Skip to main content
သူငယ္ခ်င္းျဖစ္သူရဲ႕ဇနီးနဲ ့အိပ္လုိေၾကာင္း ေျပာခဲ့တာေၾကာင့္ တစ္ႏုိင္ငံတည္းသားျဖစ္သူကုိ ေဒါသအေလ်ာက္သတ္မိခဲ့ဟု ထုိင္းေရာက္ ျမန္မာလုပ္သားေလးဦး ၀န္ခံ
Ads Block

သူငယ္ခ်င္းျဖစ္သူရဲ႕ဇနီးနဲ ့အိပ္လုိေၾကာင္း ေျပာခဲ့တာေၾကာင့္ တစ္ႏုိင္ငံတည္းသားျဖစ္သူကုိ ေဒါသအေလ်ာက္သတ္မိခဲ့ဟု ထုိင္းေရာက္ ျမန္မာလုပ္သားေလးဦး ၀န္ခံ

ထုိင္းႏုိင္ငံမွာ ျမန္မာလုပ္သား ေလးဦးက တစ္ႏုိင္ငံတည္းသားျဖစ္သူကုိ ဓါးနဲ ့ထုိးသတ္ခဲ့ျခင္းဟာ အသတ္ခံခဲ့ရသူက ၄င္း လုပ္သားေလးဦးထဲက တစ္ဦးရဲ႕ဇနီးနဲ ့ ဆက္ဆံလုိေၾကာင္း ေျပာခဲ့တာေၾကာင့္ ေဒါသထြက္ၿပီး က်ဴးလြန္မိခဲ့ျခင္းျဖစ္တယ္လုိ ့ ၀န္ခံခဲ့ေၾကာင္း သိရပါတယ္။

သူငယ္ခ်င္းျဖစ္သူရဲ႕ဇနီးနဲ ့အိပ္လုိေၾကာင္း ေျပာခဲ့တာေၾကာင့္ တစ္ႏုိင္ငံတည္းသားျဖစ္သူကုိ ေဒါသအေလ်ာက္သတ္မိခဲ့ဟု ထုိင္းေရာက္ ျမန္မာလုပ္သားေလးဦး ၀န္ခံ


လူသတ္မႈ သံသယရွိ ျမန္မာလုပ္သား သုံးဦးဟာ Kamphaeng phet ျပည္နယ္ ခေလာင္ခြန္ခရုိင္ရွိ ႀကံခင္းတစ္ခုမွာ ပုန္းေအာင္းေနေၾကာင္း သတင္းရခဲ့တာေၾကာင့္ ေမ ၁၅ ရက္ေန ့က ရဲတပ္ဖြဲ ့နဲ ့လ၀က ပူးေပါင္းအဖြဲ ့ေစလႊတ္ကာ ႀကံခင္းကုိ ၀ုိင္းၿပီး ဖမ္းဆီးေစခဲ့တယ္လုိ ့ ဖီခ်စ္ျပည္နယ္ရဲခ်ဳပ္ ရဲမွဴးခ်ဳပ္ သာ၀ပ္ခ်ဳိင္း ေမာ္နာရာက ေျပာဆုိပါတယ္။ ေနာက္ပုိင္းမွာ ရန္၊ ေခ်ာ၊ ေအာင္လုိ ့သာ အမည္ေဖာ္ျပထားတဲ့ ျမန္မာလုပ္သားသုံးဦးကုိ ႀကံခင္းထဲကေန ဖမ္းဆီးရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ ့၀င္တစ္ဦးက ေျပာဆုိပါတယ္။ ေမာပန္းႏြမ္းလ်ေနၾကတဲ့ လုပ္သားသုံးဦးကုိ ဖီခ်စ္ျပည္နယ္သုိ ့ ဖမ္းဆီးေခၚေဆာင္သြားခဲ့ကာ ေနာက္ပုိင္းမွာ စတုတၳေျမာက္ သံသယရွိ ျမန္မာလုပ္သား ဇူရင္ ဆုိသူကုိလည္း ဖမ္းမိခဲ့ပါတယ္။
စစ္ေဆးခ့ဲမႈအရ ေမလ ၁၀ ရက္ေန ့ ညေန ၅ နာရီခန္ ့ေလာက္က ဖီခ်စ္ျပည္နယ္ Noen Sawang ၿမိဳ ့နယ္ရွိ ႀကံစုိက္ခင္းမွာ အလုပ္လုပ္တဲ့ Umao Ou ကုိ သတ္ျဖတ္ခဲ့ေၾကာင္း ၄င္းတုိ ့ေလးဦးက ၀န္ခံခဲ့တယ္လုိ ့ သိရပါတယ္။ ေသဆုံးသူနဲ ့၄င္းတုိ ့ေလးဦးဟာ အလုပ္သမားေတြေနထုိင္တဲ့ ရပ္ကြက္မွာ အရက္အတူေသာက္ ခဲ့ၾကေၾကာင္း ျမန္မာလုပ္သားေတြက ထြက္ဆုိပါတယ္။ Umao Ou ဟာ အျခားသူေတြကုိ မၾကာခဏဆုိသလုိ ၿခိမ္းေျခာက္မႈေတြ လုပ္ေလ့ရွိကာ ဇူရင္ရဲ ့မိန္းမနဲ ့လိင္ဆက္ဆံခ်င္တယ္လုိ ့ ေျပာဆုိလာတာေၾကာင့္ သူတုိ ့ေတြ ေဒါသထြက္ခဲ့ရေၾကာင္း၊ ယင္းေနာက္ သူတုိ ့ေလးဦးဟာ သူ ့ကုိ ရုိက္ႏွက္ခဲ့ၿပီး ေဒါသအေလ်ာက္ ကက္ေၾကး ေတြနဲ ့ထုိးသတ္ခဲ့မိေၾကာင္း ထြက္ဆုိခဲ့တယ္လုိ ့ ရဲက ေျပာပါတယ္။ သတ္ၿပီးေနာက္ အေလာင္းကုိ လမ္းေဘး သစ္ပင္ေအာက္ထားခဲ့ကာ ကမ္ဖန္ဖက္ကုိ သူတုိ ့ျပန္လာခဲ့ၾကတာျဖစ္ေၾကာင္း သိရပါတယ္။
၄င္းတုိ ့ေလးဦးကို ဖီခ်စ္ျပည္နယ္ရဲစခန္းက ေမ ၁၆ ရက္ေန ့မွာ အမႈဖြင့္အေရးယူထားေၾကာင္း သိရပါတယ္။

