Skip to main content
တန္ဖုိးႀကီး ပရိေဘာဂေတြ ေနပူလွန္းခဲ့ေသာေၾကာင့္ ေဆာ္ဒီသူေဌးက ဖိလစ္ပုိင္ အိမ္အကူအား သစ္ပင္မွာႀကိဳးတုပ္ ေနပူလွန္း
Ads Block

တန္ဖုိးႀကီး ပရိေဘာဂေတြ ေနပူလွန္းခဲ့ေသာေၾကာင့္ ေဆာ္ဒီသူေဌးက ဖိလစ္ပုိင္ အိမ္အကူအား သစ္ပင္မွာႀကိဳးတုပ္ ေနပူလွန္း


ေဆာ္ဒီအာေရဗ်ႏုိင္ငံမွာ အိမ္ရွင္ ေဆာ္ဒီသူေဌးရဲ႕တန္ဖုိးႀကီး အိမ္ေထာင္ပရိေဘာဂအခ်ဳိ ့ကုိ ေနပူမွာ ထားခဲ့တာေၾကာင့္ဆုိကာ ဖိလစ္ပုိင္ အိမ္အကူအမ်ဳိးသမီးတစ္ဦး သစ္ပင္မွာ ႀကိဳးတုပ္ ေနပူလွန္း အျပစ္ေပး ခံခဲ့ရေၾကာင္း သိရပါတယ္။

တန္ဖုိးႀကီး ပရိေဘာဂေတြ ေနပူလွန္းခဲ့ေသာေၾကာင့္ ေဆာ္ဒီသူေဌးက ဖိလစ္ပုိင္ အိမ္အကူအား သစ္ပင္မွာႀကိဳးတုပ္ ေနပူလွန္း


ပရိေဘာဂပစၥည္းေတြ ေနပူမွာ ထားခဲ့တဲ့အတြက္ အသက္ ၂၆ ႏွစ္အရြယ္ ဖိလစ္ပုိင္သူ လပ္ဗေလ အေကာ့စတာ ဘာရူလုိ အား ျပစ္ဒဏ္အေနနဲ ့ ပန္းၿခံထဲက ေနပူေခါင္ေခါင္မွာ ေနလွန္းခံခဲ့ရတာျဖစ္ပါတယ္။ ေမလ ၉ ရက္ေန ့က လပ္ဗေလရဲ႕လက္ေတြ၊ ေျခေထာက္ေတြကုိ သစ္ပင္နဲ ့တြဲခ်ည္ကာ ေနပူလွန္းခံရတဲ့ ထိတ္လန္ ့ဖြယ္ျဖစ္ရပ္ကုိ သူရဲ႕လုပ္ေဖာ္ကုိင္ဖက္တစ္ဦးက ဓါတ္ပုံရုိက္ထားခဲ့တာျဖစ္ပါတယ္။ ေဆာ္ဒီသူေဌးမိသားစုဟာ သူတုိ ့ရဲ႕တန္ဖုိးႀကီး ပရိေဘာဂေတြ ေနပူေၾကာင့္ အေရာင္ျပယ္၊ ပ်က္စီးမႈျဖစ္မွာကုိ စုိးရိမ္ပူပန္ခဲ့ဖြယ္ရွိပါတယ္။

တန္ဖုိးႀကီး ပရိေဘာဂေတြ ေနပူလွန္းခဲ့ေသာေၾကာင့္ ေဆာ္ဒီသူေဌးက ဖိလစ္ပုိင္ အိမ္အကူအား သစ္ပင္မွာႀကိဳးတုပ္ ေနပူလွန္း


ဖိလစ္ပုိင္ ႏုိင္ငံျခားေရးရာဌာနက ယခုျဖစ္ရပ္ကုိ စုံစမ္းသိရွိခဲ့ကာ ညွင္းပန္းႏွိပ္စက္ခံခဲ့ရတဲ့ ကေလးႏွစ္ေယာက္မိခင္ လပ္ဗေလ အား ဖိလစ္ပုိင္ႏုိင္ငံရွိ မိသားစုဆီ ခ်က္ခ်င္း ျပန္ဖုိ ့ ကူညီေပးခဲ့ေၾကာင္း ဆုိခဲ့ပါတယ္။ ေမ ၉ ရက္ေန ့ ည ၉ နာရီေလာက္မွာ လပ္ဗေလ ဟာ ေဆာ္ဒီကေန ဖိလစ္ပုိင္သုိ ့ ျပန္ေရာက္ ခဲ့ေၾကာင္း ႏုိင္ငံျခားေရးရာ ဌာန DFA က ျပည္ပဖိလစ္ပုိင္အလုပ္သမားေရးရာအဖြဲ ့သုိ ့ အေၾကာင္းၾကား ခဲ့တယ္လုိ ့ DFA ေျပာေရးဆုိခြင့္ရွိသူတစ္ဦးက ေျပာဆုိခ့ဲပါတယ္။
လပ္ဗေလရဲ႕ထမင္းခ်က္အကူလုိ ့ဆုိတဲ့ အမ်ဳိးသမီးတစ္ဦးကလည္း သူ႔အတြက္ အကူအညီေပးဖုိ ့ ေမတၱာရပ္ခံခဲ့ေၾကာင္း သိရကာ သူတုိ ့အိမ္ရွင္ဟာ အမွားနည္းနည္းလုပ္မိရင္ေတာင္ သူတုိ ့အေပၚ အနာတရ ျဖစ္ေအာင္လုပ္ေၾကာင္း ဆုိခဲ့ပါတယ္။

