြားထားပါတယ်။
မူလတန်းကျောင်းတွင် ဟိဂျဘ်ဝတ်ဆင်ခြင်းအား တားမြစ်သည့်ဥပဒေကို သြစတီးယား ပါလီမန် အတည်ပြု
အတိုက်အခံ ပါလီမန်အဖွဲ့ဝင်တွေကတော့ ၄င်းဥပဒေကို ကန့်ကွက်မဲပေးခဲ့ကြပြီး အချို့ဆိုရင် လက်ရှိ အာဏာရအစိုးရဟာ ကလေးငယ်တို့ ကောင်းမွန်စွာနေရရေးထက် ကောင်းချီးသြဘာသံ ချူရေးကို ပိုအရေးစိုက်လွန်းနေကြောင်း ဝေဖန်ခဲ့ကြပါတယ်။
Unicode Version
သြစတြီးယား မူကြိုကျောင်းတွေမှာ ဟိဂျဘ်ဝတ်ဆင်ခြင်းကို တားမြစ်ပိတ်ပင်ရန် လက်ယာစွန်း အစိုးရအဖွဲ့က အဆိုတင်သွင်းခဲ့ရာ ပါလီမန်အဖွဲ့ဝင်များက မေလ ၁၅ ရက်နေ့မှာ အတည်ပြုပေး ခဲ့ကြပါတယ်။
၎င်းဥပဒေဟာ မွတ်စလင်များကို ခွဲခြားဖိနှိပ်ရန် ရေးဆွဲထားပေမယ့် ပြဿနာမတက်၊ တရားစွဲမခံရ စေရန် “ ဦးခေါင်းအား ဖုံးအုပ်သည့် အယူဝါဒဆိုင်ရာ သို့မဟုတ် ဘာသာရေးဆိုင်ရာ အဝတ်အထည် ” ဟု ယေဘုယျဆန်ဆန် ရေးသားထားပါတယ်။
ဒါပေမဲ့ ညွန့်ပေါင်းအစိုးရ ဗဟိုလက်ယာနဲ့လက်ယာစွန်း OeVP နဲ့ FPOe တို့ နှစ်ပါတီစလုံးမှ ကိုယ်စားလှယ်တွေကတော့ ၎င်းဥပဒေဟာ မွတ်စလင်များကို ဦးတည်ထားကြောင်း၊ ပန်ဂျာပီ ခေါင်းပေါင်းနဲ့ ဂျူး ကစ်ပါတို့ အကျုံးမဝင်ကြောင်း ရှင်းလင်းပြောကြားထားပါတယ်။
အတိုက်အခံ ပါလီမန်အဖွဲ့ဝင်တွေကတော့ ၎င်းဥပဒေကို ကန့်ကွက်မဲပေးခဲ့ကြပြီး အချို့ဆိုရင် လက်ရှိ အာဏာရအစိုးရဟာ ကလေးငယ်တို့ ကောင်းမွန်စွာနေရရေးထက် ကောင်းချီးသြဘာသံ ချူရေးကို ပိုအရေးစိုက်လွန်းနေကြောင်း ဝေဖန်ခဲ့ကြပါတယ်။
OeVP နဲ့ FPOe တို့ နှစ်ပါတီစလုံးဟာ ၂၀၁၇ ခုနှစ်ရွေးကောက်ပွဲအပြီးမှာ ညွန့်ပေါင်းအစိုးရ ဖွဲ့ခဲ့ ကြပါတယ်။ ၎င်းတို့ဟာ နိုင်ငံတွင်းမှာ အခြားယဉ်ကျေးမှုအသိုင်းအဝိုင်းများ စင်ပြိုင်ထူထောင် လာကြမယ့် ဘေးအန္တရာယ်ကို ပုံကြီးချဲ့သတိပေးတဲ့နည်းဖြင့် မဲဆွယ်ခဲ့တဲ့ပါတီတွေ ဖြစ်ကြပါတယ်။
- ZHO (အကုန်သိ သတင်းဌာန)  | (Ref : AFP)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။