Skip to main content
အစိုးရအေနျဖင့္ ျပည္သူလူထု၏ ၀င္ေငြကို ယခင္ထက္မနိမ့္ေအာင္ ဦးစားေပးလုပ္ေဆာင္သင့္ဟုဆို
Ads Block

အစိုးရအေနျဖင့္ ျပည္သူလူထု၏ ၀င္ေငြကို ယခင္ထက္မနိမ့္ေအာင္ ဦးစားေပးလုပ္ေဆာင္သင့္ဟုဆို



ျပည္သူလူထု၏ ၀င္ေငြကို ယခင္ကထက္ မနိမ့္ေစရန္ႏွင့္ ယခင္ကုန္က် စရိတ္ထက္ မျမင့္ေအာင္ အစုိးရအေနျဖင့္ ဦးစားေပး လုပ္ေဆာင္ရမည္ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ဒု၀န္ႀကီးေဟာင္း ေဒါက္တာပြင့္ဆန္းမွ အႀကံျပဳ ေျပာၾကားသည္။

အစိုးရအေနျဖင့္ ျပည္သူလူထု၏ ၀င္ေငြကို ယခင္ထက္မနိမ့္ေအာင္ ဦးစားေပးလုပ္ေဆာင္သင့္ဟုဆို


ေမလ ၁၄ ရက္ရန္ကုန္ၿမဳိ႕ ဂႏၶမာဟုိးေဆးတြင္ က်င္းပေသာ စိမ္းလန္းေရႊျပည္ စာေပၿပဳိင္ပြဲ ဆုခ်ီးျမွင့္ေပးအပ္ပြဲ အခမ္းအနားတြင္ အကုန္သိသတင္းဌာန၏ ေမးျမန္းမႈအား စီးပြားကူးသန္း ဒု၀န္ႀကီးေဟာင္း ေဒါက္တာပြင့္ဆန္းက ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
“ပထမအပုိင္းက စီးပြားေရးတည္ၿငိမ္မႈ အပုိင္းေပါ့။ စီးပြားေရး တည္ၿငိမ္မႈရွိေအာင္ လုပ္ရမွာကေတာ့ အမ်ားႀကီးေပါ့။ ဒါေပမဲ့ အထူးသျဖင့္ နံပါတ္(၁) အေရးႀကီးတာ ယေန႔ ျပည္သူလူထု စား၀တ္ေနေရးဘ၀ေတြ ဒါေတြကုိ အရင္ထက္ မနိမ့္ေအာင္ ၊အ ရင္တုန္းက ၀င္ေငြထက္ မနိမ့္ေအာင္၊  အရင္တုန္းက ကုန္က်စရိတ္ေတြ မျမင့္ေအာင္ ဒါေတြကုိ ဦးစားေပးၿပီး အရင္လုပ္ရမွာ။ ဒါေတြတည္ၿငိမ္လာၿပီဆုိမွ တုိးတက္မႈအပုိင္းကိုေရွးရႈလုပ္ရမွာေပါ့” ဟု ေဒါက္တာပြင့္ဆန္းက ေျပာသည္။
ျမန္မာ့စီးပြားေရးေစာင့္ၾကည့္အစီရင္ခံျခင္း MEM အရ ျမန္မာႏုိင္ငံ၏ စီးပြားေရးအေျခ အေနအမွန္ GDP တုိးတက္နႈန္းမွာ ၂၀၁၆ /၁၇ တြင္ ၅ ဒသမ ၉ ရာခုိင္နႈန္းရွိခဲ့ရာမွ ၂၀၁၇ /၂၀၁၈ တြင္ က႑အသီးသီး၏ အေျခအေနျမင့္တက္လာမႈေၾကာင့္ ၆ ဒသမ၄ ရာခုိင္နႈန္းသုိ႔ ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။
၂၀၁၈/၂၀၁၉ တြင္လည္း ၆ ဒသမ ၈ ရာခုိင္နႈန္းျဖင့္ ဆက္လက္ေကာင္းမြန္ေနမည္ဟု ခန္႔မွန္းထားၿပီး အျခားေသာ စီးပြားေရး ဆုိင္ရာ ညႊန္းကိန္းမ်ားလည္း တုိးတက္လာလိမ့္မည္ဟု ဆုိသည္။
သုိ႔ေသာ္ စိန္ေခၚမႈႏွင့္ အႏၱရာယ္မ်ားလည္း ရွိေနၿပီး ကမၻာလုံးဆုိင္ရာ ကုန္သြယ္ေရးႏွင့္ ကုန္ေစ်းနႈန္း မတည္ၿငိမ္မႈတုိ႔ကိုလည္း သတိျပဳရမည္ဟု ဆုိထားသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version



ပြည်သူလူထု၏ ဝင်ငွေကို ယခင်ကထက် မနိမ့်စေရန်နှင့် ယခင်ကုန်ကျ စရိတ်ထက် မမြင့်အောင် အစိုးရအနေဖြင့် ဦးစားပေး လုပ်ဆောင်ရမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီးဟောင်း ဒေါက်တာပွင့်ဆန်းမှ အကြံပြု ပြောကြားသည်။
မေလ ၁၄ ရက်ရန်ကုန်မြို့ ဂန္ဓမာဟိုးဆေးတွင် ကျင်းပသော စိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားတွင် အကုန်သိသတင်းဌာန၏ မေးမြန်းမှုအား စီးပွားကူးသန်း ဒုဝန်ကြီးဟောင်း ဒေါက်တာပွင့်ဆန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ပထမအပိုင်းက စီးပွားရေးတည်ငြိမ်မှု အပိုင်းပေါ့။ စီးပွားရေး တည်ငြိမ်မှုရှိအောင် လုပ်ရမှာကတော့ အများကြီးပေါ့။ ဒါပေမဲ့ အထူးသဖြင့် နံပါတ်(၁) အရေးကြီးတာ ယနေ့ ပြည်သူလူထု စားဝတ်နေရေးဘဝတွေ ဒါတွေကို အရင်ထက် မနိမ့်အောင် ၊အ ရင်တုန်းက ဝင်ငွေထက် မနိမ့်အောင်၊  အရင်တုန်းက ကုန်ကျစရိတ်တွေ မမြင့်အောင် ဒါတွေကို ဦးစားပေးပြီး အရင်လုပ်ရမှာ။ ဒါတွေတည်ငြိမ်လာပြီဆိုမှ တိုးတက်မှုအပိုင်းကိုရှေးရှုလုပ်ရမှာပေါ့” ဟု ဒေါက်တာပွင့်ဆန်းက ပြောသည်။
မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံခြင်း MEM အရ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေ အနေအမှန် GDP တိုးတက်နှုန်းမှာ ၂၀၁၆ /၁၇ တွင် ၅ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၇ /၂၀၁၈ တွင် ကဏ္ဍအသီးသီး၏ အခြေအနေမြင့်တက်လာမှုကြောင့် ၆ ဒသမ၄ ရာခိုင်နှုန်းသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
၂၀၁၈/၂၀၁၉ တွင်လည်း ၆ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ဆက်လက်ကောင်းမွန်နေမည်ဟု ခန့်မှန်းထားပြီး အခြားသော စီးပွားရေး ဆိုင်ရာ ညွှန်းကိန်းများလည်း တိုးတက်လာလိမ့်မည်ဟု ဆိုသည်။
သို့သော် စိန်ခေါ်မှုနှင့် အန္တရာယ်များလည်း ရှိနေပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးနှင့် ကုန်ဈေးနှုန်း မတည်ငြိမ်မှုတို့ကိုလည်း သတိပြုရမည်ဟု ဆိုထားသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။