Skip to main content
ကိုယ့္ကိုယ္ကိုယ္ ေသနတ္ျဖင့္ပစ္ခတ္အဆုံးစီရင္ခဲ့သည္ဟုယူဆရေသာ ရဲအုပ္လင္မယား ၂ ဦး၏ အေလာင္းမ်ား ေတြ႔ရွိရ
Ads Block

ကိုယ့္ကိုယ္ကိုယ္ ေသနတ္ျဖင့္ပစ္ခတ္အဆုံးစီရင္ခဲ့သည္ဟုယူဆရေသာ ရဲအုပ္လင္မယား ၂ ဦး၏ အေလာင္းမ်ား ေတြ႔ရွိရ

မိတီၳလာၿမိဳ႕မရဲစခန္းဝန္းအတြင္းရွိ ရဲလိုင္းခန္းတစ္ခန္းတြင္ မိမိကိုယ္ကို ေသနတ္ျဖင့္ပစ္ခတ္ အဆုံးစီရင္ခဲ့သည္ဟုယူဆရေသာ ရဲအုပ္လင္မယား ၂ ဦး၏ အေလာင္းမ်ားအား ေတြ႔ရွိခဲ့ေၾကာင္း သိရသည္။ ျဖစ္စဥ္မွာ မႏၱေလးတိုင္းေဒသႀကီး၊ မိတီၳလာၿမိဳ႕မရဲစခန္းဝန္းအတြင္းေန ရဲအုပ္ေအာင္ႏိုင္ထြန္းဆိုသူသည္ ေမလ ၁၆ ရက္၊ နံနက္ပိုင္းက ဇနီးျဖစ္သူႏွင့္အတူ ၎ေနထိုင္ရာလိုင္းခန္းအတြင္း မိမိကိုယ္ကို ေသနတ္ျဖင့္ ပစ္ခတ္ အဆုံးစီရင္ခဲ့သည္ဟု ကနဦးယူဆရေသာ ေသဆုံးေနမႈကို ေတြ႔ရွိခဲ့ေၾကာင္း မိတီၳလာၿမိဳ႕မရဲစခန္းမွ သိရသည္။ “ျဖစ္တာကေတာ့ သူ႔လိုင္းခန္းထဲမွာပဲျဖစ္တာပါ။ ေလာေလာဆယ္ ကနဦးအရေပါ့။ သူတို႔လင္မယား သူတို႔ကို သူတို႔ ေသနတ္နဲ႔ ပစ္ခတ္သတ္ေသသြားတယ္လို႔ ယူဆရတဲ့အေနအထားမ်ဳိးနဲ႔ ေသဆုံးသြားတယ္ေတာ့ ၾကားရတာပဲ။ ဒါကိုလည္း အတည္ျပဳလို႔မရေသးဘူး” ဟု မိတီၳလာၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။ အဆိုပါေသဆုံးသြားသူ ရဲအုပ္ေအာင္ႏိုင္ထြန္းဆိုသူသည္ မိတၳီလာခရိုင္ရဲတပ္ဖြဲ႕မွဴးရံုးတြင္ တာဝန္ထမ္းေဆာင္ ေနသူျဖစ္ၿပီး ၎တို႔လင္မယား ၂ ဦး၏ ခႏၶာကိုယ္တြင္ ေသနတ္ဒဏ္ရာမ်ားရရွိကာ ေသဆုံးေနသည္ကို ေတြ႔ရေၾကာင္း သိရသည္။ လက္ရွိတြင္ CID ရဲတပ္ဖြဲ႔ႏွင့္ သက္ဆိုင္ရာတာဝန္ရွိသူမ်ား လာေရာက္၍ စစ္ေဆးစုံစမ္းေနေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)

Unicode Version

 

မိတ္ထီလာမြို့မရဲစခန်းဝန်းအတွင်းရှိ ရဲလိုင်းခန်းတစ်ခန်းတွင် မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ခတ် အဆုံးစီရင်ခဲ့သည်ဟုယူဆရသော ရဲအုပ်လင်မယား ၂ ဦး၏ အလောင်းများအား တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့မရဲစခန်းဝန်းအတွင်းနေ ရဲအုပ်အောင်နိုင်ထွန်းဆိုသူသည် မေလ ၁၆ ရက်၊ နံနက်ပိုင်းက ဇနီးဖြစ်သူနှင့်အတူ ၎င်းနေထိုင်ရာလိုင်းခန်းအတွင်း မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ် အဆုံးစီရင်ခဲ့သည်ဟု ကနဦးယူဆရသော သေဆုံးနေမှုကို တွေ့ရှိခဲ့ကြောင်း မိတ္ထီလာမြို့မရဲစခန်းမှ သိရသည်။
“ဖြစ်တာကတော့ သူ့လိုင်းခန်းထဲမှာပဲဖြစ်တာပါ။ လောလောဆယ် ကနဦးအရပေါ့။ သူတို့လင်မယား သူတို့ကို သူတို့ သေနတ်နဲ့ ပစ်ခတ်သတ်သေသွားတယ်လို့ ယူဆရတဲ့အနေအထားမျိုးနဲ့ သေဆုံးသွားတယ်တော့ ကြားရတာပဲ။ ဒါကိုလည်း အတည်ပြုလို့မရသေးဘူး” ဟု မိတ္ထီလာမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
အဆိုပါသေဆုံးသွားသူ ရဲအုပ်အောင်နိုင်ထွန်းဆိုသူသည် မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ထမ်းဆောင် နေသူဖြစ်ပြီး ၎င်းတို့လင်မယား ၂ ဦး၏ ခန္ဓာကိုယ်တွင် သေနတ်ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။
လက်ရှိတွင် CID ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လာရောက်၍ စစ်ဆေးစုံစမ်းနေကြောင်း သိရသည်။

- နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။