Skip to main content
ဂဏန္းနွင့္ လူမ်ားတင္ေဆာင္လာသည့္ (၆) ဘီးယာဥ္ တစ္စီးလမ္းေဘးမွ ထေနာင္ပင္ကို ဝင္တိုက္ရာမွ (၃)ဦး ေသဆံုး
Ads Block

ဂဏန္းနွင့္ လူမ်ားတင္ေဆာင္လာသည့္ (၆) ဘီးယာဥ္ တစ္စီးလမ္းေဘးမွ ထေနာင္ပင္ကို ဝင္တိုက္ရာမွ (၃)ဦး ေသဆံုး


မေကြးတိုင္းေဒသႀကီး မင္းဘူးၿမိဳ႕နယ္ မင္းဘူး - အမ္းလမ္း မိုင္တိုင္(၈/၂)အနီး ဆင္ေခါင္းေက်းရြာႏွင့္ ဇီးအိုင္ရြာၾကားတြင္(၆)ဘီးယာဥ္တစ္စီး လမ္းေဘးထေနာင္းပင္အား ဝင္ေရာက္တိုက္မိရာမွ လူ ၃ဦးေသဆံုးခဲ့ေၾကာင္း သိရသည္။

ဂဏန္းနွင့္ လူမ်ားတင္ေဆာင္လာသည့္ (၆) ဘီးယာဥ္ တစ္စီးလမ္းေဘးမွ ထေနာင္ပင္ကို ဝင္တိုက္ရာမွ (၃)ဦး ေသဆံုး


 ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ တပ္ေတာင္ၿမိဳ႕မွ ဂဏန္းတင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္သည္ ေမလ ၁၆ ရက္ နံနက္ ၆ နာရီခြဲအခ်ိန္က လမ္းေဘးထေနာင္းပင္ကို ၀င္တိုက္မိခဲ့ျခင္း ျဖစ္ၿပီး ယာဥ္ေပၚတြင္ အမ်ိဳးသား(၄)ဦး၊ အမ်ိဳးသမီးတစ္ဦးလိုက္ ပါလာျခင္း ျဖစ္ေၾကာင္း သိရသည္။
မင္းဘူးၿမိဳ႕နယ္ ဆင္ေခါင္းေက်းရြာအေနာက္ဘက္ မိုင္တိုင္(၈/၂)အနီးသို႔ အေရာက္တြင္ ေမာ္ေတာ္ယာဥ္မွာ ဝဲဘက္ယာဥ္ေၾကာ လမ္းပခံုး႐ွိ ထေနာင္းပင္အား ဝင္ေရာက္တိုက္မိခဲ့ျခင္း ျဖစ္ၿပီး ယာဥ္ေမာင္း ေအာင္မင္းသူမွာ ထြက္ေျပးတိမ္းေ႐ွာင္သြားခဲ့ေၾကာင္း သိရသည္။

ဂဏန္းနွင့္ လူမ်ားတင္ေဆာင္လာသည့္ (၆) ဘီးယာဥ္ တစ္စီးလမ္းေဘးမွ ထေနာင္ပင္ကို ဝင္တိုက္ရာမွ (၃)ဦး ေသဆံုး


"ထေနာင္းပင္ကို ေရာက္တိုက္မိတဲ့ အ႐ွိန္နဲ႔ ယာဥ္ေပၚတြင္ လိုက္ပါလာသူ အမ္းၿမိဳ႕နယ္ တပ္ေတာင္ၿမိဳ႕ အမွတ္(၂)ရပ္ကြက္မွဦးေမာင္လွေအး(၃၅)ႏွစ္၊ မခင္ျမင့္ဝင္း(၃၅)ႏွစ္ႏွင့္ ေမာင္စိုးဝင္သန္းတို႔မွာ ထိခိုက္ေပါက္ၿပဲ က်ိဳးပဲ့ဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ေနရာ တြင္ ေသဆံုးသြားခဲ့ၾကပါတယ္" ဟု စကုနယ္ေျမရဲစခန္းမွ တာဝန္႐ွိသူတစ္ဦးက ဆိုသည္။
မႏၲေလးတိုင္း ပုလိပ္ၿမိဳ႕၊ ဆည္ရြာမွ မ်ိဳးညီညီ(၁၆)ႏွစ္ႏွင့္ အမ္းၿမိဳ႕နယ္ ေလယာဥ္ကြင္းရပ္ ေနထိုင္သူ စိုးမင္းႏိုင္(၄၀)ႏွစ္တို႔မွာ မစိုးရိမ္ရေသာ ထိခိုက္ ေပါက္ၿပဲဒဏ္ရာမ်ားျဖင့္ စကုၿမိဳ႕ေဆးရံုတြင္ ေဆးကုသမႈခံယူလွ်က္႐ွိေၾကာင္း သိရသည္။
ျဖစ္စဥ္ေၾကာင့္ ထြက္ေျပးတိမ္းေ႐ွာင္သြားသူ ယာဥ္ေမာင္း ေအာင္မင္းသူ(ခ)ပုတူကို စကုနယ္ေျမရဲစခန္းမွ ပအမွတ္ ယာဥ္(ပ) ၁၉/၂၀၁၉ ရာဇသတ္ႀကီး ပုဒ္မ ၃၀၄-က/၃၃၇ ျဖင့္ အမႈ ေရးဖြင့္ေဆာင္ရြက္ထားလွ်က္႐ွိၿပီး ဒုရဲအုပ္ ႏိုင္ႏိုင္ထြန္းက အမႈကိုစစ္ေဆးေဆာင္ရြက္လွ်က္ ထြက္ေျပးတိမ္းေ႐ွာင္သြားသူကို ဖမ္းဆီးရမိေရးေဆာင္ရြက္လွ်က္႐ွိ ေၾကာင္း သိရသည္။

