Skip to main content
သက္ငယ္မုဒိမ္းမႈျဖစ္တယ္ဆိုတဲ့သတင္းေတြၾကားရင္ မခံစားႏိုင္ဘူးဆိုတဲ့ အိၿႏၵာေက်ာ္ဇင္
Ads Block

သက္ငယ္မုဒိမ္းမႈျဖစ္တယ္ဆိုတဲ့သတင္းေတြၾကားရင္ မခံစားႏိုင္ဘူးဆိုတဲ့ အိၿႏၵာေက်ာ္ဇင္


သက္ငယ္မုဒိမ္းမႈေတြမျဖစ္ေစဖုိ႔ တင္းတင္းၾကပ္ၾကပ္နဲ႔ ထိထိေရာက္ေရာက္တားဆီးေပးဖို႔လိုအပ္တယ္လို႔ ထပ္ဆင့္အကယ္ဒမီအိၿႏၵာေက်ာ္ဇင္က ေျပာလာပါတယ္။ 
Junction City ရုပ္ရွင္ရံုမွာ ေမလ ၁၁ ရက္ညပိုင္းက ဟစ္တိုင္ရုပ္ရွင္အထူးပြဲျပသခဲ့တဲ့ပြဲမွာ အခုလိုပဲ ေျပာခဲ့တာ ျဖစ္ပါတယ္။ 

သက္ငယ္မုဒိမ္းမႈျဖစ္တယ္ဆိုတဲ့သတင္းေတြၾကားရင္ မခံစားႏိုင္ဘူးဆိုတဲ့ အိၿႏၵာေက်ာ္ဇင္


“ သက္ငယ္မုဒိမ္းမႈျဖစ္တယ္ဆိုတဲ့သတင္းေတြၾကားရင္ကိုမခံစားနိုင္တာ။ အဲဒီလိုသတင္းတက္လာၿပီဆိုရင္ သတင္းကိုဖတ္ဖို႔ေနေနသာသာ ဆက္ၿပီးေတာ့ကိုမဖတ္ခ်င္ေတာ့တာ။ စိတ္ထဲကလည္းမသိခ်င္ေတာ့တာ။ ဒါမ်ိဳးေတြကလူစိတ္မရွိတဲ့ လူမ်ိဳးေတြလုပ္တဲ့အျပဳအမူမ်ိဳးေတြ၊ ဒီလိုလူမ်ိဳးေတြကိုေတာ့ ထိထိေရာက္ေရာက္ တားဆီးေပးေစခ်င္တယ္။ ေနာက္မလုပ္မိေအာင္ တင္းတင္းၾကပ္ၾကပ္ ထိထိေရာက္ေရာက္ တားဆီးေပးဖို႔ အတြက္ေတာ့ တိုက္တြန္းခ်င္တယ္” လို႔ အိၿႏၵာေက်ာ္ဇင္က ေျပာပါတယ္။ 
သူမပါ၀င္သရုပ္ေဆာင္ထားတဲ့ ဟစ္တိုင္ရုပ္ရွင္ဟာ သက္ငယ္မုဒိမ္းမႈပေပ်ာက္ေရးအတြက္ အဓိက တိုက္တြန္းထားတဲ့ ပညာေပးဇာတ္ကားျဖစ္ပါတယ္။
ဒီဇာတ္ကားကိုၾကည့္ရႈသူေတြအေနနဲ႔ ကိုယ့္ရဲ႕သမီးေလးေတြကို သားေကာင္တစ္ေကာင္လိုေစာင့္ၾကည့္ေနတဲ့ မုဆိုးေတြရွိတယ္ဆိုတာဂရုျပဳမိၿပီး လက္လြတ္စပယ္မထားသင့္ပါလားဆိုတဲ့အေတြးရရင္ပဲေက်နပ္ပါတယ္လို႔ အိၿႏၵာေက်ာ္ဇင္က ဆက္ေျပာပါတယ္။ 
ဟစ္တိုင္ရုပ္ရွင္ကို လာမယ့္ ေမလ ၁၆ ရက္ေန႔မွာ ျမန္မာတစ္ႏိုင္ငံလံုးကရုပ္ရွင္ရံုေတြမွာ ရံုတင္ျပသသြားမွာ ျဖစ္ၿပီး စင္ကာပူနိုင္ငံမွာပါ တစ္ခ်ိန္တည္းရံုတင္ျပသသြားမွာျဖစ္ပါတယ္။

- အိျဖဴသိမ့္ (အကုန္သိသတင္းဌာန)

Unicode Version


သက်ငယ်မုဒိမ်းမှုတွေမဖြစ်စေဖို့ တင်းတင်းကြပ်ကြပ်နဲ့ ထိထိရောက်ရောက်တားဆီးပေးဖို့လိုအပ်တယ်လို့ ထပ်ဆင့်အကယ်ဒမီအိန္ဒြာကျော်ဇင်က ပြောလာပါတယ်။ 
Junction City ရုပ်ရှင်ရုံမှာ မေလ ၁၁ ရက်ညပိုင်းက ဟစ်တိုင်ရုပ်ရှင်အထူးပွဲပြသခဲ့တဲ့ပွဲမှာ အခုလိုပဲ ပြောခဲ့တာ ဖြစ်ပါတယ်။ 
“ သက်ငယ်မုဒိမ်းမှုဖြစ်တယ်ဆိုတဲ့သတင်းတွေကြားရင်ကိုမခံစားနိုင်တာ။ အဲဒီလိုသတင်းတက်လာပြီဆိုရင် သတင်းကိုဖတ်ဖို့နေနေသာသာ ဆက်ပြီးတော့ကိုမဖတ်ချင်တော့တာ။ စိတ်ထဲကလည်းမသိချင်တော့တာ။ ဒါမျိုးတွေကလူစိတ်မရှိတဲ့ လူမျိုးတွေလုပ်တဲ့အပြုအမူမျိုးတွေ၊ ဒီလိုလူမျိုးတွေကိုတော့ ထိထိရောက်ရောက် တားဆီးပေးစေချင်တယ်။ နောက်မလုပ်မိအောင် တင်းတင်းကြပ်ကြပ် ထိထိရောက်ရောက် တားဆီးပေးဖို့ အတွက်တော့ တိုက်တွန်းချင်တယ်” လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။ 
သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဟစ်တိုင်ရုပ်ရှင်ဟာ သက်ငယ်မုဒိမ်းမှုပပျောက်ရေးအတွက် အဓိက တိုက်တွန်းထားတဲ့ ပညာပေးဇာတ်ကားဖြစ်ပါတယ်။
ဒီဇာတ်ကားကိုကြည့်ရှုသူတွေအနေနဲ့ ကိုယ့်ရဲ့သမီးလေးတွေကို သားကောင်တစ်ကောင်လိုစောင့်ကြည့်နေတဲ့ မုဆိုးတွေရှိတယ်ဆိုတာဂရုပြုမိပြီး လက်လွတ်စပယ်မထားသင့်ပါလားဆိုတဲ့အတွေးရရင်ပဲကျေနပ်ပါတယ်လို့ အိန္ဒြာကျော်ဇင်က ဆက်ပြောပါတယ်။ 
ဟစ်တိုင်ရုပ်ရှင်ကို လာမယ့် မေလ ၁၆ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးကရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာ ဖြစ်ပြီး စင်ကာပူနိုင်ငံမှာပါ တစ်ချိန်တည်းရုံတင်ပြသသွားမှာဖြစ်ပါတယ်။
 

- အိဖြူသိမ့် (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။