Skip to main content
တစ္ႏုိင္ငံတည္းသား လုပ္ေဖာ္ကိုင္ဖက္အား သတ္ျဖတ္မႈျဖင့္ ျမန္မာလုပ္သား သံုးဦး ထုိင္းမွာ အဖမ္းခံရ
Ads Block

တစ္ႏုိင္ငံတည္းသား လုပ္ေဖာ္ကိုင္ဖက္အား သတ္ျဖတ္မႈျဖင့္ ျမန္မာလုပ္သား သံုးဦး ထုိင္းမွာ အဖမ္းခံရ

ၿပီးခဲ့တဲ့ သီတင္းပတ္က Phichit ျပည္နယ္မွာ တစ္ႏုိင္ငံတည္းသား လုပ္ေဖာ္ကုိင္ဖက္တစ္ဦးကုိ သတ္ျဖတ္မႈ စြပ္စြဲခ်က္နဲ ့ Kamphaeng Phet ေဒသမွာ ျမန္မာလုပ္သားသုံးဦးကုိ ထုိင္းရဲက ဗုဒၶဟူးေန ့မွာ ဖမ္ဆီးခဲ့ေၾကာင္း သိရပါတယ္။
၄င္းတို႔သံုးေယာက္ဟာ Khlong Khlung ခရုိင္ Tambon Wang Yang အရပ္က ႀကံခင္းထဲမွာ ပုန္းေနတာ ျဖစ္ေၾကာင္း ရြာသားေတြက သတင္းေပးခဲ့တာျဖစ္တယ္လုိ ့ Phichit ရဲခ်ဳပ္ Thawatchai Muannara က ေျပာဆုိခဲ့ပါတယ္။
ရန္, ခ်မ္း, ေအာင္ လို႔သာ အမည္ေဖာ္ျပတဲ့ အဆိုပါ ျမန္မာလုပ္သားသံုးဦးကုိ Pho Prathap Chang ရဲစခန္းသို႔ ဖမ္းဆီးေခၚေဆာင္စစ္ေဆးခဲ့ကာ ေမ ၁၁ ရက္ေန ့က တစ္ႏုိင္ငံတည္းသား ဦးေမာ္ ၄၀ ႏွစ္ကို Phichit ျပည္နယ္ Pho Prathap Chang ခရုိင္ ႀကံခင္းထဲမွာ သတ္ျဖတ္ခဲ့မႈနဲ ့ စြဲခ်က္တင္ခဲ့ေၾကာင္း သိရပါတယ္။  
ႀကံခင္းပိုင္ရွင္ Udom ၆၉ ႏွစ္က ၄င္းမွာ အလုပ္သမားေလးေယာက္ရွိၿပီး ၄င္းတို႔ကိုလစာထုတ္ေပးလိုက္ၿပီး ေနာက္ ေလးေယာက္အတူ အရက္သြားေသာက္ခဲ့ၾကေၾကာင္း၊ ေနာက္ေန ့မနက္္ ႀကံခင္းထဲမွာ ဦးေမာ္ အေလာင္းကိုေတြ႔ခဲ့ေၾကာင္းနဲ ့ အျခားသုံးေယာက္ကေတာ့ ေပ်ာက္ေနခဲ့ဲေၾကာင္း ေျပာဆုိခဲ့တယ္လုိ ့ သိရပါတယ္။

- ေမ (အကုန္သိ သတင္းဌာန)  | Ref : The Nation

Unicode Version

 

ပြီးခဲ့တဲ့ သီတင်းပတ်က Phichit ပြည်နယ်မှာ တစ်နိုင်ငံတည်းသား လုပ်ဖော်ကိုင်ဖက်တစ်ဦးကို သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ Kamphaeng Phet ဒေသမှာ မြန်မာလုပ်သားသုံးဦးကို ထိုင်းရဲက ဗုဒ္ဓဟူးနေ့မှာ ဖမ်ဆီးခဲ့ကြောင်း သိရပါတယ်။
၎င်းတို့သုံးယောက်ဟာ Khlong Khlung ခရိုင် Tambon Wang Yang အရပ်က ကြံခင်းထဲမှာ ပုန်းနေတာ ဖြစ်ကြောင်း ရွာသားတွေက သတင်းပေးခဲ့တာဖြစ်တယ်လို့ Phichit ရဲချုပ် Thawatchai Muannara က ပြောဆိုခဲ့ပါတယ်။
ရန်, ချမ်း, အောင် လို့သာ အမည်ဖော်ပြတဲ့ အဆိုပါ မြန်မာလုပ်သားသုံးဦးကို Pho Prathap Chang ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်စစ်ဆေးခဲ့ကာ မေ ၁၁ ရက်နေ့က တစ်နိုင်ငံတည်းသား ဦးမော် ၄၀ နှစ်ကို Phichit ပြည်နယ် Pho Prathap Chang ခရိုင် ကြံခင်းထဲမှာ သတ်ဖြတ်ခဲ့မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း သိရပါတယ်။  
ကြံခင်းပိုင်ရှင် Udom ၆၉ နှစ်က ၎င်းမှာ အလုပ်သမားလေးယောက်ရှိပြီး ၎င်းတို့ကိုလစာထုတ်ပေးလိုက်ပြီး နောက် လေးယောက်အတူ အရက်သွားသောက်ခဲ့ကြကြောင်း၊ နောက်နေ့မနက် ကြံခင်းထဲမှာ ဦးမော် အလောင်းကိုတွေ့ခဲ့ကြောင်းနဲ့ အခြားသုံးယောက်ကတော့ ပျောက်နေခဲ့ဲကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

- မေ (အကုန်သိ သတင်းဌာန) | Ref : The Nation

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။