- ေက်ာ္သက္ႏိုင္ - မင္းလွ(အကုန္သိသတင္းဌာန)

Unicode Version


မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မင်းဘူး - အမ်းလမ်း မိုင်တိုင်(၈/၂)အနီး ဆင်ခေါင်းကျေးရွာနှင့် ဇီးအိုင်ရွာကြားတွင်(၆)ဘီးယာဉ်တစ်စီး လမ်းဘေးထနောင်းပင်အား ဝင်ရောက်တိုက်မိရာမှ လူ ၃ဦးသေဆုံးခဲ့ကြောင်း သိရသည်။
 ရခိုင်ပြည်နယ် အမ်းမြို့နယ် တပ်တောင်မြို့မှ ဂဏန်းတင်ဆောင်လာသည့် မော်တော်ယာဉ်သည် မေလ ၁၆ ရက် နံနက် ၆ နာရီခွဲအချိန်က လမ်းဘေးထနောင်းပင်ကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်ပြီး ယာဉ်ပေါ်တွင် အမျိုးသား(၄)ဦး၊ အမျိုးသမီးတစ်ဦးလိုက် ပါလာခြင်း ဖြစ်ကြောင်း သိရသည်။
မင်းဘူးမြို့နယ် ဆင်ခေါင်းကျေးရွာအနောက်ဘက် မိုင်တိုင်(၈/၂)အနီးသို့ အရောက်တွင် မော်တော်ယာဉ်မှာ ဝဲဘက်ယာဉ်ကြော လမ်းပခုံးရှိ ထနောင်းပင်အား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ပြီး ယာဉ်မောင်း အောင်မင်းသူမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။
"ထနောင်းပင်ကို ရောက်တိုက်မိတဲ့ အရှိန်နဲ့ ယာဉ်ပေါ်တွင် လိုက်ပါလာသူ အမ်းမြို့နယ် တပ်တောင်မြို့ အမှတ်(၂)ရပ်ကွက်မှဦးမောင်လှအေး(၃၅)နှစ်၊ မခင်မြင့်ဝင်း(၃၅)နှစ်နှင့် မောင်စိုးဝင်သန်းတို့မှာ ထိခိုက်ပေါက်ပြဲ ကျိုးပဲ့ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ တွင် သေဆုံးသွားခဲ့ကြပါတယ်" ဟု စကုနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မန္တလေးတိုင်း ပုလိပ်မြို့၊ ဆည်ရွာမှ မျိုးညီညီ(၁၆)နှစ်နှင့် အမ်းမြို့နယ် လေယာဉ်ကွင်းရပ် နေထိုင်သူ စိုးမင်းနိုင်(၄၀)နှစ်တို့မှာ မစိုးရိမ်ရသော ထိခိုက် ပေါက်ပြဲဒဏ်ရာများဖြင့် စကုမြို့ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်း အောင်မင်းသူ(ခ)ပုတူကို စကုနယ်မြေရဲစခန်းမှ ပအမှတ် ယာဉ်(ပ) ၁၉/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှု ရေးဖွင့်ဆောင်ရွက်ထားလျှက်ရှိပြီး ဒုရဲအုပ် နိုင်နိုင်ထွန်းက အမှုကိုစစ်ဆေးဆောင်ရွက်လျှက် ထွက်ပြေးတိမ်းရှောင်သွားသူကို ဖမ်းဆီးရမိရေးဆောင်ရွက်လျှက်ရှိ ကြောင်း သိရသည်။

- ကျော်သက်နိုင် - မင်းလှ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။