- ကုိလင္း (အကုန္သိ သတင္းဌာန) | Ref :  The Sun

 

Unicode Version


ဆော်ဒီအာရေဗျနိုင်ငံမှာ အိမ်ရှင် ဆော်ဒီသူဌေးရဲ့တန်ဖိုးကြီး အိမ်ထောင်ပရိဘောဂအချို့ကို နေပူမှာ ထားခဲ့တာကြောင့်ဆိုကာ ဖိလစ်ပိုင် အိမ်အကူအမျိုးသမီးတစ်ဦး သစ်ပင်မှာ ကြိုးတုပ် နေပူလှန်း အပြစ်ပေး ခံခဲ့ရကြောင်း သိရပါတယ်။
ပရိဘောဂပစ္စည်းတွေ နေပူမှာ ထားခဲ့တဲ့အတွက် အသက် ၂၆ နှစ်အရွယ် ဖိလစ်ပိုင်သူ လပ်ဗလေ အကော့စတာ ဘာရူလို အား ပြစ်ဒဏ်အနေနဲ့ ပန်းခြံထဲက နေပူခေါင်ခေါင်မှာ နေလှန်းခံခဲ့ရတာဖြစ်ပါတယ်။ မေလ ၉ ရက်နေ့က လပ်ဗလေရဲ့လက်တွေ၊ ခြေထောက်တွေကို သစ်ပင်နဲ့တွဲချည်ကာ နေပူလှန်းခံရတဲ့ ထိတ်လန့်ဖွယ်ဖြစ်ရပ်ကို သူရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးက ဓါတ်ပုံရိုက်ထားခဲ့တာဖြစ်ပါတယ်။ ဆော်ဒီသူဌေးမိသားစုဟာ သူတို့ရဲ့တန်ဖိုးကြီး ပရိဘောဂတွေ နေပူကြောင့် အရောင်ပြယ်၊ ပျက်စီးမှုဖြစ်မှာကို စိုးရိမ်ပူပန်ခဲ့ဖွယ်ရှိပါတယ်။
ဖိလစ်ပိုင် နိုင်ငံခြားရေးရာဌာနက ယခုဖြစ်ရပ်ကို စုံစမ်းသိရှိခဲ့ကာ ညှင်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ကလေးနှစ်ယောက်မိခင် လပ်ဗလေ အား ဖိလစ်ပိုင်နိုင်ငံရှိ မိသားစုဆီ ချက်ချင်း ပြန်ဖို့ ကူညီပေးခဲ့ကြောင်း ဆိုခဲ့ပါတယ်။ မေ ၉ ရက်နေ့ ည ၉ နာရီလောက်မှာ လပ်ဗလေ ဟာ ဆော်ဒီကနေ ဖိလစ်ပိုင်သို့ ပြန်ရောက် ခဲ့ကြောင်း နိုင်ငံခြားရေးရာ ဌာန DFA က ပြည်ပဖိလစ်ပိုင်အလုပ်သမားရေးရာအဖွဲ့သို့ အကြောင်းကြား ခဲ့တယ်လို့ DFA ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။
လပ်ဗလေရဲ့ထမင်းချက်အကူလို့ဆိုတဲ့ အမျိုးသမီးတစ်ဦးကလည်း သူ့အတွက် အကူအညီပေးဖို့ မေတ္တာရပ်ခံခဲ့ကြောင်း သိရကာ သူတို့အိမ်ရှင်ဟာ အမှားနည်းနည်းလုပ်မိရင်တောင် သူတို့အပေါ် အနာတရ ဖြစ်အောင်လုပ်ကြောင်း ဆိုခဲ့ပါတယ်။

- ကိုလင်း (အကုန်သိ သတင်းဌာန) | Ref : The Sun

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။