-ကုိလင္း(အကုန္သိ သတင္းဌာန) | Ref : ဘန္ေကာက္ပုိ ့စ္

Unicode Version

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား လေးဦးက တစ်နိုင်ငံတည်းသားဖြစ်သူကို ဓါးနဲ့ထိုးသတ်ခဲ့ခြင်းဟာ အသတ်ခံခဲ့ရသူက ၎င်း လုပ်သားလေးဦးထဲက တစ်ဦးရဲ့ဇနီးနဲ့ ဆက်ဆံလိုကြောင်း ပြောခဲ့တာကြောင့် ဒေါသထွက်ပြီး ကျူးလွန်မိခဲ့ခြင်းဖြစ်တယ်လို့ ဝန်ခံခဲ့ကြောင်း သိရပါတယ်။
လူသတ်မှု သံသယရှိ မြန်မာလုပ်သား သုံးဦးဟာ Kamphaeng phet ပြည်နယ် ခလောင်ခွန်ခရိုင်ရှိ ကြံခင်းတစ်ခုမှာ ပုန်းအောင်းနေကြောင်း သတင်းရခဲ့တာကြောင့် မေ ၁၅ ရက်နေ့က ရဲတပ်ဖွဲ့နဲ့လဝက ပူးပေါင်းအဖွဲ့စေလွှတ်ကာ ကြံခင်းကို ဝိုင်းပြီး ဖမ်းဆီးစေခဲ့တယ်လို့ ဖီချစ်ပြည်နယ်ရဲချုပ် ရဲမှူးချုပ် သာဝပ်ချိုင်း မော်နာရာက ပြောဆိုပါတယ်။ နောက်ပိုင်းမှာ ရန်၊ ချော၊ အောင်လို့သာ အမည်ဖော်ပြထားတဲ့ မြန်မာလုပ်သားသုံးဦးကို ကြံခင်းထဲကနေ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုပါတယ်။ မောပန်းနွမ်းလျနေကြတဲ့ လုပ်သားသုံးဦးကို ဖီချစ်ပြည်နယ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ နောက်ပိုင်းမှာ စတုတ္ထမြောက် သံသယရှိ မြန်မာလုပ်သား ဇူရင် ဆိုသူကိုလည်း ဖမ်းမိခဲ့ပါတယ်။
စစ်ဆေးခဲ့မှုအရ မေလ ၁၀ ရက်နေ့ ညနေ ၅ နာရီခန့်လောက်က ဖီချစ်ပြည်နယ် Noen Sawang မြို့နယ်ရှိ ကြံစိုက်ခင်းမှာ အလုပ်လုပ်တဲ့ Umao Ou ကို သတ်ဖြတ်ခဲ့ကြောင်း ၎င်းတို့လေးဦးက ဝန်ခံခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူနဲ့၎င်းတို့လေးဦးဟာ အလုပ်သမားတွေနေထိုင်တဲ့ ရပ်ကွက်မှာ အရက်အတူသောက် ခဲ့ကြကြောင်း မြန်မာလုပ်သားတွေက ထွက်ဆိုပါတယ်။ Umao Ou ဟာ အခြားသူတွေကို မကြာခဏဆိုသလို ခြိမ်းခြောက်မှုတွေ လုပ်လေ့ရှိကာ ဇူရင်ရဲ့မိန်းမနဲ့လိင်ဆက်ဆံချင်တယ်လို့ ပြောဆိုလာတာကြောင့် သူတို့တွေ ဒေါသထွက်ခဲ့ရကြောင်း၊ ယင်းနောက် သူတို့လေးဦးဟာ သူ့ကို ရိုက်နှက်ခဲ့ပြီး ဒေါသအလျောက် ကက်ကြေး တွေနဲ့ထိုးသတ်ခဲ့မိကြောင်း ထွက်ဆိုခဲ့တယ်လို့ ရဲက ပြောပါတယ်။ သတ်ပြီးနောက် အလောင်းကို လမ်းဘေး သစ်ပင်အောက်ထားခဲ့ကာ ကမ်ဖန်ဖက်ကို သူတို့ပြန်လာခဲ့ကြတာဖြစ်ကြောင်း သိရပါတယ်။
၎င်းတို့လေးဦးကို ဖီချစ်ပြည်နယ်ရဲစခန်းက မေ ၁၆ ရက်နေ့မှာ အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။

- ကိုလင်း(အကုန်သိ သတင်းဌာန) | Ref : ဘန်ကောက်ပို့စ်

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။